New Artical

ဘာသာရှိ ဘာသာမဲ့ (၂)



ဘာသာရှိ ဘာသာမဲ့ (၂)

ဘာသာရွိ၊ ဘာသာမဲ့နဲ့ ဘာသာလွတ်လူသားတို့အကြောင်း (၂)

ဘာသာရေးနဲ့ နိုင်ငံရေး နှစ်ပင်လိမ်

ဘာသာရေးငြင်းခုန်မှုတွေက လေကိုဖမ်း၊ ဝါးတန်းချည်ရုံလာက်ဆိုရင်တော့ အပျင်းပြေ ငြင်းခုန်မှုသက်သက်လောက်ပဲ ဖြစ်မယ်။ ဒါပေမယ့် သမိုင်းကြောင်း

အထောက်အထားတွေအရ ဘာသာရေးဟာ မိမိအဖွဲ့အစည်း ခိုင်မာစွာရပ်တည်နိုင်ဖို့အတွက် နိုင်ငံရေးအာဏာတွေကို ချဉ်းကပ်သိမ်းသွင်းနိုင်ဖို့ ကြိုးစားခဲ့ကြတာချည်းပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ် ပေါ်ပေါ်ထင်ထင်ပဲဖြစ်ဖြစ် မိမိတို့ဘာသာတရားဖက်က အသာစီးရဖို့အတွက် လုပ်ဆောင်ခဲ့ကြပါတယ်။ အလားတူပဲ နိုင်ငံရေးနယ်ပယ် မှာလည်း မိမိရဲ့နိုင်ငံရေး အာဏာရရှိမှုအတွက် ဘာသာရေးကို ချဉ်းကပ်အသုံးချခဲ့ကြတယ်။ ဘာသာရေးဗန်းပြပြီး လူမ်ားစုကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအခါမွာ ဘာသာရေးနဲ့ နိုင်ငံရေးတွေဟာ နှစ်ပင်လိမ်ကြိုးလိုဖြစ်ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် အကျိုးလိုလို့ညောင်ရေလောင်း လုပ်ကြတော့တာပါပဲ။ အဲဒီအခါမွာ ပဋိပက္ခတွေက ကြီးမားလာတတ်ပြီး အစွန်းဆုံးအခြေအနေမှာ လက်နက်ကိုင်ပဋိပက္ခတွေအထိ ရှုပ်ထွေး သွားတတ်ပါတယ်။



တကယ်တော့လည်း ဘာသာရေးအရ အမြင်မတူမှုသက် သက်ကြောင့် ခိုက်ရန်ဖြစ်ပွားရတယ်ဆိုတာ အသေးအဖွဲလောက် သာ ဖြစ်တယ်။ ဘာသာရေးအမြင်မှန်သမျှဟာ အုပ်စုအခြေပြု အတ္တနောမတိအမြင်တွေဖြစ်လို့ ကိုယ်သန်ရာကိုယ်မြင်၊ ကိုယ်ထင်ရာကိုယ်မှန်တတ်ကြတာ သဘာဝပါ။ ဒါပေမယ့် ဒီအယူ အဆတွေကို အခြေခံပြီးရပ်တည် ရှင်သန်ကြီးထွားနေရတဲ့ ဘာသာရေးအင်စတီကျူးရှင်းတွေအတွက်တော့ ဒါတွေဟာ အကျိုး စီးပွားနဲ့ဆိုင်တဲ့ကိစ္စတွေလို့ မြင်လာပါတယ်။ ယုံကြည်သူတွေထံက ရုပ်ပိုင်း၊ စိတ်ပိုင်း အထောက်အပံ့တွေမရရှိရင် ဘာသာ ရေးအင်စတီကျူးရှင်းတွေရဲ့ တည်ရှိမှုဟာ အခြိမ်းခြောက်ခံလာ ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဘာသာရေးဟာ နိုင်ငံရေး အာဏာအမာတွေကို တည်ဆောက်လာရတဲ့ သာဓကေတြ သမိုင်းမှာ မ်ားစြာရွိတာ တွေ့ရပါတယ်။


ဒီနေရာမှာ ထပ်ဖြည့်စွက်ပြောစရာ တစ်ခုရှိတယ်။ ဘာသာရှိသူတွေဟာ မိမိနဲ့ဘာသာခြားနေတဲ့သူတွေအပေါ် ခွဲခြားရှုမြင်တာတင်မကပါဘူး။ မိမိနဲ့ဘာသာတူပေမယ့် ဂိုဏ်းဂဏမတူတဲ့ သူတွေအပေါ်မှာလည်း မေတ္တာနည်းတတ်ပါတယ်။ ရှင်းရှင်းပြောရရင် မိမိဘာသာတရားကို တိုးတက်အောင်မြင် ကြီးထွားစေချင်တယ်လို့ဆိုရာမှာ မိမိလက်ခံယုံကြည်တဲ့ ဂိုဏ်းတစ်ခုခုကိုပဲ သစ္စာ တရားတံဆိပ်ကပ်ပြီးတော့ တိုးတက်အောင်မြင်ကြီးထွားစေချင်တာပဲ ဖြစ်တယ်။ ဘာသာတူဂိုဏ်းကွဲသူတွေအပေါ်မှာတော့ နိုင်ငံရေးအာဏာနဲ့ ဖိနှိပ်ထားချင်ဆဲပါပဲ။ မပြည့်စုံသူတွေ၊ မသန့်စင်သူတွေ၊ လမ်းလွဲလိုက်သူတွေ၊ နိမ့်ကျသူတွေအနေနဲ့ မြင်နေဆဲပါပဲ။


ဘာသာမဲ့သူတို့အကြောင်း


ဒီလို ဘာသာရှိသူတွေရဲ့ ငြင်းခုန်ပွဲထဲကို နောက်ထပ် ဆွေးနွေး သူ အမျိုးအစားသစ်တစ်မျိုး ဝင်ရောက်လာခဲ့ပါတယ်။ သူတို့က တော့ ဘာသာမဲ့လို့ မိမိကိုယ္ကို ခံယူထားကြသူတွေပါ။ သူတို့ လူစုကတော့လူအရေအတွက်နည်းပေမယ့် တော်တော်လေး ပြင်းပြင်းထန်ထန်

ဝေဖန်ဆွေးနွေးနိုင်သူတွေလည်း ဖြစ်တယ်။ သမိုင်းပညာ၊ ဒဿနပညာနဲ့ သိပ္ပံပညာရှုထောင့်တွေကနေပြီး ဘာသာတရားတွေကို ထိုးနှက်ဝေဖန်မှုတွေ ပြုကြတယ်။ ဆန်းစစ်ချက်တွေ ထုတ်ကြတယ်။ ရဲတင်းထက်မြက်တဲ့ လူငယ်တွေပါပဲ။ ဒီအခါမွာ ဆွေးနွေးငြင်းခုန်မှုတွေက သုံးပွင့်ဆိုင်လိုဖြစ်ပြီးတာ့ ပိုလို့ အသက်ဝင်လှုပ်ရှားလာပါတော့တယ်။


မြန်မာနိုင်ငံမှာ ဘာသာမ့ဲလိို့ဆိုလိုက်ရင် ကွန်မြူနစ်ဝါဒီ ဒါမှမဟုတ် ဖြစ်တည်မှုပဓာနဝါဒီစတဲ့

အမည်တွေပဲ တပ်ကြတယ်။ တကယ်တော့ ကွန်မြူနစ်ဝါဒီ၊ ဖြစ်တည်မှုပဓာနဝါဒီတွေဟာ ဘာသာမဲ့တွေလို့ ပြောနိုင်သော်လည်း ဘာသာမဲ့သူတိုင်းဟာ ကွန်မြူနစ်ဝါဒီ၊ ဖြစ်တည်မှုပဓာနဝါဒီတွေတော့ မဟုတ်ကြပါဘူး။ ဘာသာမဲ့တဲ့ပုံစံ အမျိုးမျိုးရှိနေလို့ပါပဲ။ လောကီဝါဒ(Secularism)ဟာလည်း ဘာသာမဲ့အတွေးအခေါ် တစ်မျိုးပါပဲ။

နိုင်ငံတကာမှာတော့ ဘာသာမဲ့တွေ တစ်နည်းအားဖြင့် သဘာဝတၴဝါဒီတွေကို Brighs တွေလို့ အနွတ္တသညာနဲ့ ခေါ်ဝေါ်ကြတယ်။


ဘာသာမဲ့တွေရဲ့ အခြေခံတူညီတဲ့ အတွေးအမြင်တွေကို အနှစ်ချုပ်လိုက်ရင် အောက်ပါအတိုင်းတွေ့ရပါတယ်။

(၁)ဘာသာတရားတွေ၊ ဘာသာရေးအင်စတီကျူးရှင်တွေရဲ့ အ မိန့်အာဏာ မွန္သမွ်ကို ငြင်းပယ်တယ်။

(၂)ဘာသာတရားတွေက လက်ခံထားတဲ့ ဓမ္မကျမ်းစာတွေရဲ့ အကြွင်းမဲ့မှန်ကန်မှုကို ငြင်းပယ်တယ်။

(၃)ဒီလောကအပြင် အခြားသော နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ပမာဏ (Transcendental, Spiritual Dimension)ရဲ့ မှန်ကန်မှုကို ငြင်းပယ်တယ်။

(၄)လူသားနဲ့ ပတ်ဝန်းကျင ်သဘာဝလောကကြီးတစ်ခုလုံးရဲ့ ဖြစ်ရပ်တွေကို သဘာဝအခြေပြုနည်း (Naturalistic Explanation)နဲ့ ရှင်းပြနိုင်တယ်လို့ခံယူတယ်။ ဘုရားသခင် တန်ခိုးတော်၊ ကမ္မသတ္တိ စတာတွေ လက်မခံ ပါဘူး။ လူသားရဲ့ ပြဿနာတွေကို လူသားရဲ့ ပကတိဉာဏ်သက်သက်နဲ့ ဖြေရှင်းနိုင်တယ်လို့ မြင်ပါတယ်။

(၅)လူသားရဲ့ သဘာဝကို ဘာသာရေးနည်းသုံးပြီး တစ်မျိုးတစ်ဖုံ ဖြစ်အောင် ပြောင်းလဲပစ်တာကို ငြင်းပယ်တယ်။

(၆)လက်တွေ့လေ့လာစမ်းသပ်မှုနဲ့ ယုတ္တိနည်းကျ ဆင်ခြင်မှုသက်သက်နဲ့ပဲ အမှန်တရားတွေကို ရှာဖွေတယ်။ ကျမ်းဂန် အကိုးအကားနဲ့ ယုံကြည်သက်ဝင်မှုကို လက်မခံပါဘူး။

(၇)မွေးဖွားချိန်မှ သေဆုံးချိန်အထိ ကာလကိုပဲ လူသားအတွက် အရေးပါတဲ့ဘဝအဖြစ် ခံယူတယ်။ ဒါပေမယ့် မျိုးဆက်အလိုက် လူ့အသိပညာတွေ ရွေ့လျှားစီးဆင်းပြီးတော့ အသိဥာဏ္တရား ရဲ့ ဆင့်ကဲတိုးတက်မှုကို လက်ခံတယ်။

(၈)ဘာသာတရားတွေရဲ့ သဘာဝလွန်ဖြစ်ရပ်တွေ အလွန်အကဲ တန်ခိုးသတ္တိတွေကို ဒဏ္႑ာရီဘာသာစကားအဖြစ်ပဲ မြင်တယ်။

(၉)လူ့ဘဝရဲ့ အနက်အဓိပ္ပာယ်နဲ့ ပန်းတိုင်ကို လက်ရှိပစ္စုပ္ပန်ဘဝရဲ့ အကန့်အသတ်ဘောင်ထဲမှာပဲ မိမိရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ရှာဖွေရမယ်လို့ မြင်ပါတယ်

(၁ဝ) ဘာသာတရားတွေဟာ ခေတ်ဟောင်းကာလ လူ့ယဉ်ကျေးမှုရဲ့ အကြွင်းအကျန်တွေလို့ မြင်တယ်။ ဘာသာတရားတွေရဲ့နေရာကို သိပ္ပံပညာ၊ ဒဿနပညာနဲ့ အခြားလူမှုသိပ္ပံပညာရပ်တွေက အစားထိုးနေရာယူလာကြလိမ့်မယ်လို့ မြင်ပါတယ်။


ဘာသာမဲ့တစ်ဦးချင်းစီက ဒီအချက်(၁ဝ)ချက်စလုံးကို အတိ အကျလက်ခံချင်မှ လက်ခံမှာဖြစ်ပေမယ့် ဒီအချက်တွေဟာ ဘာသာမဲ့တွေအတွက် ယေဘုယျအားဖြင့် လက်ခံနိုင်တဲ့ ရပ်တည်ချက်တွေပါပဲ။


ဘာသာမဲ့ခြင်း အပေါ် ဘာသာရှိသူတို့ရဲ့ဝေဖန်ချက်


ဘာသာရှိတွေနဲ့ ဘာသာမဲ့တွေ ဘယ်လိုငြင်းခုန်ကြသလဲ။ မိမိကောင်းကွက်ကိုပြပြီး ဆန့်ကျင်ဖက်အယူအဆရဲ့ ဆိုးကွက်တွေကိုပြတာပါပဲ။ ဘာသာရှိတွေအမြင်မှာ ဘာသာတရားရှိခြင်းဟာ လူသားဖြစ်ခြင်းရဲ့တန်ဖိုး ဖြစ်တယ်။ လူနဲ့ လူမဟုတ်သော တိရိစၧာန်တွေကို ခြားထားတဲ့စည်းလည်း ဖြစ်တယ်။ ဘာသာတရားဟာ ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တာကြောင့် ဘာသာမဲ့ခြင်းဟာ ယဉ်ကျေးမှုမဲ့ခြင်းဆီကို ဦးတည်နေတယ်။ ယဉ် ကျေးမှုမဲ့ရင် ကိုယ်ကျင့်တရားနှုန်းစံတွေပါ ကင်းမဲ့လာလို့ လောကရဲ့ ငြိမ်းချမ်းရေးကို ပျက်စီးစေလိမ့်မယ်။ (၂ဝ) ရာစုကမ်ဘာ့သမိုင်းမှာ ဘာသာမဲ့အာဏာရှင်တွေအုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ လူ့အသက်ပေါင်းများစွာ စတေးခဲ့ကြရတာကိုလည်း ထောက်ပြကြတယ်။ ဒါကြောင့် ဘာသာရှိခြင်းဟာ ဘာသာမဲ့ခြင်းထက်စာရင် ပိုကောင်းတယ်လို့ မြင်ပါတယ်။


နောက်တစ်ချက်က ဘာသာရှိခြင်းအားဖြင့် လူမှုရေးအစေးကပ်ခြင်း (Social Cohesiveness) ကို ရစေတယ်။ ယုံကြည်မှု၊ ကျင့်သုံးမှုတွေတူတဲ့အခါ အတွင်းပဋိပက္ခနည်းတယ်။ ဒီတော့ ပိုပြီးစည်းလုံးညီညွတ်မှုကို ရတယ်။ နိုင်ငံလူမျိုးအနေနဲ့ သီးခြား ရပ်တည်တဲ့အခါ ဘာသာရေးယုံကြည်ချက်ကိုအခြေခံရင် အားကောင်းခိုင်မာတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်တယ်။ ဘာသာမဲ့တွေ ဖြစ်နေရင် ဝါးအစည်းပြေသလိုဖြစ်ပြီး စည်းလုံးညီညွတ်မှု မရနိုင်တော့ အားနည်းချိနဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်သွားနိုင်တယ်။


နောက်ဆုံးတစ်ချက်ကတော့ ဘာသာရှိခြင်းအားဖြင့် ဘာသာရေးကိုင်းရှိုင်းသူ လူသားဟာ လောကဓံတွေကို ပိုလို့ခံနိုင်ရည် ရှိတယ်။ စိတ်ကျရောဂါဖြစ်ပွားနှုန်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေမှု တွေဟာ ဘာသာမဲ့အချိုးအစားများတဲ့ လူ့အဖွဲ့အစည်းတွေမှာဖြစ်တာကို ကြည့်ခြင်းအားဖြင့် ဘာသာရေးယုံကြည်မှုနဲ့ စိတ်ကျန်းမာရေး ဆက်စပ်နေတာကို တွေ့နိုင်တယ်လို့ ဆိုပါတယ်။ ဘာသာရေးယုံကြည်မှုရှိသူဟာ ဘာသာရေးဆိုင်ရာ ကျင့်စဉ်တွေနဲ့ မိမိရဲ့အတွင်းအဇ္ဈတ္တဘဝထဲက စိတ်ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ပြီး ပိုပြီးပြေလွင်ညီညွတ်လှပတဲ့ဘဝကို ရနိုင်တယ်လို့ ဆိုပါတယ်။ သဘာဝအရိုင်းစိတ်တွေကို ဘာသာရေးအဆုံးအမတွေ နဲ့ ချွန်းအုပ်နိုင်လို့ ပိုပြီးကောင်းမြတ်တဲ့ဘဝကို ရရှိနိုင်တယ်လို့ ဆိုပါတယ်။ ဘာသာရေးကပေးတဲ့လောကအမြင်နဲ့ မိမိဘဝကို လျှောက်လှမ်းတဲ့အခါ ဘဝရဲ့အချိုးအကွေ့တွေတိုင်းမှာ ရွေးချယ်ဆုံးဖြတ်ရတဲ့အခါမှာလည်း ဝေဝေဝါးဝါးမဖြစ်ဘဲ ဆိုင်ရာဘာသာ ရေးတန်ဖိုးတွေနဲ့ လမ်းညွှန်ချက်တွေကိုလိုက်နာပြီး အစီအစဉ် က်တဲ့ ရှေ့နောက်ညီညွတ်တဲ့ဘဝကို ရရှိနိုင်တယ်လို့လည်း မြင်ကြပါတယ်။


ဘာသာရှိခြင်း အပေါ် ဘာသာမဲ့သူတို့ရဲ့ဝေဖန်ချက်


ဘာသာရေးကိုင်းရှိုင်းသူ၊ ဘာသာရှိသူတွေက ဘာသာရေးကို အကောင်းမြင်ကြပေမယ့် ဘာသာမဲ့သူတွေကတော့ ဘာသာရေးကို အဆိုးမြင်ကြပါတယ်။ ဘာသာရေးတွေဟာ ထိန်းချုပ် မှုအာဏာတွေဖြစ်လို့ လူသားတစ်ဦးချင်းစီရဲ့ မွေးရာပါလွတ်လပ်ခြင်းနဲ့ ဆန့်ကျင်တယ်လို့ မြင်ပါတယ်။ လူဟာ လြတ္လပ္စြာ မွေးဖွားခဲ့ရပေမယ့် ယဉ်ကျေးမှုစနစ်တွေထဲမှာ ဘာသာရေးရဲ့ ကျွန်ပြုခြင်းကို ခံရတယ်။ ကလေးရဲ့ လတ်ဆတ်သစ်လွင်တဲ့ ဦးနှောက်ဟာ နှစ်ပရိစေၧဒကြာမြင့်နေတဲ့ သမိုင်းတစ်လျှောက်က လူ့အစွဲအလမ်းတွေ သွတ်သွင်းတာကိုခံရတယ်။ အရောင်ဆိုးတာကို ခံရတယ်။လူသားရဲ့ ပကတိသဘာဝအသိအမြင်ရဲ့နေရာမှာ ဘာသာရေးအစွဲတွေရဲ့အမြင်နဲ့ အစားထိုးခံရတယ်။ လူကိုလူလို့ မမြင်တော့ဘဲ ဘာသာတူ၊ ဘာသာကြဲ အဖြစ်မြင်တယ်။ သဘာဝကို သဘာဝအတိုင်းမမြင်တော့ဘဲ ဘာသာရေး တန်ဖိုးတွေနဲ့ ဖြတ်ပြီးတော့ အကောင်းအဆိုး၊ အယုတ်အမြတ် ခွဲပြီး မြင်ချင်ရာမြင်တော့တယ်။ ဒီအခါမွာ လူဟာ လူ့သဘာဝနဲ့ လူပီသမှုကို ဆုံးပြီလို့ ဘာသာမဲ့တွေက ယူဆပါတယ်။


ဘာသာမဲ့တွေရဲ့ အမြင်အရဆိုရင် လူဟာ လူလိုကျင့်နိုင်ရင်၊ ကိုယ်ချင်းစာတရားနဲ့ ဥပဒေလိုက်နာမှုရှိရင် ကိုယ်ကျင့်တရား အတွက် ဘာသာရေးမလိုအပ်ဘူးလို့ ဆိုတယ်။ လူသားရဲ့ စိတ်ငြိမ်းချမ်းမှုဆိုတာလည်း ဘဝကို အသင့်အလျှော်ရှုမြင်နိုင်တဲ့ ဘဝဒဿနအမြင်တစ်ခုရှိရင် လူဟာ လောကဓံကိုလည်း ခံနိုင်မယ်၊ စိတ်အေးချမ်းမှုလည်း ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါတွေ ရရှိဖို့အတွက် မမြင်ရတဲ့နတ်ဒေဝတာတွေ၊ ဖန်ဆင်းရှင်ဘုရားတွေ၊ ရှေ့ဘဝနောက်ဘဝ ယုံကြည်မှုတွေ မလိုအပ်ဘူးလို့ ဆိုပါတယ်။လူမှာ ဗီဇပါအဖွဲ့အစည်းစိတ်ဓာတ်ရှိတာမို့ ဒီစိတ္ကို အခြေခံပြီး လူမှုပဋိညာဉ်တွေနဲ့ သာယာတဲ့ လူဘောင်လောကတစ်ခုကို ဘာသာရေးအကူအညီမပါဘဲနဲ့ တည်ဆောက်နိုင်တယ်လို့လည်း ယူဆပါတယ်။


ဘာသာမဲ့တွေရဲ့အမြင်မှာတော့ ဘာသာရေးတွေဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေနေတာ ထင်ရှားပါတယ်။ လောကမှာ ဘာသာအယူဝါဒ မတူညီမှုတွေကြောင့် ရန်သတ္တရုတွေ ပြုကြ၊ စစ်မက်တွေဖြစ်ပွားကြနဲ့ လောကကြီးရဲ့ မငြိမ်းချမ်းမှုကို ဘာသာရေးက ဖြစ်စေတယ်။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့သူတွေတောင် ဘာသာအယူဝါဒ မတူညီမှုတွေကြောင့် အဓိကရုဏ်းတွေ အနိုင်ကျင့်သတ်ဖြတ်မှုတွေ ဖြစ်ပွားရတယ်ဆိုတာကြည့်ရင် ဘာသာရေးယုံကြည်မှုတွေဟာ ရှုပ်ထွေးတဲ့လူမှုပဋိပက္ခတွေကို ဆောင်ကြဉ်းလာတတ်တာ တွေ့ရပါတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်က ဘာသာတရားတွေဟာ လူမှုရေးမညီမျှမှုတွေကို ဘာသာရေးဆိုင်ရာ ဖြေသိမ့်မှုတွေနဲ့ အဖြေမှားတွေပေးပြီးတော့ တည်ဆဲလူနေမှုစနစ်ကို အကာအကွယ်ပေးထားတတ်ကြပါတယ်။ လောကမှာဖြစ်နေတဲ့ မတရားမှုတွေ၊ လူသားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို မမြင်ရတဲ့ သဘာဝလွန်ဖြေရှင်းချက်တွေနဲ့ ချွေးသိပ်စေတယ်ဆိုတော့ ဘာသာရေးဟာ အမြဲတမ်းအနိုင်ရသူတွေ၊ အာဏာရှိသူတွေ၊ အထက်စီးနေရသူတွေဘက်ကပဲ ရှေ့နေလိုက်ပေးနေသလိုဖြစ်လို့ လောကရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားမျှတမှုတွေ မဖြစ်ပေါ်လာစေအောင် အဟန့်အတားဖြစ်နေစေတယ်လို့ ဆိုကြပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ဘာသာရေးဟာ လူသားအသိဉာဏ်ပညာရဲ့တိုးတက်မှုကို တားမြစ်ပိတ်ပင်နေပါတယ်လို့ ဘာသာမဲ့တွေက မြင်ပါတယ်။ ဘာသာတရားတွေဟာ သဘာဝလောကဓာတ်ကြီးနဲ့ပတ်သက်ရင်တောင် မိမိတို့ဘာသာရေးကျမ်းစာတွေက ဖော်ပြချက်တွေဟာ အမြဲမှန်၊ ထာဝရမှန်ကန် နေတဲ့ အဆိုဝါဒတွေအဖြစ် ယူဆကြတယ်။ သိပ္ပံပညာ ပေါ်ပေါက် လာတဲ့အခါ သဘာဝလောကဓာတ်ကြီးနဲ့ပတ်သက်တဲ့ နိယာမ တရားတွေကို လေ့လာစူးစမ်းရင်း တွေ့ရှိလာကြတယ်။ အထပ် ထပ်စစ်ဆေးလို့ ခိုင်ခံ့တဲ့သီအိုရီတွေ ထုတ်လာကြတယ်။ ဒီလို တွေ့ရှိလာတဲ့ သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်တွေဟာ ဘာသာရေး ကျမ်းစာတွေက ဖော်ပြချက်တွေနဲ့ ကွဲလွဲနေတာ အမှန်ပါပဲ။ ဒီ အခါ ဘာသာရှိသူတွေအတွက် အခက်ကြုံရတယ်။ မိမိ ငယ်စဉ်ကတည်းက သည်းလှိုက်အူလှိုက်် ယုံကြည်ခဲ့ရတဲ့ ဘာသာရေးသင်ကြားမှုတွေကိုပဲ လက်ခံမလား၊ ခေတ်မီသိပ္ပံပညာရဲ့တွေ့ရှိချက်တွေကိုပဲ လက်ခံမလားလို့ စဉ်းစားစရာ ဖြစ်လာတော့တယ်။


တစ်ချို့ ဘာသာရှိသူတွေကတော့ သိပ္ပံရဲ့အမှန်တရားကို လက်ခံပြီးတော့ မိမိရဲ့ဘာသာရေးယုံကြည်မှုကို သိပ္ပံနဲ့ လိုက်လျှောညီထွေဖြစ်အောင် ပြောင်းလဲအနက်ဖွင့်ဖို့ ကြိုးစားကြတယ်။ တစ်ချို့ကျတော့ မိမိရဲ့ဘာသာရေးယုံကြည်မှုကိုပဲ မျက်စိမှိတ်အသေဆုပ်ကိုင်ပြီးတော့ ခေတ်မီသိပ္ပံပညာရဲ့

တွေ့ရှိချက်တွေကို ဗလောင်းဗလဲနဲ့ မတည်မငြိမ်ပဲ ပြောင်းလဲတတ်တာတွေဆိုပြီး ပစ်ပယ်လိုက်ကြပါတယ်။ ဘာသာရှိသူတွေထဲက အနည်းငယ်လောက်ပဲ ခေတ်မီသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေကို ရဲရဲရင့်ရင့် လက်ခံကြတာ ရှိပါတယ်။ တကယ်လို့ သိပ္ပံကိုပစ်ပယ်ချင်တဲ့အုပ်စုဟာ ဘာသာရေးအင်စတီကျူးရှင်းတွေမှာ ဦးဆောင်မှုနေရာယူလာရင်တော့ ဒီဘာသာတရားဟာ လူ့အသိပညာတိုးတက်မှုရေစီးကို ကန့်လန့်တိုက်တဲ့ အေနအထားကို ရောက်ရှိသွားတတ်ပါတယ်။ ဘာသာတရားတွေရဲ့သမိုင်းမှာလည်း ခေတ်မီသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေကို အာဏာအမာသုံးပြီး နှိပ်ကွပ်သတ်ဖြတ်ခဲ့တာတွေ အထင်အရှားရှိခဲ့ပါတယ်။ အခုအထိကို ခေတ်မီသိပ္ပံပညာ အံ့ဘနန်း တိုးတက်နေတဲ့နိုင်ငံကြီးတွေမှာ ဒီလိုအားပြိုင်လွန်ဆွဲမှုက ရှိနေသေးတယ်ဆိုတာ တွေ့နေရပါတယ်။ ဒီလိုအမြင်ရှိတဲ့ ဘာသာမဲ့သူတွေအတွက်ကတော့ လူ့အသိအမြင်တွေ တိုးတက်ကျယ်ပြန့်လာလေလေ ဘာသာရေးလွှမ်းမိုးမှုဟာ ဆုတ်ယုတ်တိမ်ကော ပြီး နောက်ဆုံး ပျောက်ကွယ်သွားလေလေပဲ ဖြစ်မယ်လို့ ယူဆကြပါတယ်။


ဆွေးနွေးပွဲအတွင်း ဘာသာလြတ္သူ ဝင်ရောက်လာခြင်း


ဘာသာရှိတွေနဲ့ ဘာသာမဲ့တွေရဲ့တိုက်ပွဲက ပြင်းထန်နေဆဲ ပါပဲ။ ကမ်ဘာ့ဇာတ်ခုံပေါ်မှာတောင် မပြီးနိုင်မပြတ်နိုင် ဖြစ်နေပါသေး တယ်။ မြန်မာအွန်လိုင်းလောကမှာတော့ ဆိုဖွယ်ရာမရှိပေါ့။ ဘာသာရှိသူတွေ ဆွဲကိုင်တဲ့ဆင်ခြေကတော့ ဘာသာမဲ့သူတွေဟာ လုံလောက်တဲ့ယုံကြည်မှု ကျင့်ကြံအားထုတ်မှုရှိရင် ဘာသာရေးရဲ့ အမှန်တရားတွေကို မျက်ဝါးထင်ထင်မြင်ရမယ်ပေါ့။

ဘာသာရေးရဲ့ အမှန်တရားတွေကို မမြင်ရသေးတာ ဒီ အမွန္တရားတြက တကယ်မရှိလို့မဟုတ်ဘဲ ဘာသာမဲ့သူတွေဖက်က လိုအပ်ချက်တွေ ရှိနေလို့သာ မမြင်ရတာဖြစ်တယ်လို့ တစ္ထစ္ခ် ပြောဆိုကြပါတယ်။ ဘာသာမဲ့တွေ ဆွဲကိုင်တဲ့ဆင်ခြေကတော့ဘာသာရှိသူတွေဟာ လုံလောက်တဲ့ရဲစွမ်းသတ္တိနဲ့ တွေးတောဆင်ခြင်နိုင်စွမ်း မရှိကြလို့ အစဉ်အလာ ဘာသာရေးယဉ်ကျေးမှုတွေရဲ့ ပုံသွင်းလွှမ်းမိုးတာတွေကို ခံခဲ့ကြရလို့သာ ပကတိအမွန္တရားကို မမြင်ရတာဖြစ်တယ်လို တစ္ထစ္ခ် ပြောဆိုကြပါတယ်။ ဒီလိုနဲ့ပဲ အပြန်အလှန် ဆင်ခြေတင် စောဒကတက်တာတွေက မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေရပါတယ်။



-လင်းထက်ဆွေ

No comments