တောင်ငူခေတ်
တောင်ငူခေတ်
၁၆ရာစု အလယ်မှ ၁၇၅၂ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ် မင်းလုပ်ခဲ့သော မင်းဆက်
တောင်ငူခေတ်သည် တောင်ငူတွင်ထီးနန်းစိုက်ထူသော (၁၅)ရာစုနှောင်းပိုင်းမှ တောင်ငူခေတ်ပျက်သုန်းသော (၁၆)ရာစုနှောင်းပိုင်းကာလ ဖြစ်သည်။ တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့်သတ်မှတ်လျှင် လေ့လာရန် ပိုမိုအဆင်ပြေမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ ဘုရင့်နောင်တို့ကို မွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့်နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်း ဖြစ်ပြန်သည်။ ထို့ပြင် နောက်ခေတ်တစ်ဖြစ်သည့် ညောင်ရမ်းခေတ်တွင်လည်း ပါဝင်ပတ်သက်မှု ရှိနေကြသောကြောင့် ဖြစ်သည်။
Warning: Value not specified for "common_name"
တောင်ငူခေတ်သည် နိုင်ငံတည်ဆောက်သော ခေတ်ဖြစ်သည်နှင့်အညီ ဇာတိမာန်တက်ကြွဖွယ် စာပေများထွန်းကားကြောင်းတွေ့ရသည်။ တောင်ငူခေတ်သည် စစ်မက်ထူပြောသောကာလဖြစ်ရာ စစ်မက်ရေးရာများကို အားပြုရေးဖွဲ့သော စာပေများထွန်းကားလာပါသည်။ တောင်ငူခေတ်တွင်အင်းဝခေတ်ကဲ့သို့ ရဟန်းစာဆိုများစွာမရှိဘဲ လူပုဂ္ဂိုလ်စာဆိုတို့သာများလာသည်။ တောင်ငူခေတ်၌ စကားပြေကဏ္ဍတွင်ထင်ရှားသော ကျမ်းမှာ မွန်ဝန်ကြီးဗညားဒလ မွန်ဘာသာမှ မြန်မာပြန်သော ရာဇဓိရာဇ်အရေးတော်ပုံကျမ်းဖြစ်သည်။ ထိုအရေးတော်ပုံကျမ်းကို ဟံသာဝတီဘုရင်ရာဇဓိရာဇ်နှင့် အင်းဝဘုရင်မင်းခေါင်တို့ အင်အားပြိုင်သော စစ်ပွဲများကို နောက်ခံပြုလျက် ထိုမင်းနှစ်ပါး အပါအဝင် အမတ်တိန်၊ ဗြတ်ဇ၊ ဗျည်းနွဲ့ ၊ လဂွန်းအိမ်၊ အဲမွန်ဒယာ၊ သမိန်ဗရမ်းစသော သူရဲကောင်းများ၏ သွင်ပြင်အမူအရာများကို ပန်းချီကားတစ်ချပ်သဖွယ် သရုပ်ဖော်ရေးဖွဲ့ထားသည်။
တောင်ငူခေတ်တွင် ထင်ရှားသော စာဆိုရှင်ကြီးများမှာ ပြည် နဝဒေးကြီး၊ နတ်သျှင်နောင်(ရတုဘုရင် နတ်သျှင်နောင်)၊ ရှင်ထွေးနာသိမ် အစရှိသော လူပုဂ္ဂိုလ်စာဆိုရှင်များ၊ အသက်ငယ်သောစာဆိုရှင်များ များပြားလာသည်နှင့်အမျှ မိမိဆန္ဒကိုဖော်ထုတ်သော စာပေများလည်း များပြားလာသည်ကို တွေ့ရသည်။
Source:wikipedia
No comments