မြန်မာတို့၏တလွဲအယူများ
မြန်မာတို့၏တလွဲအယူများ
အတွေးအခေါ်တွေပြောပြမယ်
ကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာ
တယောက်ပါ စာဖတ်သူလည်း
ပညာတက်ပါ တွေးခေါ်ကြည့်ပါ။
အမတော် ‘သုစိတ’ မောင်တော်’နန္ဒ’ အပိုင်စားရတဲ့
မင်းဘူးက နဂါးပွက်အိုင်....
တကယ်တော့ ဂေါပကတွေရော အဲ့ဒီလာတဲ့နဂါးဖူးတွေပါ ပထဝီသင်ခဲ့ကြမှာပါ
၅တန်း ၆တန်းလောက်ဆို မီးတောင်အကြောင်း စာသင်နေရပြီ
ရွှံ့မီးတောင် / မီးတောင်သေ / မီးတောင်ငြိမ်း သင်ဖူးကြမှာပါ ။
အခုလို ရွှံ့မီးတောင်အပေါက်
ဝထဲကို နွားနို့နဲ့ကြက်ဥတွေ ပစ်ထည့်ကြတယ်
အမွှေးတိုင်ပေါင်း သောင်းချီပူဇော်ကြတယ်
အဲ့ဒီနွားနို့နဲ့ကြက်ဥတွေကိုသာ မိဘမဲ့ဂေဟာကကလေးတွေကို တိုက်ကြွေးမယ်ဆို တော်ရုံဂေဟာတစ်ခုတော့ နေ့စဉ်အာဟာရ မပူရတော့ဘူး
သူတစ်ပါးယုံကြည်မှုကို ကဲ့ရဲ့တာမဟုတ်ပါဘူး
ဆုံးရှုံးသွားတဲ့ အလှူငွေကို လိုအပ်တဲ့နေရာရောက်စေ
ချင်တာပါ။
နောက်တစ်ချက်က ဒါဟာ ဘူမိဗေဒပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လေ့လာရေးစခန်းဖြစ်နိုင်တယ်
အဲ့ဒီမီးတောင်ကို စနစ်တကျလေ့လာရင် ဘယ်လိုအဖိုးတန်ဓါတ်ငွေ့တွေထွက်နိုင်မလဲဘယ်လိုအကျိုး
ကျေးဇူး ရှိမလဲ သိခွင့်ရလာမယ်
သူတို့ကိုစော်ကားခြင်းထက် ကျနော်ကတော့ နှမျောတယ်
ချီလီနဲ့အာဂျင်တီးနားက မီးတောင်သေတွေ/ရွှံ့မီးတောင်တွေ / မီးတောင်ရှင်တွေသာ မြန်မာပြည်ရောက်ခဲ့ရင်
၉ထောင်လောက်စေတီတည်ပြီး နတ်နဂါးပုံပြင်တစ်ခုခုနဲ့ဇာတ်
သွင်းဖင်ဘူးထောင် ဦးချပြီး နွားနို့နဲ့ကြက်ဥတွေပစ်ထည့်ဦး
မယ်ထင်တယ်နော်.......
ပုပ္ပါးက မယ်ဝဏ္ဏဆို
သထုံကနေ နန်းမှုရေးရာ စိတ်ကုန်လို့တရားအားထုတ်ဖို့လာတဲ့သထုံဘုရင် မနူဟာ ရဲ့ ညီမ လူစစ်စစ်ပါ
သူတို့နဲ့တွေ့မှပန်းစားဘီလူးမဆိုပီး အစွယ်ပေါက်ရရှာတယ်
အပါယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ကို ကန်တော့နေရတဲ့
အယူလွဲ logic…
မြန်မာပြည်အနှံ့အပြားမှာ မြွေရှင်ဘုရားဘယ်နှစ်ဆူရှိ
လည်းတော့မသိဘူး
ကျနော်ရောက်ဖူးတဲ့ ဘုရားတွေက ပလိပ်/သုံးတောင်/စစ်ကိုင်းမှာရှိတဲ့ မြွေဘုရားသုံးဆူရောက်ဖူးတယ်
မြွေဆိုတာ အပါယ်လေးဘုံ စာရင်းဝင် တိရိစ္ဆာန်ပဲ
နိမ့်ကျတဲ့တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ဗုဒ္ဓဆင်းတုနဲ့တွဲပြီး ပူဇော်နေကြတဲ့ ကျနော်တို့မြန်မာတွေ
နတ်မြွေ/အိပ်မက် စတဲ့ပါးစပ်ရာဇဝင်နဲ့ ဖြဲခြောက်ပြီး ဗုဒ္ဓဘာသာဝင်
တွေက နိမ့်ကျတဲ့တိရိစ္ဆာန်ကို ဖင်ဘူးထောင်ကန်တော့နေရ
တယ် အမယ်…အဲ့ဒီမြွေစာ
အတွက် လစဉ်အလှူရှင်ဆို အလုအယက်ဗျ
စပါးကျီ/စပါးအုံ မြွေဆိုတာမျိုးက အစာဝရင်ငြိမ်သက်နေတာလေ
သူတို့မှာအစာချက်ဖို့လုံလောက်တဲ့အစာအိမ်အက်ဆစ်မရှိဘူး
ဘိန်းကြွေးလို့ ဘိန်းမူးနေတဲ့မြွေဟာ လူကိုဘယ်အန္တရာယ်ပြုပါ့မလဲ။
ဂေါပကတွေကပြောသေးတယ် ( သူတော်စင်မြွေ )တဲ့
ဟုတ်ပြီ… သူတော်စင်မြွေဆိုရင် သက်သက်လွတ်ကျွေးကြည့်ပါ
တစ်ပတ်တစ်ခါ
ဥပုသ်စောင့်ခိုင်းပါ
၁လလောက်အစာမကြွေးပဲထားပြီး ဂေါပကကိုယ်တိုင် မြွေလှောင်အိမ်ထဲ ဝင်ထိုင်နေပါ
ကျနော်မယုံကြည်လို့ အပြစ်တင်ခြင်းမဟုတ်ပါဘူး
လွဲနေတဲ့ ဘာသာရေးအသိကို တည့်မတ်စေချင်တာပါ
တကယ်လိုအပ်နေတဲ့ ဘာသာရေးသာသနိက
အဆောက်အုံတွေအများကြီးပါ
မြွေဆိုတဲ့နိမ့်ကျတဲ့တိရိစ္ဆာန်ကိုကန်တော့မယ့်အစား
ရွှေစည်းခုံ/မိထ္ထီလာကန်/တန့်ကြည်တောင် သမိုင်းတွေထဲပါတဲ့
လူကောင်းတွေကိုကူညီ
တတ်တဲ့ ဘီလူး/သဘက်ကန်တော့တာမှ
တော်သေး မြွေအကောင်ကြီးလို့ ကန်တော့မယ်ဆို
တောင်အမေရိကဖက်က အမေဇုန်မြစ်က အန်နာကွန်နာမြွေကြီးတွေကို You Tubeမှာ ရှာကြည့်
( မြန်မာပြည်မှာသာ အန်နာကွန်နာမြွေကြီးတွေ တွေ့ခဲ့ရင်မြန်မာလူမျိုးတွေ ထွက်မပြေးပဲထိုင်ကန်တော့ကြမယ်ထင်တယ် )
နောက်တစ်ချက်…( ဒီအပိုဒ်က အငြင်းပွားဖွယ်ရာရှိမယ် )
မြန်မာပြည်အနှံ့အပြားမှာ ဘုရားကိုနဂါးမိုးထားတဲ့ နဂါးရုံဘုရားအများကြီးပဲ ။
ဘုရားကို နဂါးမိုးတဲ့ဇာတ်လမ်းက ဘယ်ကစသလဲ…
ဇာတ်လမ်းကတော့ ဘုရားရှင်လက်ထက်ကစတာပဲ
ဆင်းထုတော်တွေထဲ ကျနော်မြင်ဖူးသမျှ
အေဒီ ၁၁ရာစုမှ စတင်တယ်…
သဘောကတော့ ဘုရားရှင်ပွင့်ပြီး နှစ် ၁၆၀၀လောက်ကြာမှ ဒီရုပ်ထုဇာတ်လမ်းက စတင်လာသလား
တစ်ခုကြိုပြောရရင် ကျနော်ဟာသမိုင်းပညာရှင်
မဟုတ်တဲ့အတွက် ကျနော်ရောက်ဖူးတဲ့နဂါးရုံ
ဘုရားထဲအေစာဆုံးဘုရားလို့သုံးတာပါ ။
ကျန်စစ်သားရဲ့ဇာတ်လမ်းထဲ ခရစ်နှစ် ၁၀၈၄ခုနှစ် ရာဇဝင်တစ်ခုမှာ
ကျန်စစ်သားကို အနော်ရထာက အရိန္ဒမာလှံနဲ့ပစ်ပြီးသတ်တဲ့အခါကျန်စစ်သားထွက်ပြေးတယ် ။
အဲ့ဒီမှာ မုဆိုးကြီးငဆင့်က ကျန်စစ်သားကိုကူညီပြီး
ဖွက်ထားပေးတဲ့ရွာ
( ငဆင့်ကူညီလို့ ငဆင့်ကူရွာလို့ခေါ်ပြီး
အခုခေတ်စကားသံပြောင်းလဲမှုကြောင့် ငဆင့်ကူကနေ စဉ့်ကူဟုပြောင်းလဲ) မှာ
ကျန်စစ်သားအိပ်တဲ့အခါ နဂါးတစ်ကောင်က ရုံပြီးမိုးပေးထားတယ်ဆိုပဲ ။
အဲ့ဒီနေရာမှာ ကျန်စစ်သားက အရိန္ဒမာလှံနဲ့ရှောက်သီးကိုခွဲစားတဲ့အခါချိုပြီးရှောက်ချိုသီး
ဖြစ်သွားတဲ့နေရာပေါ့ဗျာ
မထီးတူမ သမ္ဗူလနဲ့ ပထမဆုံးတွေ့တဲ့နေရာပေါ့
သူဘုရင်ဖြစ်တဲ့အခါ အဲ့ဒီနေရာမှာနဂါးရုံဘုရား
တည်တယ်သူ့ကိုနဂါးမိုးတာကိုအစွဲပြုပြီးဘုရားဆင်းထုကိုပါ
နဂါးမိုးစေခဲ့တယ် ။
မြန်မာပြည်မှာကျနော်ရောက်ဖူးတဲ့နဂါးရုံဘုရားတွေထဲ
အဲ့တာ အစောဆုံးနဂါးပဲ ။
ဘုရားလက်ထက်က စတဲ့ဇာတ်လမ်းကို အငြင်းပွားနေတာမဟုတ်ဖူး
ကျနော်မြင်ဖူးတဲ့နဂါးရုံဘုရားထဲ မှတ်တမ်းအစောဆုံးဘုရားကို
ပြောချင်တာ
တောင်သမန်အနောက်ခြမ်းက နဂါးရုံဘုရားဆိုရင်ကျနော်မြင်ဖူးသမျှထဲ အကြီးဆုံးပဲ ။
အဲ့ဒီမှာဗုဒ္ဓဘာသာဝင်တစ်
ယောက်အနေနဲ့ ဘာကိုသတိထားမိလည်း
ဆိုတော့ မြန်မာအချို့ဟာ ဘာသာတရားထက် အကြောက်တရားပိုနေကြတယ်
ကြည်ညိုဖွယ်အဆင်းနဲ့ဗုဒ္ဓထက် အနောက်ကမိုးထားတဲ့နဂါးရဲ့ ခမ်းနားမှုကိုရင်သပ်အံ့သြကြ
တယ် ဗုဒ္ဓကိုမြင်တဲ့အခါ အေးချမ်းသွားရမယ့်အစား အနောက်ကမြွေနဂါးရဲ့ သဏ္ဏာန်ကြောင့်
တုန်လှုပ်တယ်/ကြောက်စိတ်ဝင်တယ် ။
( ဝေါမြို့က နဂါးရုံဘုရားဆို ဘုရားကစကြာဝတေးမင်း
အဆင်တန်ဆာနဲ့
အနောက်ကနဂါးဟာ လက်ခ်ျမီးဒီဇိုင်းနဲ့ )
( မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ရန်ကင်း
တောင်ခြေမှာရှိတဲ့
အတုလမဟာမြကျောက်စေတီပုရဝုဏ်ထဲကနဂါးရုံဘုရားဆိုရင်
ကြောက်စရာအကြေးကွက်တွေနဲ့ လူကိုစားတော့မတတ် )
နဂါးရုံဘုရားအများစုက ဘုရားကိုဖြစ်သလိုထုပီး နဂါးကိုစနစ်တကျထုလုပ်ထား
ကြတာများတယ် ။
ဘုရားသေးသေး နဂါးကြီးကြီး ဘာသာတရားကိုအကြောက်တရားက အုပ်မိုးထားသလိုမျိုး
အဲ့ဒီဆင်းထုတွေမှာ ကြက်ဥနဲ့နွားနို့ပူဇော်ကြတယ် ။
ဘုရားကသူ့သားရဟန်းတွေကိုတောင်လူတွေအကြောက်
တရားနဲ့ကိုးကွယ်မှာမလိုချင်လို့ တန်ခိုးမပြခိုင်းဘူး ပညက်ထားခဲ့တာ။
လူတွေလုပ်မှ အကြောက်တရားကို ဘာသာတရားထဲဇွတ်သွင်းနေသလိုပဲ ကျနော်ကတော့ အဟိတ်တိရိစ္ဆာန်လည်း မကန်တော့နိုင်သလို
ဗုဒ္ဓဆင်းထုမြင်တာနဲ့ အကြောက်တရားဖြစ်စေတဲ့ နဂါးရုံတွေကို ကြောက်တယ် ။
ဘုရားလက်ထက်က နဂါးဟာ သာသနာပြုနဂါး
အခုလူတွေထုဆစ်နေတဲ့နဂါး
(ပုံတွေကြည့်ပါ)
မြင်တာနဲ့လူကို ဝါးစားမတတ် Overဖြစ်အောင်ထုလုပ်ထားကြတာ ကြည်ညိုသဒ္ဒါတရားထက် အကြောက်တရားပိုဖြစ်စေတယ်
အေးချမ်းချင်လို့ ဘုရားသွားတာ အေးအေးချမ်းချမ်းပဲ ဖြစ်ချင်တယ် ။
ဒါကြောင့် စာဖတ်သူရေ သူများပါးစပ်ဖျားလမ်းမဆုံးပဲ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဆင့်ချိန်ရမယ် တရားများများနာ စာများများဖတ် ဒါမှအလိမ်မခံရမှာ..........
ဤဆောင်းပါးအား အပြုသဘောဆောင်၍ဖတ်ရှု့လေ့ဘာပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာကိုး / စာရေးဆရာ ဆန်းကျော်စွာဝင်း ၏ စာမူကို
မှီညမ်း၍ပြန်လည်ဝေမျှ၏
No comments