မာ လာ ရှမ်း ကော ချက်နည်း
မာ လာ ရှမ်း ကော ချက်စားမယ်
ပါဝင်ပစ္စည်းများ
အပ်မှို
ပြောင်းဖူး(ကျက်အောင်ပြုတ်ထားပါ)
ကန်စွန်းရွက်
ပန်းဂေါ်ဖီစိမ်း(ရေနွေးပူပူထဲ၁မိနစ်လောက်
ထည့်ပီးပြန်ဆယ်ထားပါ)
မားမားခေါက်ဆွဲ(ပြုတ်ထားပါ-အမှုန့်ထုပ်မထည့်ရ)
ကြာစွယ် အခံနွှာထားပါ(ဆားနည်းငယ်ထည့်ပီးကျက်အောင်ပြုတ်ထားပါ)
မုန်လာဥနီ-ပါးပါးလှီးထားပါ
မာလာခေါက်ဆွဲ မာလာရှမ်းကောအနှစ်
မြေပဲ နှမ်း
နံနံပင်
ဂျင်း ကြက်သွန်ဖြူ ငြုပ်သီးခြောက်(အနည်းငယ်စီ)
ငုံးဥ ပုဇွန် ကြက်သား ဝက်သား(ကြိုက်နှစ်သက်ရာ)
🥕🌶🍒🍐🍊🍋
ချက်နည်း
ဆီဟင်းခပ်ဇွန်း(5)ဇွန်းထည့်ပါ
ကြက်သွန်ဖြူ ဂျင်း ငြုပ်သီးခြောက်အရင်ဆီသတ်ပါ
ပီးရင်အရသာမှုန့်နဲ့နယ်ထားတဲ့ကြဿ်သားရယ်ပုဇွန်ထည့်ကြော်ပါ
ကျက်ပီဆိုရင်မာလာရှမ်းကောအနှစ်ထုပ်ထည့်ပါ(အငံဓာတ်ပိုလို့ဆားမထည့်ရတော့ပါ❌)
အပ်မှို ဥနီအရင်ထည့်ပါ
အရွက်တွေပြုတ်ထားတာတွေထည့်ပါ
မားမားခေါက်ဆွဲကိုနောက်ဆုံးထည့်ပါ
အရသာမှုန့်အနည်းငယ်ထည့်ပါ
မြေပဲကြော်ထည့်ပီးနှမ်းဖြူးပါ
နံနံပင်အုပ်ပီးမီးပိတ်သုံးဆောင်နိုင်ပါပီ
#crd
@Wai Wai
No comments