ဗောက်လောက်တော့ သနားတယ်
ဗောက်လောက်တော့ သနားတယ်
ဟော ဆောင်းတွင်းကတော့ စလာပြီဆိုတော့ ခေါင်းမှာလည်း ဗောက်လေးတွေ ဝေ ဝေ ဖြစ်လာတော့တာပါပဲ။
ဗောက်ဆိုတာ တကယ်တော့ ပုံမှန်ရှိနေတဲ့
အရေပြားဆဲလ်သေလေးတွေနဲ့ ဦးရေပြားအဆီတွေပေါင်းပြီး အဖြူအဖတ်လေးတွေဖြစ်လာရတာပါ ဦးရေပြားခြောက်သွေ့ခြင်း - ဓာတ်မတည့်တဲ့ ပစ္စည်းများသုံးမိခြင်း၊ဦးရေပြား နှင်းခူဖြစ်ခြင်းတို့က ဗောက်အများအပြားဖြစ်ပေါ်စေတာပါ။
နှစ်တိုင်း မပျောက်တတ်တဲ့ ဗောက်တွေကို ဒီနှစ်တော့ အပြတ်ပျောက်အောင်လုပ်မယ် မှန်းထားတာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။
(၁) အုန်းဆီ ကုထုံး 🥥
================
ဆံပင်ရယ်လို့ စဉ်းစားလိုက်မယ်ဆိုရင် အုန်းဆီကတော့ မပါမဖြစ်ပါ။ သူ့ရဲ့ မှိုသတ်နိုင်တဲ့အစွမ်းကြောင့် ဗောက်တွေပျောက်မှာ သေချာပါတယ်။
နည်းလမ်းလေးတွေကတော့ ~~~~~~~
- အုန်းဆီကို ဆံပင်အရင်းကနေ အဖျားအထိ
နှံစပ်အောင် ၅မိနစ်ခန့် နှိပ်နယ် ပေးပါ
- ပြီးရင် တစ်ညလုံး လိမ်းပြီးအိပ်ပေးပါ
- မနက်ကျရင်ကိုယ်လျှော်နေကြ ခေါင်းလျှော်ရည်နဲ့ပြန်လျှော်ပေးပါ
(၂) ပန်းသီးရှာလကာရည်ကုထုံး
====================
အိမ်နောက်ဖေး မီးဖိုချောင်မှာရှိတဲ့ ပန်းသီးရှာလကာရည်ကို ပြေးယူလိုက်ပါတော့
- ဒီရှာလကာရည်လေး တစ်ဇွန်းဆို ရေတစ်ဇွန်း ဆတူရောပေးပါ
- ခေါင်းလျှော်ပြီးပြီဆိုတာနဲ့ ဒီရောထားတဲ့ အရည်ကို ဆံပင်စိုစွတ်နေချိန် သုတ်လိမ်းပေးပါ
- ဦးရေပြားကိုတိုက်ရိုက် လိမ်းပေးပြီး ၁၅မိနစ်ထားပြီးမှဆေးချပါ။
(၃) ပျားရည် ကုထုံး 🍯
================
ပျားရည်မှာဗီတာမင် A,B,C,D,E ပါဝင်တာမို့ ဆံသားကောင်းမွန်စေပါတယ် - ဗောက်ထခြင်း အရေပြားဓာတ်မတည့်ခြင်းတို့ကိုလည်း
သိသာစွာသက်သာစေပါတယ်
- ဆံပင်ကိုရေစွတ်ပါ
- ပျားရည်ကို ရေအနည်းငယ်နဲ့ရောပါ
ဦးရေပြားကို ၃-၅ မိနစ်ခန့်နှိပ်ပေးပါ
ပြီးရင် ၁နာရီခန့်စိမ်ထားပေးပါ- ပြီးမှရေဆေးချပါ။
(၄) သံပုရာသီးကုထုံး 🍋
=================
သိထားတဲ့အတိုင်း သံပရာသီးက တကယ် ဗောက်ပျောက်တဲ့နေရာမှာအစွမ်းထက်ပါတယ် ဦးရေပြားရဲ့ ph မျှချေထိန်းပြီးယားယံခြင်းကို
သက်သာစေပါတယ်- ဦးရေပြားက ဖုန်တွေ
ဆီတွေလည်း ဖယ်ရှားပေးပါတယ်
- သံပုရာရည်ကို ဦးရေပြားပေါ်ကို တိုက်ရိုက် လိမ်းပြီး မိနစ် ၃၀ခန့်ထားပေးပါ- ပြီးရင် ရေနဲ့ဆေးချပေးပါ။
ဒီသဘာဝနည်းလမ်းလေးတွေနဲ့ ဆောင်းရာသီ ဗောက်ကို ကျော်လွှားကြည့်ကြဖို့အကြံပေးလိုက်ပါတယ် စာဖတ်သူတွေထဲမှာရော ဘယ်လိုနည်းလေးတွေနဲ့ ထူးခြားပျောက်ကင်းလဲ ဝေမျှပေးသွားပါဦး …
မယ်တင်(ဆေး ၁)
No comments