New Artical

မာကိုပိုလို တွေ့ ခဲ့တဲ့ ပုဂံ

 

မာကိုပိုလို တွေ့ ခဲ့တဲ့ ပုဂံ ဆိုပါလား

ပုဂံရဲ့ နောက်ဆုံးခေတ် တရုတ်ပြေးမင်းလို့ခေါ်တဲ့
နရသီဟပတေ့မင်း လက်ထက်က
တရုတ်ပြည် တစ်နိုင်ငံလုံးကို သိမ်းထားတဲ့
 မွန်ဂို ဧကရာဇ်ကူဗလိုင်ခန်နဲ့ မြန်မာနဲ့ ပထမအကြိမ်ထိတွေ့တဲ့
တိုက်ပွဲက ငဆောင်ချမ်း မှာဖြစ်တယ်။
ဒီစစ်ပွဲမှာ မွန်ဂိုတွေနဲ့အတူ အီတလီ၊ ဗင်းနစ်စ်မြို့က
ခရီးသည်ကြီး  မာကိုပိုလို ပါလာခဲ့ပြီး သူ့ခရီးသွား စာအုပ်ထဲမှာ
မှတ်တမ်းတင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်က ပုဂံကတွေ့ရှိတဲ့ ကျောက်စာ မှတ်တမ်းတွေနဲ့
လည်း ကိုက်ညီပါတယ်။
ဒီတုန်းက ပုဂံနန်းတွင်းမှာ မြန်မာစစ်ဆင်ရေးမှူး နာမည်ကြီးတွေက
ဣန္နပစ္စယာ၊ ရာဇသင်္ကြံ ( အုတ်လှကြီး အုတ်လှငယ်တို့အဖေ )၊
မြင်စိုင်းသင်္ဃဗိုလ်( ရှမ်းညီနောင် ၃ ဦးရဲ့အဖေ)၊ အနန္တပစ္စည်း၊
မဟာပိုဝ် တို့ ဖြစ်တယ်။
ပုဂံ မင်းနန်သူအရပ်က သက္ကရစ် ၆၄၀ (၂၇၊ မတ်၊ ၁၂၇၉) က
စောလှဝန်းကျောက်စာမှာ ..
ဣန္တပစ္စယာ မည်သော အမတ်ကြီးက မဟာကဿပအရပ်မှာ
တောကျောင်းကြီး တစ်ကျောင်းနှင့် တံတိုင်းဆောက်လုပ်လှုဒါန်းပြီး
တံတိုင်းဆောက်နေချိန်မှာပဲ  ပြည်ထဲရေးကိစ္စ ပေါ်ပေါက်လို့
ငဆောင်ချမ်း အရပ်ကို သွား ရတာကို မြင်ရပါတယ်။
ငါဆောင်ချမ်မြိုင်ဝ် နိရလယ်၏
ပြည်တယ် ပျက်စိသဖ္လစ်ခယ်ဧအ် လို့
တိုင်းပြည်အခြေအနေကို မြင်နေရပြီး ဣန္တပစ္စယာလည်း
ငဆောင်ချမ်းမှာ ကျဆုံးခဲ့ပုံ ရပါတယ်။
မွန်ဂိုဖက်က မှတ်တမ်းမှာ ငဆောင်ချမ်းဟာ မြန်မာတွေ ၂ လ
အကြာ ခုခံပိတ်ဆို့ တိုက်ခိုက်ခဲ့သော်လည်း ၁၂၈၃ ခုနှစ်ဒီဇင်ဘာ
၃ ရက်မှာ ကျသွားခဲ့ပါတယ်။
ကောင်းစင် ခံတပ်ဟာ ၁၂၈၃ ဒီဇင်ဘာ ၉  ရက်မှာ ကျပါတယ်၊
တကောင်းက ၁၂၈၄ ခုနှစ်ဖေဖော်ဝါရီလ ၅ ရက်မှာ ကျပါတယ်။
ကြည့်ရတာ မြန်မာစစ်ဆင်ရေမှူး တိုက်ခိုက်နိုင်စွမ်း ရှိသူတွေ
ကုန်သလောက် ဖြစ်သွားနိုင်ပါတယ်။
မွန်ဂိုတပ်က တကောင်း၊ မလည်အရပ်မှာပဲ တပ်ချနေပါတယ်၊
ဆက်ပြီး ချီတက်မှု မလုပ်ပါ။
ဘုရင် နရသီဟပတေ့ က ပြည်မြို့ တစ်ဖက်ကမ်း လှည်းကျ
အရပ်အထိ တိမ်းရှောင်ပါတယ်။
ဘုရင်နဲ့အတူ အနန္တပစ္စည်းနဲ့ မဟာပိုဝ် တို့ အတူရှိနေတာကို
ရှင်ဒိသာပါမောက္ခရေးထိုးခဲ့တဲ့ ကျောက်စာထဲမှာတွေ့ပါတယ်။
ဒီအမတ် ၂ယောက် အကြံပေးလို့ ဘုရင်က ရှင်ဒိသာပါမောက္ခကို
တူတယ် လို ့​ခေါ်တဲ့ ပီကင်းမှာရှိတဲ့ မွန်ဂိုဧကရာဇ် ကူဗလိုင်ခန်ဆီကို
ငြိမ်းချမ်းရေး သံတမန်လွှတ်ပါတယ်
ဒီကိစ ္စအောင်မြင်ကြောင်း
ရှင်ဒိသာပါမောက္ခကိုယ်တိုင်ရေးထိုးထား ခဲ့တဲ့ မင်္ဂလာစေတီ
အနောက်ဖက်က ရတဲ့ ကျောက်စာကို မြန်မာနိုင်ငံရှေးဟောင်း
သုတေသနဌာနက ကျောက်စာအမှတ် (၂၇၁ ) အဖြစ်
ယနေ့ ပုဂံပြတိုက်ကြီးမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်​
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗဒ္ဒသ
သကရာဇ် ၆၄၇ ခု လို့ အစချီပြီး(၂၇၊ မတ်လ၊ ၁၂၈၅ ခုနှစ်)လို့
အစချီ ရေးထိုးခဲ့တဲ့ ကျောက်စာမှာ တွေ့နိုင်ပါတယ်။
ဣန္တပစ္စယာ ရဲ့ တောကျောင်းကြီး အလှု မပြီးပြတ် ခဲ့မှုကို
သူ့သမီးနဲ့ သမက်က ဆက်လက် ဆောက်လုပ်လှုဒါန်းပါတယ်။
ပြီးစီးကြောင်းကို
၆၅၅ခုနှစ် သရဝန်နှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်
( ၄ ၊ အောက်တိုဘာ၊ ၁၂၉၃ )မှာ မှ ရေးထိုးနိုင်တာတွေ့ကြရတဲ့
အတွက် ...
ဒီမွန်ဂိုစစ်ရှိတာနဲ့ ကာလ အပိုင်းအခြားကို စောလှဝန်းရဲ့
 ကျောက်စာ ကနေ သိရနိုင်သလို
 အခြားကျောက်စာတွေကနေ သိကြရတာ လည်း ရှိပါတယ်။
ဘုရင်နရသီဟပတေ့ ကွယ်လွန်ချိန်မှာ
 ဧကရာဇ် ကူဗလိုင်ခန်ထံကို ရောက်အောင် သတင်းပို့ကြပေမယ့် ဧကရာဇ်ထံက အမိန့်တစ်စုံတရာ မလာပါ၊
သို့သော် ယူနန်ဘုရင်ခံက သူ့သဘောနဲ့သူ မွန်ဂိုတပ်နဲ့ အတူ
မြန်မာနိုင်ငံကို သိမ်းဖို့ ဝင်လာပေမယ့် မွန်ဂိုတပ်ဟာ ပုဂံကို
မလာပါ။
နိုင်ငံထဲမှာ ဖခင်ဖြစ်သူ ပုဂံနန်းတွင်းက အမတ် မြင်စိုင်းသင်္ဃဗိုလ်
ထံကနေ နန်းတွင်းရေး အခြေအနေတွေ သိနေတဲ့
 ရှမ်းညီနောင်(၃)ဦး ခေါ်ကြတဲ့ မြန်မာတွေပဲဖြစ်တဲ့ ရာဇသင်္ကြံ၊
အသင်္ခယာ၊ စောယွန်း တို့က ကျောက်ဆည်လွင်ပြင်မှာ အင်အားဗဟိုကို စုထားပြီးဖြစ်တဲ့
မြင်စိုင်းကို မွန်ဂိုတပ်က တည့်တည့်ချီတက်သွားခဲ့ကြပါတယ်။
ဒီ မြင်စိုင်းက စစ်ကို ဆရာကြီးဒေါက်တာသန်းထွန်းပြောပုံက..
ရှမ်းညီနောင် ၃ ဦးကြွားသလို မြင်စိုင်း က ပျောက်ကြားစစ်ကြောင့်
လည်း မဟုတ်ပါဘူးတဲ့
မွန်ဂိုတွေ မြေလှန်တဲ့ အကျင့်အရင်
မြန်မာတွေမြေလှန်တာ တစ်သက်လုံး ကျင့်ခဲ့လို့ မြေလှန်ထားတဲ့
အတွက် စားရေး ရိက္ခာပေါများတဲ့ ကျောက်ဆည် လွင်ပြင်မှာ
မွန်ဂိုတွေ စားစရာပြတ်လို့ ငှက်ပျောအူတွေ စားပြီး ဝမ်းလျော
နေကြသလို
တစ်ဖက်ကလည်း ရှမ်းညီနောင် (၃) ဦးက ကျိတ်ပြီး
ရွှေ ပေးထားတာလည်း ၁၀ ကြိမ်တွေ့ပါတယ်တဲ့။
မွန်ဂိုဟာ မြင်စိုင်းကနေ ပြန်ဆုတ်ခွါသွားပြီး
၁၃၀၀ ခုနစ်မှာတော့ မြန့်ချီတက်ရေးနေမြေလို့ သတ်မှတ်ထား
တာကို အပြီး ဖျက်သိမ်းလိုက်ပါတော့တယ်။
ဒီ ရက်စွဲ အကြမ်းမျဉ်းမှာ အီတလီက မာကိုပိုလိုက ဘယ်နားကမှ
ပုဂံ ရောက်နိုင်စရာ အကြောင်း မမြင်တွေ့မိပါ။
သို့သော် သူ့မှတ်တမ်းမှာ ..
ရွှေနှင့်ငွေမျှော်စင်များသည် မာကိုပိုလိုကို အလွန်စွဲမှတ်စေသည့်
ပုဂံမြို့၏ အနုပညာဖြစ်သည် တဲ့ ..
ဘယ်လို မျှော်စင်တွေပါလိမ့် ..
နောင် မာကိုပိုလိုရဲ့ ခရီးသွားမှတ်တမ်းကို ကမ္ဘာက ပညာရှင်တွေ
ဆုံးဖြတ်ကြတဲ့အခါ..
 မာကိုပိုလိုဟာ ငဆောင်​ချမ်းတိုက်ပွဲထိ ပါလာတာဖြစ်ပေမယ့်
ဒုတိယအကြိမ် မွန်ဂိုတွေနဲ့ အတူ ပုဂံကိုပါလာခြင်း မရှိပဲ
 ပထမဆုံးစေလွှတ်လို့ ရောက်ဖူးတဲ့ မွန်ဂိုစစ်သားကို
မေးမြန်းပြီး ဆွဲပုံကလည်း မေးမြန်းပြီး ရေးသားထားနိုင်တာမျိုး
ဖြစ်လိမ့်မယ် လို ့ ဆုံးဖြတ်ကြပါတယ်။
သူ့ရဲ II Million စာအုပ်မှာ ဒီလိုပဲ အချို့နိုင်ငံတွေကို မေးမြန်းပြီး
ရေးသားထားတာမျိုး  ရှိပါသေးတယ်။
၁၃ ရာစုက လူစွန့်စား ဗင်းနစ်စ်သား မာကိုပိုလိုရဲ့ ခရီးသွား
မှတ်တမ်းကို ဝေဖန် စောကြောချင်တာမျိုး မဟုတ်ပါဘူး
ကိုယ့်နိုင်ငံထဲက အဖြစ်အပျက်တွေ အတွက် ရှားပါးလှတဲ့
ခေတ်ပြိုင် မှတ်တမ်းတွေထဲက အကြောင်းအရာတွေကို
ခိုင် မခိုင် စောကြော ကြည့်ချင်တာမျိုးပါ။
အဲဒီမှာ ကြည့်စမ်းပါ့ ၁၃ ရာစုက မာကိုပိုလို ပုဂံရောက်စဉ်
ရေးဆွဲခဲ ့တဲ့ ပုဂံတဲ့။ ဘယ်လိုထင်မိ ပါသလဲ။
#Credit: Original Writer

No comments