New Artical

သဘာဝကုထုံးများ

 


သဘာဝကုထုံးများ

# အအေးမိနေရင်။
ကြက်သွန်ဖြူစားပါ။ နှာပိတ်တာ၊ခေါင်းအုံတာ သက်သာနိုင်ပါတယ်။ကြက်သွန်ဖြူက သွေးတွင်းကကိုလက်စတရောပမာဏကို လည်း လျော့ကျနိုင်ပါတယ်။

# သွေးတွင်းသကြားဓာတ် မြင့်တက်နေရင်။
မြေပဲနဲ့ အစိမ်းရောင်ပန်းဂေါ်ဖီစားပါ။ဒီအစာ နှစ်မျိုးမှာ ပါဝင်တဲ့ ခရိုမီယမ်က အင်ဆူလင်နဲ့ သွေးတွင်းသကြား ပမာဏ ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်း ပေးပါတယ်။

# သွေးကြောပိတ်ဆို့မှု ဖြစ်နေရင်။
ထောပတ်သီးစားပါ။ သူ့မှာ ပါဝင်တဲ့ မပြည့်ဝဆီတွေက သွေးတွင်း ကိုလက်စတရော ပမာဏကို လျော့ချပေးပါတယ်။

# ဝမ်းပျက်ဝမ်းလျောဖြစ်နေရင်။
ပန်းသီး ဒါမှမဟုတ် ငှက်ပျောသီးစားပါ။ ဒီအစာတွေက ဝမ်းပျက်တာ သက်သာနိုင်ပါတယ်။

# သွေးတိုးနေရင်။
တရုပ်နံနံနဲ့ သံလွင်ဆီ စားပါ။ သံလွင်ဆီက သွေးဖိအား ကျဆင်းနိုင်ပါတယ်။ တရုပ်နံနံမှာ ပါဝင်တဲ့ ဓာတုပစ္စည်း တွေကလည်း သွေးဖိအား ကျဆင်းနိုင်ပါတယ်။

# သားမြတ်ကင်ဆာဖြစ်နေရင်။
ဂေါ်ဖီထုပ်စားပါ။ သူက ကိုယ်တွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ အီစတရိုဂျင် ပမာဏ ဖြစ်အောင် ကူညီနိုင်ပါတယ်။

# မှတ်ဉာဏ် လျော့ကျနေရင်။
ငါး၊ ရွှေဖရုံစေ့၊ ဗန်ဒါစေ့၊ သစ်ကြားသီး နဲ့ အနီရောင်အသားလိုမျိုး သွပ်ဓာတ် ပါဝင်မှု များတဲ့ အစားအစာတွေကို စားပါ။သွပ်က မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်မှု အတွက် အဓိကနေရာက ပါဝင်ပါတယ်။
CREDIT

No comments