ကျန်းမာဖို့အတွက်အုန်းစိမ်းရည်(၇)ရက်
ကျန်းမာဖို့အတွက်အုန်းစိမ်းရည်(၇)ရက်
ကမ္ဘာပေါ်မှာအကောင်းဆုံးရေဟာဘာလဲ
အုန်းစိမ်းရည်ပဲဖြစ်ပါတယ် အလွန်မြင့်တဲ့ပင်ဖျားအထက်ကအုန်းသီးထဲကို
ဘယ်သူရေလာထည့်သလဲဆိုတာပဟေဠိတစ်ခုပါပဲ
အုန်းရည်ဟာအံ့သြစရာကောင်းလောက်အောင်ကို
ကောင်းပါတယ် -အုန်းရည်လိုပြောတာဟာ အုန်းစိမ်းရည်ကိုပြောခြင်းဖြစ်ပါတယ်။
အုန်းရည်က၂မျိုးရှိတယ်-အုန်းသီးစိမ်းသို့မဟုတ်
အုန်းသီးနုကရတဲ့အုန်းစိမ်းရည်နဲ့အုန်းသီးရင့်သို့မဟုတ်
အုန်းသီးခြောက်ကရတဲ့အုန်းရင့်ရည်တို့ပဲ ဖြစ်တယ်
အဲဒီ၂မျိုးကအတော်ကိုကွာခြားပါတယ်
အုန်းစိမ်းရည်ဟာလူ့ကျန်းမာရေးအတွက်အလွန်
ကောင်းစေပြီးအုန်းရင့်ရည်ကတော့လုံးဝ
မသောက်သင့်ပါဘူး။
အုန်းရည်သောက်ရင်အပူကန်တယ်လို့ပြောကြတာ
ကြားဖူးပါလိမ့်မယ်။အဲဒါဟာအုန်းရင့်ရည်သို့မဟုတ်
အုန်းခြောက်ရည်ကိုပြောခြင်းဖြစ်ပါတယ်။
အုန်းသီးရင့်သွားတဲ့အခါမှာအုန်းရည်ထဲကအကျိုးပြု
ဓာတ်ပစ္စည်းတွေကအုန်းသားထဲကိုဝင်သွားပြီဖြစ်လို့
သူ့ထဲမှာဘာမှမကျန်တော့ပါဘူး။အဆီတစ်ချို့သာ
ကျန်တော့တဲ့အတွက်သောက်တဲ့သူတွေကိုအပူကန်စေ
ပါတယ်။ဘာမှအကျိုးမရှိတဲ့အတွက်မသောက်သင့်ပါဘူး။
အုန်းစိမ်းရည်ကတော့အကျိုးပြုပစ္စည်းတွေအများကြီး
ပါတဲ့အတွက်လုံးဝကိုသောက်သင့်ပါတယ်။
ကယ်လိုရီအားဖြင့်55klသာပါတဲ့အတွက်လူကိုလည်း
လုံးဝမဝစေနိုင်ပါဘူး။အုန်းစိမ်းရည်တစ်လုံးသောက်လိုက်တာနဲ့ဗိုက်ကိုကားသွားပြီးကျေနပ်သွားလေ့ရှိပါတယ်။
တကယ်ကိုအားရှိတယ်လို့ကိုခံစားရပါလိမ့်မယ်။
အုန်းစိမ်းရည်တစ်လုံးမှာပါတဲ့ပိုတက်စီယမ်ဓာတ်ဟာ
ဌက်ပျောသီး၄လုံးမှာပါတဲ့ပိုတက်စီယမ်ထက်ပိုများ
ပါတယ်။ဒါကြောင့်သွေးတိုးရောဂါကိုကျစေပြီး
လေဖြတ်ခြင်းကိုကာကွယ်ပေးထားနိုင်ပါတယ်။
အဲဒီ့အပြင်အံ့သြစရာကောင်းလောက်တဲ့အောက်ပါ
အကျိုးကျေးဇူးများကိုလည်းပေးပါသေးတယ်။
-ကိုယ်တွင်းအဆီများကိုလောင်ကျွမ်းစေခြင်း
-ကျောက်ကပ်မှကျောက်များကိုဖယ်ရှားပေးခြင်း
ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း
-အစာခြေစနစ်ကိုအားကောင်းစေခြင်း
-သွေးလည်ပတ်မှုအားကောင်းစေခြင်း
-နှလုံးကျန်းမာရေးကိုတိုးတက်စေခြင်း
-အင်နာဂျီမြင့်လာခြင်း
-သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း
-ဦးနှောက်ကိုသန့်စင်စေခြင်း
-ကိုယ်တွင်းရေဓာတ်ခန်းခြောက်မှုမဖြစ်အောင်
ကာကွယ်ခြင်း
-ကိုယ်အလေးချိန်ကျဆင်းစေခြင်း
-အရေပြားကိုလှပစေခြင်း
-ကိုယ်တွင်းလိုအပ်သောသတ္တုဓာတ်များကိုဖြည့်ပေးခြင်း
-ဆီးအိမ်ကိုသန့်ရှင်းစေခြင်း
-အပူကန်ခြင်းမှကာကွယ်ပေးခြင်း
-သွေးလွန်တုတ်ကွေးအဖျားအပူချိန်ကိုပင်ချပေးနိုင်ခြင်း
-ဓာတ်ဆားရည်ကဲ့သို့အာနိသင်ရှိခြင်း
-အရက်မူးလွန်ခြင်းကိုသက်သာစေခြင်း
-Antioxidant actionရှိခြင်း
-ကိုယ်ခံအားကိုကောင်းစေခြင်း
-ယောက်ကျားအားကိုကောင်းစေခြင်း
-ကြွက်တက်ခြင်းမဖြစ်အောင်ကာကွယ်ခြင်း
-ကြွက်သားလုပ်ဆောင်ချက်များကိုကောင်းစေခြင်း
-ကျောက်ကပ်ကျောက်မတည်အောင်ကာကွယ်ပေးခြင်း
-ဆီးရွှင်စေခြင်းအစရှိတဲ့ကောင်းကျိုးတွေကိုရရှိစေပါတယ်
အဲဒီလိုကောင်းကျိုးတွေပေးတဲ့အုန်းစိမ်းရည်ကို
ကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုပြည့်ပြည့်ဝဝ
ထည့်ပေးနိုင်မယ်ဆိုရင်ကိုယ်ခံစွမ်းအားတွေ
ကောင်းလာပြီးကျန်းမာလာမှာဖြစ်ပါတယ်။
ပြည့်ပြည့့်ဝဝထည့်ဖို့ဆိုတာဘယ်လိုလုပ်ရမှာလဲ။
ရှေးကတည်းကအုန်းစိမ်းရည်တစ်ပတ်သောက်နည်း
ဆိုတာရှိခဲ့ပါတယ်။အားအင်ချို့တဲ့သူတွေ၊နာမကျန်း
ဖြစ်နေသူတွေကိုတစ်နေ့အုန်းစိမ်းရည်တစ်လုံး(၇)ရက်
သောက်ခိုင်းလိုက်တာနဲ့ချက်ချင်းထူထောင်လာတော့
တာပါပဲတဲ့။တစ်ခြားမကြည့်နဲ့ဗျာ၊ဝမ်းတွေလျောလို့
လဲနေတဲ့သူကိုအုန်းစိမ်းရည်တစ်လုံးတိုက်လိုက်တာနဲ့
ချက်ချင်းလန်းဆန်းလာတာပဲကြည့်။
ဂျပန်ခေတ်တုန်းကဆိုရင်ဘာဆေးမှရှိတာမဟုတ်ပါဘူး
နာမကျန်းဖြစ်ကြတဲ့ဗမာတွေရောဂျပန်တွေပါအများ
ကြီးပါပဲ။အဲဒီမှာဂျပန်တွေကရွာတွေထဲဝင်ပြီး
အုန်းစိမ်းရည်ရက်ဆက်သောက်တော့တာပါပဲ။
ဘာအစာမှမစားဘဲအုန်းစိမ်းရည်တစ်မျိုးထဲနဲ့ကို
ရက်ပေါင်းများစွာအသက်ရှင်နိုင်ကြပါတယ်။
ပြီးတော့ဖြစ်နေတဲ့ရောဂါတွေလည်းပျောက်ကင်း
သက်သာကြပါတယ်တဲ့။
ဒါကြောင့်မိတ်ဆွေတို့သည်လည်းတစ်နေ့ကို
အုန်းစိမ်းရည်တစ်လုံး(၇)ရက်ဆက်တိုက်သောက်ကြည့်
လိုက်ပါ။အုန်းစိမ်းရည်ကိုဝယ်ရင်လည်းသေသေချာချာ
ကြည့်ဝယ်ဖို့လိုပါတယ်။လုံးဝအသားမတက်သေးတဲ့
အုန်းသီးဖြစ်ရမယ်၊လေးနေရမယ်၊လှုပ်ကြည့်ရင်
အရည်ပြည့်နေရမယ်၊ဇွန်းခြစ်သာသာဖြစ်ရမယ်
အုန်းရည်ရဲ့အရသာဟာချိုချဉ်ငန်တဲ့အရသာဖြစ်နေရမယ်။အဲဒီအုန်းစိမ်းရည်(၇)ရက်သောက်ပြီးရင်အားတွေပြည့်လာပြီးကိုယ်ခံစွမ်းအားတွေကောင်းလာမယ်၊ကျန်းမာလာမယ်။အဲဒီလိုမကြာခဏသောက်ပေးခြင်းဖြင့်ရောဂါကင်းပြီး
ကျန်းမာစွာနဲ့အသက်ရှည်ပါလိမ့်မယ်။ဒါဟာသဘာဝက
ပေးတဲ့လက်ဆောင်တစ်ခုပါပဲ။အဲဒီလိုကောင်းကျိုးတွေ
အများကြီးပေးတဲ့အတွက်လည်းအုန်းစိမ်းရည်က်ို
ကမ္ဘာပေါ်မှာအကောင်းဆုံးရေလို့သတ်မှတ်ကြတာဟာ
မလွန်ပါဘူးလေ။
'ပထမတန်းစားကျန်းမာရေး'
ဆရာ မင်းကျော်ဝင်း ဆောင်းပါးအား ပြန်လည်မျှဝေပါတယ်။
No comments