ဘာပဲသုံးသုံး စာရင်းမှတ်ပါ
ဘာပဲသုံးသုံး စာရင်းမှတ်ပါ
"ကိုယ့်ဘာသာကိုယ်သုံးလို့ ကုန်သွားတာ၊
ဘယ်သူကပြန်လာပေးမှာမို့လဲ..??"
"စာအုပ်ကုန်တာဘဲ အဖတ်တင်လိမ့်မယ်"လို့ပြောတဲ့သူ၊တွေးနေတဲ့သူတွေလည်း ရှိပါလိမ့့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း အရင်က အဲလိုတွေးမိခဲ့လို့ပါဘဲ။
စာရင်းမမှတ်ရင် ဒီလကိုယ့်မှာ ဘယ်လောက်ဝင်ငွေရှိလဲဆိုတာမသိရသလို
(ဝန်ထမ်းဘဲလုပ်တယ်ဆိုရင်တော့ သိရပါတယ်)၊
ကုန်ကျစရိတ်/ထွက်ငွေဘယ်လောက်ရှိလဲ ဆိုတာလည်း အတိအကျမသိပါဘူး။
သုံးမိနေမြဲ၊ဖြုန်းမိနေမြဲပါဘဲ။ရရစားစားဘဲဖြစ်နေမှာပါ။
အကြွေးတင်တဲ့လတွေမှာ တင်သလို..ပိုတဲ့လလည်း သိပ်မစုမိသလိုပါဘဲ။
စာရင်းမှတ်တဲ့ အကျင့်လုပ်ဖို့ မိတ်ဆွေတစ်ယောက်က ပြောလို့ ကျနော် လယ်ဂျာစာအုပ်လေးနဲ့ စာရင်းစမှတ်ကြည့်တယ်။
"သိလိုက်ရပါပြီ"မလိုအပ်ဘဲနဲ့ သုံးမိတဲ့ အပိုအသုံးစရိတ်တွေကလည်း အများကြီးပဲ။
အပျော်အပါး၊ပွဲလမ်းသွားတဲ့ စရိတ်တွေ၊မဝယ်သင့်တဲ့၊ မဝယ်ရင်လည်းဖြစ်တဲ့ ပစ္စည်း အသုံးအဆောင်တွေကလည်း ဒုနဲ့ဒေးပါ။
နောက်ရက်တွေ နောက်လတွေမှာတော့ မဝယ်မိအောင်၊ မဖြုန်းမိအောင် ဆင်ခြင်လို့ရသွားပါတယ်။
ဝင်ငွေနဲ့ထွက်ငွေတွေ သိရှိနိုင်ဖို့ ရတာထက်ပိုမသုံးမိစေဖို့ အသုံးစရိတ်တွေ နည်းပြီးစုမိစေဖို့
သုံးသမျှစာရင်းလုပ်ပါ။
Credit: Original uploader.
No comments