ကင်းမွန်သံပုရာပေါင်း
ကင်းမွန်သံပုရာပေါင်း
ဂျင်းကိုထောင်းပါ။ ရလာသော ဂျင်းရည်ကို ညှစ်၍ ကင်းမွန်ပေါ်တွင်ဆမ်းပြီး
၁၅မိနစ်ခန့်ပေါင်းပေးပါ
( ထမင်းပေါင်းအိုးတွေမှာပါတဲ့ အလယ်အကန့်လေးပေါ်မှာ စတီးပန်းကန်လေးတင်ပြီးပေါင်းလို့ရပါတယ် ပေါင်းအိုးထဲမှာတော့ ရေထည့်ထားပေါ့ )
ပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ်ပါ။
ရေအနည်းငယ် ကြက်သားမှုန့် သကြား ပဲငံပြာရည် လှီးထားသောငရုတ်သီးများထည့်ပြီး ဆူပွက်လာသည်အထိ တည်ထားပေးပါ။
ဆူပြီဆို အအေးခံပြီးနောက် သံပုရာရည်များညှစ်ထည့်ပါ။
နောက်ဆုံးမှ ကင်းမွန်အပေါ်ကနေဆမ်းပြီးတော့ သံပုရာကွင်းလေးတွေနဲ့အလှဆင်နိုင်ပါပြီ။
နံနံပင် ပူစီနံ နှစ်သက်သူများလည်း ထည့်ဝင်စားသုံးလို့ရပါတယ်နော်
credit
No comments