New Artical

ဘာကြောင့် နွားသားကို အမဲသားလို့ခေါ်ကြသလဲ....?

 


ဘာကြောင့် နွားသားကို အမဲသားလို့ခေါ်ကြသလဲ....?

 အသားစား သတ္တဝါထဲ၌ ..သရဲ.သဘ္ဘက်     ဘီလူး.ကျား.ခြင်္သေ့..တခြားသော မကောင်း ဆိုးဝါး မိစ္ဆာများမှာ...  အသားထဲ၌..နွားသား ကိုသာ အကြိုက်ဆုံးဖြစ်သည်... နွားသား၏ အနံ့မှာလည်း အညှီဆုံးဖြစ်သလို နွားသားစားခြင်းကြောင့်လည်း ​သွေးသား အားကောင်းခြင်းဖြစ်သည်...
 ကြက်သေတော့ .ကြက်သား ဝက်သေတော့ ဝက်သား လို့ခေါ်ကြသည်မှာ အမှန်တိုင်းပင်ဖြစ်  သော်လည်း..
 နွားသေတဲ့ အသားကျတော့..အမဲသားဟူ၍. ခေါ်ဝေါ်ခြင်းမှာ.ထူးဆန်းလှသည့် အပြင်. ဘာကြောင့် အဲဒီလိုခေါ်ဝေါ်ခြင်းကို  မသိသူကများပါသည်။
 အမဲသားဟုခေါ်ဝေါ်ခြင်းမှာ..
 မကောင်းသော အမှောင်လောကသားတို့သာ  ကြိုက်နှစ်သက်ကြသည် စားကြသည်... မက်မောကြသည်ဖြစ်၍ .. သာမန်လူသား တို့အနေနဲ့..ဖြူစင်သန့်ရှင်းသော အသား မဟုတ်ပါကြောင်းကို ဆိုလိုသည်... မသန့်ရှင်းဟုဆိုသည်မှာ...ရွံစရာ ကောင်းအောင် ညစ်ပတ်နေတာကို  ပြောသည် မဟုတ်ပါ... အကုသိုလ်တွေ ဖုံးလွှမ်း ​ပေကျံ ​နေသောကြောင့်.. မကောင်းဆိုးဝါးများသာ နှစ်သက်သောကြောင့်.. မသန့်ရှင်း မဖြူစင်ဘူးဟု ဆိုပါသည်....  အမှောင်လောကသားတို့ ပရလောကသားတို့..  ကုသိုလ် နှင့် အကုသိုလ်ကို မသိ နားမလည်   မခွဲခြား တတ်သော မလုပ်နိုင်သော သူတို့သာ.. စားမက်ဖွယ်ရာဟု သတ်မှတ်ထားသော အသားဖြစ်၍  အမဲသားဟု ​ခေါ်ဝေါ်ကြသည်..... ထို့သို့..အမဲသားကို.ကြိုက်နှစ်သက်သော စားသောက်ကြသော..သာမှန်လူသားတို့ ၌တွင်.. ထိုသူတို့၏ ခန္ဓာတွင်လည်း အင်မတန် ညစ်နွမ်းခြင်း အနံ့သက် အညှီနံများ စွဲနေလေ၏... မိမိကိုယ် မိမိမသိသော်လည်း..အထက်မှာ  ဖော်ပြထားသည့်.. အမဲသားကိုမက်မော နှစ်သက်စွာ. ကြိုက်နှစ်သက်သည့်.. ပရေလောကသားများ..ကျားရဲတိရိစ္ဆာန်များ..  အစိမ်းသေ .သရဲ. သဘ္ဘက် ဘီလူးများ.မှာ ထိုအသား၏ အနံ့ကို ယဉ်ပါးနေပြီဖြစ်၍ ထိုအသားကို စားသောက်ထားသည့် သာမန် လူသားများကို အလွယ်တကူ သိရှိကြ၏.. အလွယ်တကူ အနံ့ရ၏... ထို အနံ့ရရှိသော လူသားတို့ကိုလည်း ထိုမိစ္ဆာတို့က.. အမဲသားကို ကြိုက်နှစ်သက် မက်မောသလို.. ထိုအသား စားထားသော လူသားတို့ ကိုလည်း မက်မောကြ၏..ကြိုက်နှစ်သက်ကြ၏...  သူတို့၏ အကြိုက်ဆုံး အနံ့ အစားသောက်သည်..  မည့်သည့်လူ.မည့်သည့်နေရာ၌ ရှိသည်ကို အလွယ်တကူ သိကြ၏... ထိုအသားကို စားသုံးသော.လူသားတို့၌လဲ..  ထိုမိစ္ဆာ အပေါင်းက မစားတဲ့သူများထက်..  လွယ်ကူစွာ ​နှောက်ယှက်နိုင်၏...  လွယ်စွာ တိုက်ခိုက်ဖြတ်စီးနိုင်၏...  ထိုအသားကို စားသုံးသောသူတို့မှာလဲ.. ကံနိမ့်၏..ဉာဏ်နိမ့်၏... ထိုကြောင့်ပင်..ဤနွားသား.ခေါ်  အမဲသားကို..  သူတော်ကောင်းတို့ လောကီပညာရှင်တို့  တရားအားထုတ်သော အရိယာ သူတော်စဉ်ပုဂ္ဂိုလ်တို့က ​ရှောင်ကျဉ် ၍..မစားကြပေ.. အာဆိပ် လျှာဆိပ် ညံ့သည်...  ဩဇာအာဏာစက် ညံ့သည်..ပြောဆိုသမျှ ကြံစည်သမျှ ပျက်စီးစေတတ်သည်... လာဒ်ပိတ်တတ်သည်....ထိုကြောင့်ဖြစ်ပါ၍.. သူတော်ကောင်းများ အနေဖြင့်.. မစားကြ ပါနဲ့လို့ ​ပြောဆိုအမိန့်ပေးခွင့်..ပိတ်ပင်တား စီးခွင့် မရှိပါသောကြောင့်...မိမိ၏ ကိုယ်ပိုင် အသိဉာဏ်လေးဖြင့် ဆင်ခြင်သုံးသပ်၍ သတိတရားများ ရှိကြပါစေ.....
Crd...

No comments