ပုဇွန်သံပုရာပေါင်း
ပုဇွန်သံပုရာပေါင်း
ငါးသံပုရာပေါင်းက လူသိများပေမဲ့ ပုဇွန်သံပုရာပေါင်းက လူသိနည်းနေဆဲပါ..ထူးထူးခြားခြားလေးကို အိမ်မှာချက်ကြည့်ရအောင်..
- အရမ်းလတ်ဆတ်တဲ့ ပုဇွန်ကျားကိုရွေးဝယ်ပြီး ခေါင်း၊ ကျောရိုးက အညိုကျော ကို ဖယ်ရှား သန့်စင် ပါ..
- ကြက်သွန် ဖြူ နီ၊ ငရုပ်သီးစိမ်း၊ နံနံမြစ်၊ ဂျင်း တို့ကို ရောပြီး မညက်တညက်ထောင်းပါ။
- အိုးထဲတွင်ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ပါ။
- ရေနွေးဆူထဲသို့ ထောင်းထားသော အစုံကိုထည့်လိုက်ပါ။
- ယိုးဒယား ပုစွန်ငံပြာရည်၊ သံပုရာရည် တို့ကိုလိုက်ထဲ့ပါ။
- ပုဇွန်ကိုထည့်ပါ။ ၄မိနစ်ခန့်စောင့်ပြီး ဆားမြည်းပါ။ မထုတ်မီ နံနံနှင့်ရှမ်းနံနံအုပ်ပါ။
ရပါပြီ။
credit
No comments