🌿ဒန့်သလွန်ရွက် အပွင့် အသီးရဲ့ အကျိုးကျေးဇူး 16 ချက် 🌿
ဒန့်သလွန်ရွက် အပွင့် အသီးရဲ့ အကျိုးကျေးဇူး 16 ချက်
Moringa လို့ခေါ်တွင်တဲ့ ဒန့်သလွန်ပင်ဟာ နိုင်ငံအနှံ့အပြားမှာတွေ့ရှိရပြီး လူတိုင်းနီးပါးစားသုံးကြတယ်။ ဒန့်သလွန်ရွက်ဟင်းခါး၊ ငါးရံ့ဒန့်သလွန်ဟင်း လူတိုင်းစားသုံးကြမှာပါ။ သူ့ဟာကျန်းမာရေးအတွက်ဘယ်လောက်အထောက်ကူပြုသလဲပြောပေးချင်ပါတယ်။
၁။ အသားအရေနဲ့ဆံပင်ကို အားဖြည့်ပေးတယ် ထိမ်းသိမ်းပေးပါတယ်တဲ့။ ဒန့်သလွန်စေ့ အဆီဟာ ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေး တယ်။ ဒန့်သရွက် အပွင့် အသီး အားလုံးမှာ protein ဓါတ်ပါဝင်တဲ့အတွက် skin cell တွေကို ပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။
၂။ ဖောယောင်ခြင်းကိုလဲကုသနိုင်ပါတယ် (Treating Edema) anti-inflammatory properties ပါဝင်တဲ့အတွက်ဖောရောင်ခြင်းတွေကိုလဲကာကွယ်ပေးပါတယ်။
၃။ အသည်းကိုကာကွယ်ပေးခြင်း (protecting liver) TB ဆေးတွေသောက်ခြင်း ဆေးပြင်းတွေသောက်ခြင်းကြောင့် အသည်းပျက်စီးခြင်းကိုကာကွယ်ပေးပါတယ်။
၄။ ကင်ဆာကိုကာကွယ်ခြင်း၊ ကုသခြင်း (protecting and treating cancer) niazimicin compound ပါဝင်တဲ့အတွက် ကင်ဆာဆဲလ်တွေပွားလာခြင်းကိုလဲတားမြစ်ပါတယ်။
၅။ အစာအိမ်အနာဖြစ်ခြင်းကိုကာကွယ်ခြင်း အစာအိမ်ရောဂါ - လေပူထ၊ အက်ဆစ်ဓါတ်များခြင်း ဝမ်းချုပ်ခြင်းအစရှိသဖြင့် အစာအိမ်ရောဂါကာကွယ်ပေးပါတယ်။ vitamin D များစွာပါဝင်လို့ အစာခြေစနစ်ကောင်းမွန်စေပါတယ်။
၆။ Fighting against bacterial disease သူ့မှာပါဝင်တဲ့ antibacterial, antifungal, နဲ့ antimicrobial properties တွေကြောင့် ရောဂါပိုးဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၇။ Making bones healthier (အရိုးကိုသန်မာစေတယ်) ဒန့်သလွန်မှာ calcium နဲ့ phosphorous ပါဝင်တဲ့အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ anti-inflammatory properties တွေလဲပါဝင်တဲ့အတွက် လေးဖက်နာရောဂါ၊ အရိုးပျက်စီးခြင်းတွေကိုလဲ သက်သာစေပါတယ်။
၈။ စိတ်ကျန်းမာကို ကုသခြင်း (treating mood disorder) စိတ်ကျတာ စိတ်ပင်ပန်းလွယ်တာ သောကဖိစီးတာ စိတ်ပင်ပန်းနေတာတွေအတွက် ကုသရာမှာအထောက်ကူပေးပါတယ်။
၉။ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာတွေကို အထောက်ကူပြုခြင်း ဒန့်သလွန်မှာ powerful antioxidants ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
၁၀။ အနာတရတွေကို သက်သာစေတယ် (Helping wounds to heal)
၁၁။ ဆီးချိုကိုကုသခြင်း (treating diabetes) သွေးတွင်းရှိ glucose ပမာဏကိုလျော့ချပေးတယ်။ hemoglobin levels ကိုမြင့်တက်စေပါတယ်။
၁၂။ ပန်းနာရင်ကြပ်ရောဂါကုသခြင်း (treating asthma) ဒန့်သလွန်ဟာ ပန်းနာရင်ကျပ် attack ကိုလျော့ကျစေတယ်။ အဆုတ်လေပြွန်တင်းကြပ်လာမူကိုကာကွယ်ပေးတယ်။ အဆုတ်ရဲ့ လုပ်ဆောင်ချက်ပိုကောင်းလာစေပါတယ်။
၁၃။ ကျောက်ကပ်ကို ကာကွယ်ပေးခြင်း (protecting against kidneys disorders) Antioxidants များစွာပါဝင်တဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်။ ကျောက်တည်ခြင်းကိုလဲလျောချပေးပါတယ်။
၁၄။ သွေးတိုးကျစေတယ်( reducing high blood pressure) ဒန့်သလွန်မှာ isothiocyanate နဲ့ niaziminin compounds ပါဝင်တဲ့အတွက် သွေးတိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သွေးကြောထူထဲလာခြင်းကို ရပ်တန့်စေပါတယ်။
၁၅။ မျက်စိကျန်းမာရေးကိုတိုးတက်စေခြင်း (improving eyes health) ဒန့်သလွန်မှာ antioxidants ပါဝင်မူ level မြင့်မားတဲ့အတွက် အမြင်အာရုံတိုးတက်စေတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ ဆံခြည်သွေးကြောမျင်လေးတွေထူထဲလာခြင်းကို ကာကွယ်ပေးပါတယ်။ အမြင်အာရုံချို့ယွင်းခြင်းကိုလဲကာကွယ်ပေးပါတယ်။
၁၆။ သွေးအားနည်းရောဂါ ၊ မျိုးရိုးကြောင့်ဖြစ်တဲ့ ပြင်းထန်သွေးရောဂါ (treating anemia and sickle cell disease) ဒန့်သလွန်ဟာခန္ဓါကိုယ်မှာ သံဓါတ်စုတ်ယူမူကို အထောက်ကူပြုတယ်။ သွေးနီဥအရေတွက်တိုးစေတယ်။ Anemia နဲ့ Sickle cell disease တွေကိုကုသရာမှာအထောက်ကူပြုပါတယ်။
နေ့စဉ်ပုံမှန်စားသောက်နေကျအတိုင်း ဟင်းခါးသောက်တာ ကြော်ချက်စားတာ အသီးကိုချက်စားတာ စားလို့ရပါတယ်။ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ပမာဏများများစားသုံးရင်တော့ ဆိုးကျိုးတော့ဖြစ်တတ်ပါတယ်။ ဆေးဝါးသောက်သုံးနေရတဲ့သူတွေကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလဲဒီအတိုင်းပါဘဲ။
သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေ။
Source from internet
No comments