ကုသိုလ်ပြုရာတွင် အကုသိုလ်မရောပါစေနဲ့။
ကုသိုလ်နှင့်အကုသိုလ်ဒီသဘာ ဝတရားနှစ်ခုဟာ ကုသိုလ်က သူ့သ ဘာဝနဲ့သူ။အကုသိုလ်ကလည်း သူ့သဘာဝနဲ့့သူပဲ။
ကုသိုလ်ကို အကုသိုလ်လို့လည်းပြောမရဘူး။အကုသိုလ်ကို ကု သိုလ်လို့လည်းပြောလို့မရဘူး။
တချို့က ပြောကြတယ်။ ဆရာသမားတွေက သို့မဟုတ် မိဘတွေက သားသမီးကို ဆုံးမတယ်။ မလိမ္မာလို့ ဒေါသနဲ့ ရိုက်တယ်။ ဒါကို”ကရုဏာ ဒေါသ” လို့ ခေါ်ကြတယ်။
ဘယ်လိုလုပ် ကရုဏာဒေါသ ဖြစ်မှာလဲ။ဒေါသကရော ဘယ်လို ကရုဏဖြစ်လဲ။သဘာဝနှစ်ခုကို ပေါင်း စပ်ပြီးတော့ ပြောတာ။
ဒီလိုပြောရင်တော့ ရတယ်ပေါ့။
သနားတဲ့အပေါ်မှာ အခြေခံပြီးတော့ ဒေါသဖြစ်တာ။ အဲဒါသနားတဲ့ ကရုဏာကတော့ကုသိုလ်ပဲ။ ဒေါသကတော့ အကုသိုလ်ပဲလေ။
အဲဒါကို တချို့က အပြစ်မရှိဘူးထင်နေတယ်။ ဒေါသဆိုရင် ဘာဒေါသပဲဖြစ်ဖြစ် ကရုဏာပေါ်အ ခြေခံထားထား ဘာကိုပဲ အခြေခံထားထားဒေါသက အကုသိုလ်ပဲ။
အပိုင်းက နှစ်ပိုင်းပဲ။ သူ့ဟာနဲ့ သူသွားတာ။အကုသိုလ်ကအကု သိုလ် အပိုင်းပဲ။
ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ ရောလို့မရဘူး။သဘာဝချင်းကိုက အ လွန်ခြားနားတယ်။
“ကုသလာ အနဝဇ္ဇ သုခဝိပါက လ က္ခဏာ” ကုသိုလ်မှန်လို့ရှိရင် အ ပြစ်ကင်းတယ်။
ကောင်းတဲ့အကျိုးကိုပေးနိုင်တယ် ။ဒါကုသိုလ်ရဲ့သဘာ ဝတ ရား။
အကုသိုလ်ကျတော့ “သာဝဇ္ဇ ဒုက္ခ
ဝိပါကလက္ခဏာ” အပြစ်ရှိတယ်တဲ့။
သဘာဝကိုက အပြစ်ရှိတယ်။ အ ပြစ်ရှိရုံတင် မကဘူး။ “ဒုက္ခဝိပါက” ဆင်းရဲတဲ့ အကျိုးကိုထုတ် လုပ်သေးတယ်။ ဒါ သူ့ရဲ့သဘာဝ။
အဲဒီနှစ်ခု ဘယ်လိုလုပ် ပေါင်းစပ်လို့ ရမလဲ။မရဘူး။ တစ်ပိုင်းစီပဲ မှတ်ရမယ်။ အကုသိုလ် ဖြစ်ရင် အကုသိုလ်ပိုင်းပဲ။
တချို့ကောင်းမှုပြုပြီး စိတ်ပျက်တယ်။ဥပမာ။ အလှူအတန်းလှူတယ် ဆိုပါတော့။လမ်းမှာတွေ့တဲ့ ကိုယ်တော်တစ်ပါးကို လှူလိုက်တယ်။
အဲဒီကိုယ်တော်က ဘုန်းကြီးစစ်မဟုတ်ဘူး။အရေခြုံလာတဲ့ ကိုယ် တော်။
ဆိုပါစို့။ “သြော် ငါလှူမိတာ မှားလိုက်တာ”ဆိုတော့ ကိုယ့်ဒါနကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တာပဲ။
လှူဒါန်းတုန်းက ဒါနကုသိုလ်။ အဲဒီ ဒါနကိုအကြောင်းပြုပြီး အ ကု သိုလ်ဖြစ်တာပဲ။
အဲဒီဒါနကို စိတ်ပျက်သွားပြီးလို့ ရှိရင်ဘာဖြစ်မတုန်း။ အကုသိုလ်ပဲ ဖြစ်တာပဲ။
ဒါဘာတုန်းဆို”ဥပနိဿယပစ္စည်း “ကုသိုလ်ကလည်းအကုသိုလ်ဖြစ် စေတယ် ဆိုတာကို ဒီလို သတိ ထားရမယ်ပေါ့။
ဒီတော့ ကုသိုလ်လုပ်တိုင်း ကု သိုလ်ရတာမဟုတ်ဘူး။ သူ့အပိုင်းနဲ့သူ။ ကုသိုလ်ရတဲ့အ ပိုင်းက ရတယ်။ အကုသိုလ်ဖြစ်တဲ့အပိုင်းကအကုသိုလ်ပဲ ။
အဖြူနဲ့ အမဲ တွဲလို့မရဘူး။ အဖြူနဲ့အမဲတွဲလိုက်လို့ရှိရင် ဘာဖြစ်သွားမလဲ။ အကြောင်ကြီး ဖြစ်သွားမှာပေါ့။
“ပုရိမာ ပုရိမာ ကုသလာ ဓမ်မာ ပစ်ဆိမာနံပစ်ဆိမာနံ အကုသလာနံ ဓမ်မာနံ ကသေဉ်စိဥပနိဿယ ပစ္စယေန ပစ္စယော”
ရှေးရှေးက ဖြစ်လာတဲ့ ကုသိုလ်တရားတွေဟာ နောက်နောက် အ ကုသိုလ်တရားတွေကိုဥပ နိ ဿယပစ္စည်းအချို့ဖြင့် ကျေးဇူးပြုပါတယ်စျာန်တရား ရတယ်။ ထိုစျာန် လျှောသွားသည့်အတွက်ကြောင့် စိတ်ထဲမှာ မကျေမနပ်ဝမ်း နည်းပက်လက်ဖြစ်တယ်ဆိုရင်…စျာန်တရားက ကုသိုလ်။ဝမ်းနည်း ပမ်းနည်းဖြစ်တာက အ ကုသိုလ်။ ကုသိုလ်ကိုအကြောင်း ပြုပြီး အ ကုသိုလ်ဖြစ်တာပဲ။
အားလုံးဟာ ဒီအတိုင်းပဲ။ သ ဘောပေါက်ရမယ်နော်။ ဒါ ဥပနိဿယ ပစ္စယော။
ဒါကြောင့် တရားချစ်ခင်သူ တော်ကောင်း အပေါင်းတို့ …
ကုသိုလ်က ကုသိုလ်အလုပ်၊ အ ကုသိုလ်ကအကုသိုလ်အလုပ်လို့ ကွဲကွဲပြားပြားသိရှိကြပြီး၊ကု သိုလ်ပြုရာတွင် အကုသိုလ် မရောယှက်စေဘဲ …
စင်ကြယ်သော ကုသိုလ်တရားဖြစ်အောင်စွမ်းဆောင်နိုင်ကြစေပြီးလျှင် မြတ်သောကုသိုလ်ကို ဖော်ဆောင် ပိုင်ဆိုင်နိုင်ကြပါစေ။
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးဒေါက်တာ အရှင်အရှင်နန္ဒမာလာဘိဝံသ
“ပဋ္ဌာန်းမြတ်ဒေသနာ” တရားတော်မှ …
No comments