ပုဇွန်ကော်ပြန့်လိပ် လုပ်စားကြမယ်
ပုဇွန်ကော်ပြန့်လိပ်
ပါဝင်သောပစ္စည်းများ
- ပုဇွန် – နှစ်ဆယ်ကျပ်သား
- ကော်ပြန့်ရွက် – ငါးဆယ်ရွက်
- စိမ်းစားဥ(အကြီး) – လေးလုံး
- ဂဏန်း(လက်မချောင်း) – အချောင်းနှစ်ဆယ်
- ဘဲဥ – ငါးလုံး
- ပဲပင်ပေါက် – နှစ်ဆယ်သား
- ဆလပ်ရွက် – နှစ်စည်း
- နံနံပင် – နှစ်စည်း
- ကြက်သွန်မြိတ် – တစ်စည်း
- ဆီ – အနည်းငယ်
- ဆား – သင့်ရုံ
- ပဲငံပြာရည်(အနောက်) – သင့်ရုံ
- ရှာလကာရည် – သင့်ရုံ
- ကြက်သားမှုန့် – သင့်ရုံ
- ငရုပ်ပွ – ငါးတောင့်
- ကြက်သွန်ဖြူ – တစ်ဆယ်သား
- ကြက်သွန်နီ – ငါးဥ
- ထန်းလျက်ခဲ – နှစ်ကျပ်သား
ပြုလုပ်နည်းအဆင့်ဆင့်
*စိမ်းစားဥကို အမြှောင်းအချောင်းလေးတွေ လှီးထားပါ။ဆား၊ ကြက်သားမှုန့်၊
ပဲငံပြာရည်ရောပြီး ကြော်ထားရမည်။ ဂဏန်းလက်မများကို ရေနွေးဆူဆူထဲထည့်ပြီး
ငါးမိနစ်ခန့်ပြုတ်ပါ။ ပြီးလျှင် အခွံခွာပါ။
*ထို့နောက် ပုဇွန်ကို
ကြက်သွန်နီဖြင့် ကြော်ထားပါ။ ပဲပင်ပေါက်ကိုလည်း ရေနွေးနှင့် ၂မိနစ်
စိမ်ထားရမည်။ ထို့နောက် ငရုတ်သီးစိမ်းအပွကို ထောင်းပြီးနောက် ရာလကာရည်ဖြင့်
ရောထားလိုက်ပါ။ ထန်းလျက်ဖြူကို ကျိုပါ။
*ကြက်သွန်ဖြူကို ဆီသတ်ပြီးလျှင်
ကော်ြပန့်ရွက်အပေါ်မှာ ဆလပ်ရွက်ကို တင်ကြော်ထားပြီး ၎င်းအပေါ်တွင်
စိမ်းစားဥ၊ ပဲပင်ပေါက်၊ ဂဏန်း၊ ပုဇွန်၊ ဘဲဥ၊ ငရုတ်၊ ကြက်သွန်ဆီချက်၊
အချိုရည်၊ နံနံပင်၊ ကြက်သွန်မြိတ်ထည့်ပါ။ ပြီးပါက ကျစ်ကျစ်ကလေး
လိပ်ထားရမည်။
*ဤအဆင့်များပြီးလျှင် ကော်ပြန့်လိပ်ကို အသင့်စားသုံးနိုင်မည် ဖြစ်ပါသည်။
မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ
No comments