ယူကရိန်းသပိတ် မှာ ပြည်သူတွေ တကယ်နိုင်ခဲ့ သလား
ယူကရိန်းသပိတ် မှာ ပြည်သူတွေ တကယ်နိုင်ခဲ့ သလား
ယူကရိန်းအကြောင်းတွေ ပြောနေကြတာ ခဏခဏတွေ့ရလို့ ပြောပြချင်စိတ်ဖြစ်လာတယ်။ ယူကရိန်း သမ္မတ ရာနူကိုဗိချ်က အာဏာသိမ်းလို့ ဆန္ဒပြသပိတ်တွေ ပေါ်လာတာမဟုတ်ပါဘူး။ သူက ၂၀၁၀ ရွေးကောက်ပွဲ မှာ အနိုင်ရပြီးတက်လာတာ။
ဆန္ဒပြမှုတွေဖြစ်လာရတာက ဥရောပသမ္မဂ္ဂနဲ့ကုန်သွယ်ရေးသဘောတူညီမှုစာချုပ် ကို ငြင်းပယ်လိုက်လို့။ ငြင်းပယ်ရတဲ့ အကြောင်းကလည်း နိုင်ငံမှာအကြွေးတင်နေတာက ၂၂ ဘီလီယံရှိတယ်။ သဘောတူညီမှုစာချုပ်ချုပ်ရင် EU ဆီက ဒေါ်လာ သန်း ၈၅၀ ကျော်ရမယ်။ ဒါပေမယ့် တခြား စည်းမျဉ်းကန့်သတ်ချက်တွေရှိတယ်။
ရုရှားနဲ့စာချုပ်ချုပ်ရင်တော့ ဒေါ်လာ ၁၅ ဘီလီယံရမယ်။ ဘာကန့်သတ်ချက်မှ မရှိဘူး။ အဲဒါအပြင် အေးခဲနေတဲ့ဆောင်းရာသီမှာ အေးပြီးမသေအောင် အပူငွေ့တွေပေးရတဲ့ ဓာတ်ငွေ့တွေက ရုရှားဆီကရတယ်။ ရုရှားကလည်းဒါကို နိုင်ဖဲအနေနဲ့ကိုင်ထားတယ်။ ဆိုတော့ သူက ရုရှားကို ရွေးတယ်။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြကြတာ။
စစချင်းဆန္ဒပြတုန်းကတော့ အဲဒါကအဓိက။ နောက်တော့ ရုရှားအေးဂျန့်တွေ က ဆန္ဒပြပွဲတွေကို ကြိုးကိုင်နေတာ ၊ ရဲတွေထဲ ရုရှားစပိုင်တွေပါနေတာဘာညာ နဲ့ ရဲစခန်းတွေမီးရှို့ ၊ ကုန်သွယ်ရေး အဆောက်ဦးတွေသိမ်း ၊ အစိုးရအဆောက်ဦးတွေသိမ်း ၊ လွှတ်တော်တွေ ဝင်စီးလုပ်ဖြစ်လာတယ်။ အဲမှာ လုံခြုံရေးဌာနအကြီးကဲက ကျည်စစ်နဲ့ပစ်ခတ်ဖို့အမိန့်ပေးတယ်။ လူတွေသေကြတယ်။ ၁၃၀ လောက်သေတယ်။ အတိုက်ခံပါတီက လူထုကိုခေါင်းဆောင်သလို ဆန္ဒပြတာ ၊ civil disobedience လုပ်တာအပြင် ဆို့ညာ ဆိုတဲ့တပ်ဖွဲ့လေးတွေပါဖွဲ့ပြီးလုပ်ကြတယ်။
ရုရှား/ယူကရိန်း ဘာသာစကားမှာ ၁၀၀ ရှိသော ဆိုတဲ့ adjective ကို ဆို့သီး လို့ခေါ်ကြတာ။ ဆို့ညာဆိုတာက လူတစ်ရာ ပါတဲ့ အစုလေးတွေ ၊ တပ်ဖွဲ့လေးတွေကိုခေါ်တာ။ အဲဒီအဖွဲ့လေးတွေ ဖွဲ့ပြီးတော့လည်း လုံခြုံရေးအဖွဲ့တွေကိုပြန်တိုက်တယ်။ နောက်ပိုင်းတော့ သမ္မတက နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ခရီးထွက်ချိန်မှာ လွှတ်တော်က impeachment လုပ်ပြီး ကန့်ကွက်မဲမရှိနဲ့ဖြုတ်ချလိုက်တယ်။ ကြားဖြတ်အစိုးရဖွဲ့တယ်။ သမ္မတ ကို ဝရမ်းထုတ်တယ်။ ရာနူကိုဗိချ် ရုရှားကို ထွက်ပြေးရတယ်။ EU နဲ့ သဘောတူညီမှုလက်မှတ်ထိုးနိုင်ခဲ့တယ်။ ဆန္ဒပြသူတွေ အနိုင်ရသွားတယ် လို့ ဆိုကြတယ်။
ဒါပေမယ့် နောက်ဆက်တွဲတွေကတော့ ပြီးမသွားခဲ့ဘူး။ ၁၉၅၂ မှာ ယူကရိန်းနယ်မြေထဲကို ထည့်ပေးခဲ့တဲ့ ကရိုင်းမီးယားဒေသခံတွေက လူထုဆန္ဒခံယူပွဲလုပ်ပြီး တက်လာတဲ့ ယူကရိန်းအစိုးရလက်အောက်မှာမနေချင်လို့ ၊ ရုရှားကို သိမ်းခိုင်းတယ်။ မြေထဲပင်လယ်ရဲ့ အချက်အချာ နေရာဖြစ်တဲ့ ကရိုင်းမီးယား ကျွန်းဆွယ် ရုရှားလက်အောက်ရောက်သွားတယ်။ လူဂန့်စ်ခ် နဲ့ ဒွန်းညက်စ်ခရိုင်ကလူတွေက ယူကရိန်းကနေခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ်ကြေငြာတယ်။ ကုလသမ္မဂ္ဂကတော့ အသိမှတ်မပြုခဲ့ဘူး။ ဒါပေမယ့်လည်း ယူကရိန်း အစိုးရရဲ့ အာဏာလည်းမသက်ရောက်ပြန်ဘူး။
အဲဒီနောက်တော့ ယူကရိန်းတပ်ဖွဲ့တွေ နဲ့ အဲဒီက ဒေသခံတွေ နဲ့ ဒွန်းဘက်စ် စစ်ပွဲဖြစ်တယ်။ လူပေါင်း တစ်သောင်း ကျော် သေခဲ့တယ်။ နောက်တော့ ဗျဲလာရုစ် နိုင်ငံ မင့်စ်ခ် မြို့မှာ သဘောတူစာချုပ်ချုပ်ဆို နိုင်ခဲ့တယ်။ စစ်ပွဲတွေတော့ ရပ်သွားခဲ့တယ်။
အဲဒီနယ်မြေတွေ ကို ကုလသမ္မဂ္ဂအပါဝင် တခြားကမ႓ာ့နိုင်ငံတွေကယူကရိန်းရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ပဲ လက်ခံကြတယ်။ ယူကရိန်းအစိုးရကတော့ အဲဒီနယ်မြေ ၂ ခုကို အကြမ်းဖက်နယ်မြေအဖြစ် သတ်မှတ်သလို တစ်ဖက်မှာတော့ အထူးအခွင့် အရေးပေးမှု ဥပဒေတွေပြဌာန်းပေးခဲ့ရတယ်။
ဒါပေမယ့်လည်း ခု ချိန်ထိ -
(1)ယူကရိန်းအစိုးရရဲ့အာဏာသက်ရောက်နိုင်မှုမရှိသေးဘူး။
(2)ယူကရိန်းရဲ့စီးပွားရေးအခြေနေကလည်းခုချိန်ထိနလန်မထူသေးဘူး။
ယူကရိန်းပဋိပက္ခကို ပြန်တွက်မယ်ဆိုရင် ရာနူကိုဗစ်ချ်အစိုးရပြုတ်ကျသွားတယ်၊ EU နဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ အခြေခံဥပဒေ ပြင်ဆင်နိုင်ခဲ့တယ်။
ဒါပေမယ့် လူပေါင်း ၁၀၃၀၀ ကျော်သေခဲ့တယ်။ ထိခိုက်ဒဏ်ရာရသူတွေ သိန်းနဲ့ချီရှိခဲ့တယ်။ ပျောက်ဆုံးသူတွေ ထောင်နဲ့ချီခဲ့တယ်။ ဒွန်းညက်စ် နဲ့ လူဂန်စ်ခ် မှာ နေထိုင်တဲ့လူဦးရေ နိုင်ငံ့လူဦးရေရဲ့ ၁၀% လောက် (၄ သန်းကျော်) ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံရဲ့မဟာဗျူဟာမြောက်နယ်မြေလက်လွှတ်ခဲ့ရတယ်။ နယ်မြေကြီး ၂ ခု အချုပ်အခြာအာဏာသက်ရောက်မှုဆုံးရှုံးခဲ့ရတယ်။ စီးပွားရေးခြွတ်ခြုံကြခဲ့ရတယ်။
ဆိုတော့ ... ယူကရိန်းပြည်သူတွေ တကယ်နိုင်ခဲ့ရဲ့လား။ အဲဒီအနိုင် ကရော ယူကရိန်းနိုင်ငံအတွက် တကယ်ထိုက်တန်ခဲ့ ရဲ့လား။
Min Thu
No comments