လမ်းခင်းပြစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက်နှင့် ပုဂံမှ နှစ်ထပ်အုတ်ကျောင်းများ
ပုဂံခေတ်ဦးတွင် ပိဋကတ်တော်နှင့် တကွ အဋ္ဌကထာ၊ ဋီကာကျမ်းများ သာမက သမိုင်းဆိုင်ရာ ဝံသ ကျမ်း များ လည်း ပုဂံသို့ ရောက်ရှိခဲ့မည် ဟု မှန်း ဆ ကြပေသည်။ ကျန်စစ်သားမင်းလက်ထက်တွင် ထိုသို့ ရောက် ရှိလာသော ပိဋကတ်တော်ကျမ်းဂန် များအား မူကောင်းမှုမှန်ဖြစ်ရန် တိုက်ဆိုင် သန့်စင်ခဲ့သည် ဟူ၍လည်း သိရပေသည်။ ခဲရာခဲဆစ် ကျမ်းဂန်များစွာ ပါဝင်သော ပိဋကတ်တော် သန့်စင်ရေး လုပ်ငန်းသည် လွယ်ကူလှသည်တော့ မဟုတ်ပေ။
ထိုလုပ်ငန်းကြီးတွင် ရဟန်း ပညာရှိ၊ လူပညာရှိ တိုင်းပြည်၏အကောင်းဆုံး ဦးဏှောက်ပိုင် ရှင် များ ပါဝင်ခဲ့ကြပေလိမ့်မည်။
ကျန်စစ်သားမင်း၏ နန်းတည်ကျောက်စာ အရ ပုဂံတွင် သံဃာပေါင်း (၄၀၀၀) ကျော်ရှိသည် ဟုသိရပေသည်။ မြစေတီကျောက်စာနှင့် ဂူပြောက်ကြီး ဂူဘုရား ဒါယကာ ရာဇကုမာရ အမတ်ကြီးသည်လည်း ကျန်စစ်သားမင်းလက်ထက် တွင် ကျမ်းဂန် နှံ့စပ်ပညာ ထက်မြက် သူဖြစ်ကြောင်း သူ၏ ဂူဘုရား ဆေးရေးများနှင့်သူရေးထိုးသော ကျောက်စာ အရ သိရှိကြရပေသည်။
ထို့ ကြောင့် ရှင်အရဟံမထေရ်မြတ်နှင့် တကွ ပညာထက်မြက်သော ရဟန်းတော်များ၊ ရာဇကုမာရ အမတ်ကြီးနှင့်တကွ ပညာထက်မြက်သော ပုဂံသားများသည် ခဲရာ ခဲဆစ် ဖြစ်သော ပိဋကတ် သန့်စင်ရေး လုပ်ငန်းကြီး အားအားတက် သရော ရွက်ဆောင်ခဲ့ကြပေလိမ့်မည်။
ပုဂံသည် ထိုခေတ် အခါက သီရိလင်္ကာ၊ အိန္ဒိယတောင်ပိုင်း၊ တရုတ်၊ ခမာ အင်ပါယာ အစရှိသော အခြား အိမ်နီးချင်း နိုင်ငံများနှင့် ယဉ်ကျေးမှုချင်း များစွာဆက် နွယ်လျက်ရှိရာ ထိုပိဋကတ်သန့်စင်ရေး လုပ်ငန်းကြီးတွင် ဗြာဟ္မဏဝါဒ၊ မဟာယာနဝါဒဆိုင်ရာ ရောထွေး ယှက်နွယ်လျက်ရှိသော ကျမ်းဂန်များကိုလည်း ပိဋကတ်တော်မှ ခွဲခြားရှင်းလင်းခဲ့ရပေလိမ့်မည်။
နှောင်းခေတ် တွင် မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ ဦးဆောင် နိုင်ငံအဖြစ် ထင်ရှား ထွန်းတောက်ခဲ့သည် မှာ ယင်းလုပ်ငန်းကြီး ၏ ထောက်ပံ့မှု ကြီးမားစွာ ပါခဲ့ပေလိမ့်မည်။
ယခု ပုံတွင် ပြထားသော မြကန်ပိဋကတ်တိုက်မှာ ဆိုခဲ့သည့် ပိဋကတ် သန့်စင်ရေး လုပ်ငန်းကြီး လုပ်ကိုင်
ရာ အချက်အခြာ နေရာ တစ်နေရာ ဖြစ်ခဲ့မည် ဟုပညာရှင်များ မှန်းဆကြပါသည်။
ပုဂံပြည်၏ စိတ်ဝင်စားဆုံး အဆောက်အဦးများ ပုဂံတွင် စိတ်ဝင်စားဆုံး အဆောက်အဦးမှာ လေးထောင့် နှစ်ထပ် တိုက်ကျောင်းများဖြစ်ပါသည်။ ထို တိုက်ကျောင်းများသည် ပိဋကတ်တော်များ ထားရှိရာ စာကြည့်တိုက်များ ဖြစ်နိုင် ကြောင်း သုံးသပ်ကြ၍ စိတ်ဝင်စားခြင်း ဖြစ်သည်။ ထို သုံးသပ်ချက်မှာ အများကြီးဖြစ်နိုင်သည်။ အကယ်၍ ထို သုံးသပ်ချက်အမှန်သာ ဖြစ်လျှင် ယင်း အဆောက်အဦးများသည် ပုဂံပြည် ၏ ဉာဏ်ပညာကို ကိုယ်စားပြုသော ခေါင်းပိုင်းများ ဟု ဆိုချင်ပါသည်။
ယင်းသို့ လေးထောင့် နှစ်ထပ်တိုက်ကျောင်းများကို စေတီ ပုထိုးများ၏ အနီးဝန်းကျင် နေရာများတွင်တွေ့ မြင်နိုင်၍ အထူးသဖြင့် ဆင်ဖြူရှင်ကျောင်းတိုက်ကြီးနှင့် မင်း နန်သူ ရွာ ဝန်းကျင်တွင် များစွာတွေ့မြင်နိုင်သည်။ လေးထောင့် ကျောင်းတိုက် ၏ မျက်နှာတစ်ဖက်တွင် ကပ်လျက် သစ် ပြဿဒ် ဆောင် တစ်ဆောင် လည်း ပူးတွဲ ဆောက်လုပ်လေ့ရှိကြောင်း သိရပါသည်။
ရှင်ဘို့မယ် အုတ်ကျောင်းသဒ္ဒနီတိ ကျမ်းပြု ဆရာတော်ကဲ့သို့သော ပုဂံပြည်၏ ကျမ်းဂန်တတ် ဆရာတော်ကြီးများသည် ယင်း အုတ်ကျောင်းကြီးများတွင် ဝင်ချည် ထွက်ချည် သီတင်းသုံးကျင် လည်ခဲ့ပါလိမ့်မည်။ စာချ ဆရာတော်ကြီးများ ၏ အန္တဝါသိက တပည့်ဖြစ်သူ စာပေ ဝါသနာအိုး ပဉ္စင်းငယ်များသည် ယင်း ပိဋကတ် စာကြည့်တိုက်များတွင် ဝင်ခွင့်ရသည့် အခါ တိုင်း စိတ်လှုပ်ရှားမူ ကြီးစွာဖြင့်
အလင်း မှုန်မှုန်တွင် စိတ်ဝင်စားရာ ကျမ်းဂန်များကို မွေနှောက် ရှာဖွေ ဖတ်ရှုခဲ့ကြပေလိမ့်မည်။
မည်သို့ဖြစ်စေ အောက်တွင် Timothy M. Ciccone ဆိုသည့် နိုင်ငံခြားဆရာတစ်ဦး ဆွဲထားသည့် ရှင်ဘို့မယ် အုတ်ကျောင်း 3D ပုံကို လေ့လာကြည့်ရှုရင်း ပုဂံပြည်သားတို့၏ ပိဋကတ်စာကြည့်တိုက်ကြီးကို ဂုဏ်ယူမြတ်နိုး ကြစေသတည်း။
No comments