လေဖြတ်ပြီး စကားမပီ၊ စကားမသွက်ဖြစ်နေသူများအတွက် သပွတ်ခါးသီး
လေဖြတ်ပြီးနောက် စကားမသွက်သူများ၊စကားမပီသ သူများ ရှိနေကြပါသည်။မိဘဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများထဲတွင်လည်း မကြာခဏမြင့်တွေ့ရ၍ အတော်စိတ်မကောင်းဖြစ်ကြပေ လိမ့်မည်
မိတ်ဆွေတစ်ဦး လေဖြတ်သည်ကြား၍ သွားရောက်ကြည့် ရှု့ရာ ထိုဝေဒနာရှင်မှာ စကားများစွာ ပြောနေရှာသော်လည်း ဗလုံးဗထွေးဖြစ် နေရှာ၍အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရပါသည်။နောက်တစ်ဖန် ထပ်မံသွားရောက်ခဲ့ရာ ယခင်နှင့် မတူစကားပြောသံကို ပီပီသသသဲသဲ ကွဲကွဲကြားရပြီး စကားပြောပါသွက်လာသည်မို့ ဘာလိုကုလိုက်တာလဲ မေးကြည့်ရာ …
ဆေးနည်း –
သပွတ်ခါးသီးကို တောကများများရှာဝယ်ပြီး လူတစ်ယောက် ကောင်းကောင်းနင်းနိုင်အောင်ကျယ်သည့် စဉ့်အင်ဒုံတွင် ဆား(၁၀)သားအောက်ခံထားကာ အပေါ်တွင် သပွတ်ခါး သီးစိမ်း(၁၀)လုံးကို တင်၍ နေ့တိုင်း နံက်တစ်ခါ ညနေတစ်ခါ နင်းပေးခြင်းကြောင့် ဖြစ်သည်ဟုဆိုပါသည်။ အိပ်ရာမှမထနိုင်သူများအား သပွတ်ခါးသီးနှင့် ဆားရောပြီးအမြှုပ်ထနေသော သပွတ်ခါးဖြင့် ခြေထောက်နှင့်လက်များကို ပွတ်ပေးရသည်ဆိုပါသည်။
သပွတ်ခါးကို အမြှုပ်ထွက်အောင်ပြုပြီးလည်း ပွတ်တိုက်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သပွတ်ခါး၏ အခါးသည် ပါးစပ်ဆီ သို့အခါးဓာတ်ရောက်ရှိစေပြီး စကားပြောပီသလာ ခြင်းဖြစ်ကြောင်း သိရတော့သည်။ မတ်တက်ရပ်၍နင်းနိုင်သူအတွက် သပွတ်ခါ အမြှုပ်ထွက်အောင် နင်းရပါသည်။ လေဖြတ်၍ စကားမပီသူများ သပွတ်ခါးနင်းခြင်းဖြင့် စကားပြောပီသလာပါစေ….
Credit
No comments