New Artical

ဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များ

ဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များ



(၁) သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊


(၂) သံဃာတော်များ ချမ်းသာစေရန်၊


(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊


(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်၊


(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊


(၆) နောင် ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊


(၇) မကြည်ညိုသေးသောသူတို့ ကြည်ညိုစေရန်၊


(၈) ကြည်ညိုပြီးသောသူတို့ တိုး၍ ကြည်ညိုစေရန်၊


(၉) သူတော်ကောင်းတရား(သာသနာသုံးရပ်) တည်တံ့စေရန်၊


(၁၀) ဝိနည်း (စည်းမျဉ်းဥပဒေ) ကို ချီးမြောက်ရန်။


အနာမာသဝတ္တုများ (ရဟန်းများမထိမကိုင်ကောင်းသောအရာဝတ္တုများ)

၁. မာတုဂါမ = ယနေ့မွေးစ သူငယ်မကိုပင် မကိုင်ရ၊ သာယာစိတ် ရှိလျှင် သံဃာဒိသိသ်အာပတ် သင့်၏။ သာယာစိတ်မရှိသော်လည်း တမင်သက်သက်ကိုင်လျှင် ဒုက္ကဋ်အာပတ် သင့်၏။ မတော်တဆ ထိမိတိုးမိလျှင် အာပတ်မသင့်။ မိခင်၊ နှမ စသော ဆွေမျိုးတော် စပ်သူကို မိသားစုချစ်ခင်စိတ်ဖြင့် ကိုင်လျှင် ဒုက္ကဋ်အာပတ် သင့်သည်။ ရေနှစ်သော မိခင်၊ ရေတွင်းထဲကျသော မိခင်ကိုပင် လက်ဖြင့်မဆွဲမကိုင်ရ၊ ဝါးလုံး၊ ကြိုး စသည်ကို လှမ်းပေး၍ ဆွဲတင်ကယ်ဆယ်ရမည်။ လက်ကိုလှမ်းဆွဲပါဟုမပြောရ၊ ကြောက် အား လန့်အားဖြင့် လာရောက်ဆွဲကိုင်ဖက်ထားပါမူကမ်းစပ်ရောက် အောင် ကူးခပ်လာရမည်။ အာပတ်မသင့်ချေ။ မိမိ၏ ကာယပယောဂ၊ ဝစီပယောဂ မပါစေရ။


၂. မာတုဂါမ၏ အသုံးအဆောင်၊


၃. မာတုဂါမ၏ ရုပ်ပုံ၊ ဓာတ်ပုံ၊ ရုပ်ထု၊


၄. စပါးအမျိုးမျိုး၊


၅. ပဲအမျိုးမျိုး၊


၆. ထန်းသီး၊ အုန်းသီး၊ ငှက်ပျောသီး စသော အသီးအမျိုးမျိုး၊


၇. ပုလဲ၊ ပတ္တမြား၊ ရွှေ၊ ငွေ စသော ရတနာအမျိုးမျိုး၊


၈. ငွေစက္ကူ၊ ငွေအင်္ဂါး အသပြာ အမျိုးမျိုး၊


၉. လက်နက် အမျိုးမျိုး၊


၁၀. တူရိယာ အမျိုးမျိုး။


အထက်ပါ ပစ္စည်းဝတ္တုတို့ကို ကိုင်တွယ်သုံးသပ်ပါက ဒုက္ကဋ်အာပတ် သင့်သည်။


ဆွမ်းမခံအပ်သော (၆)ဌာန

*************************

ရဟန်းသံဃာတော်များသည် အောက်ဖော်ပြပါ (၆)ဌာနသို့ အကျွမ်းတဝင် ပြု၍ အမြဲဆွမ်းမခံအပ် -


၁. ပြည့်တန်ဆာမအိမ်၊


၂. မုဆိုးမအိမ်၊


၃. အပျိုကြီးအိမ်၊


၄. ပဏ္ဍုက် (မိန်းမရှာ) အိမ်၊


၅. ဘိက္ခုနီမကျောင်း


၆. သေတင်းကုပ် (အရက်ဆိုင်)


အမြဲတမ်း ဆွမ်းမခံအပ်သော်လည်း တစ်ခါတစ်ရံ ဆွမ်းရပ်ခွင့်ရှိ၏။ ၎င်းတို့က လမ်းဆုံးလမ်းမသို့ ထွက်၍ ဆွမ်းလောင်းလျှင်လည်းကောင်း၊ ကျောင်းသို့ လာရောက် ဆွမ်းပို့လျှင် လည်းကောင်း ခံယူသုံးဆောင် ကောင်း၏။


အကပ်ခံအင်္ဂါ (၅) ပါး

********************

ဆက်ကပ်လိုသည့် ပစ္စည်းကို အကပ်ခံမည့် ရဟန်းထံသို့ ရှေ့ရှုဆောင်ယူခြင်း (အနည်းငယ်မျှပင်ဖြစ်စေ ရှေ့ရှုညွတ်စေခြင်း )။

ပေးလှူသောလက်နှင့် ခံယူသောလက် မှတစ်ပါး အခြားသော ကိုယ်အင်္ဂါဖြင့် တစ်ဦးနှင့်တဦး နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်းသို့ရောက်ခြင်း။

ကပ်အပ်သောပစ္စည်းနှင့် ထည့်ရာ တင်ရာဖြစ်သော သပိတ်၊ ပန်းကန်၊ ခွက်၊ စားပွဲခုံ စသော ဝတ္ထုသည် အားအလယ်အလတ် ရှိသော ယောကျာ်း မြှောက်ချီနိုင်သော ဝတ္ထုဖြစ်ခြင်း။

ဆက်ကပ်သော ပုဂ္ဂိုလ်၏ ကိုယ်အင်္ဂါဖြင့် ပေးလှူ ဆက်ကပ်ခြင်း။ ကိုယ်အင်္ဂါနှင့်ဆက်စပ်သော သပိတ်၊ ပန်းကန်၊ ခွက် စသည်ဖြင့် ပေးလှူဆက်ကပ်ခြင်း။ ခံယူသော ရဟန်း၏ လက်၊ သပိတ်၊ ခွက်စသည်တို့္ပ ကျရောက်အောင် ပစ်လွှင့်၍ ဆက်ကပ်ခြင်းအားဖြင့် သုံးမျိုးသော ဆက်ကပ်ခြင်းတို့တွင် တစ်မျိုးမျိုးဖြင့် ဆက်ကပ်ခြင်း။

အကပ်ခံသောရဟန်း၏ ကိုယ်အင်္ဂါ(လက်)ဖြင့် ခံယူခြင်း၊ ကိုယ်အင်္ဂါနှင့်ဆက်စပ်သော သပိတ်၊ ပန်းကန်၊ ခွက် စသည်ဖြင့် ခံယူခြင်း အားဖြင့် နှစ်မျိုးသော ခံယူခြင်းတို့တွင် တစ်မျိုးမျိုးဖြင့် ခံယူခြင်း၊

ဤအင်္ဂါ ငါးပါးနှင့်ညီအောင် ဆက်ကပ်ခံယူလျှင် အကပ်မြောက်သည်။


အကပ်မမြောက်

****************

မပြောင်းမရွှေ့နိုင်သော ပျဉ်ချပ် ကျောက်ဖျာစသည်ဖြစ်စေ၊ သစ်ငုတ် သစ်ပင်စသည်နှင့် တွဲချည်ထားသောညောင်စောင်း၊ အင်းပျဉ်စသည်ဖြစ်စေ ဆက်ကပ်ရန်ပစ္စည်းကို တင်၍ ကပ်လျှင် အကပ်မမြောက်။ သစ်ပင်ဖြစ် (ပေါက်) နေ၍ မခူး ရသေးသော ပဒုမ္မာကြာရွက်၊ ပေါက်ရွက်၊ အင်ဖက် စသည် ထည့်၍ ကပ်လျှင်လည်း အကပ်မမြောက်။ ဆက်ကပ်မည့် ပစ္စည်းကို ဆောင်ယူ၍ မရနိုင်လောက်အောင် သေးငယ်သော မန်ကျည်းရွက်၊ သျှားရွက် စသည် ထည့်၍ ကပ်လျှင် အကပ်မမြောက်။ အားအလယ် အလတ်ရှိသော ]]ထာမမဇ္ဈိမ}} ယောကျာ်း မမြှောက်နိုင်လောက်အောင် ကြီးသောစားပွဲခုံကြီး ပေါ် ခဲဖွယ် ဘောဇဉ်တို့ကို တင်၍ ကပ်လျှင် အကပ်မမြောက်။ ထမင်း ဟင်း ပါသော ထမင်းအိုးကြီး၊ ဟင်းအိုးကြီးစသည်ကို လူအများ ဝိုင်းမ၍ ကပ်လျှင် အကပ်မမြောက်။


အကပ်ပျက်ခြင်းအင်္ဂါ (၆) ပါး

***************************

အကပ်ခံပြီးသော ပစ္စည်းများသည်အောက်ပါ အကြောင်း တစ်ပါးပါးကြောင့် အကပ်ပျက်၏။ သုံးဆောင်လိုလျှင် ထပ်မံ အကပ်ခံရ၏။


၁။ သိက္ခာချ (လူထွက်) ခြင်း၊


၂။ သူခိုးဓားပြတို့ အနိုင်အထက် လုယူခြင်း၊


၃။ သေ (ပျံလွန်) ခြင်း၊


၄။ ရဟန်းယောကျာ်းအဖြစ်မှ ရဟန်းမိန်းမအဖြစ် ပြောင်းလဲ သွားခြင်း၊


၅။ (အစွန့်ခံ ပုဂ္ဂိုလ် ထင်ရှားမရှိဘဲ မိမိဘာသာ မစားတော့ပြီ၊ တော်ပြီတန်ပြီဟု ဆုံးဖြတ်ကာ) ကိုယ်အင်္ဂါ၊ စိတ် နှစ်ပါးလုံးဖြင့် ဖြစ်စေ၊ စိတ်သက်သက်ဖြင့်ဖြစ်စေ စွန့်လွှတ်ခြင်း။


၆။ လူ သာမဏေ စသည်တို့အား စိတ်အာလယပြတ် ပေးစွန့်ခြင်း စသဖြင့် အကပ်ပျက်ခြင်းအင်္ဂါ ခြောက်ပါးရှိ၏။


မကပ်ဘဲအပ်သောဝတ္ထုများ

**************************

နွားလှည်း၊ မြင်းရထား၊ ကား စသည်တို့ သွားသောအခါ ထသောဖုန် မြူမှုန့်မပါ၊ စင်ကြယ်သော ရေကို အကပ်မခံဘဲ သောက်ကောင်း၏။


ဖျော်ရည်၊ သားငါးအရည်၊ ထမင်းရည် စသည်တို့နှင့် မရောမနှော စင်ကြယ်သန့်ရှင်းသော ရေကို မကပ်ဘဲ သောက်ကောင်း ၏။ ရွံ့၊ ညွန် စသည်တို့နှင့် ရောနေသော ရေဖြစ်လျှင် ဓမကရိုဏ် (ရေစစ်) ဖြင့် စစ်ပြီးမှ သောက်ရ၏။


သွားချေးသည် သွားနှင့်ကပ်ငြိနေစဉ် စားလိုက အကပ်မခံဘဲ စားကောင်း၏။ မတော်တဆ ဝမ်းတွင်းသို့ ရောက်သွားသော်လည်း အပြစ်မရှိ၊ သွားတိုက်တံ၊ ဒန်ပူစသည်တို့ဖြင့် ခြစ်မိ၍ သွားမှလွတ်လျှင် အကပ်ခံပြီးမှ စားကောင်း၏။


နှပ် (နှာရည်) သည် နှာခေါင်းအတွင်း ကပ်ငြိနေစဉ် နှာခေါင်းမှ တွဲလျားကျ၍ အောက်သို့ ပြတ်မကျသေးမီ စားလိုက အကပ်မခံဘဲ စားကောင်း၏။ နှာခေါင်းမှအောက်သို့ပြတ်ကျသွားလျှင် အကပ်ခံပြီးမှ စားကောင်း၏။ မျက်ချေး၊ နားချေး (နဖာချေ၊ ကိုယ်ပေါ်ချွေးထွက်၍ ပေါက်သော ဆား၊ မျက်ရည်၊ တံတွေး၊ သလိပ်၊ ကျင်ငယ်။ ကျင်ကြီးတို့လည်း အလားတူပင် ဖြစ်ကြသည်။ ကိုယ်အင်္ဂါ ကပ်ငြိနေစဉ် ကိုယ်အင်္ဂါမှ တွဲလျားကျသော်လည်း ဥပတ်ပြတ်မကျသေးမီဖြစ်လျှင် အကပ်မခံဘဲ သုံးစွဲကောင်း၏။


ဆေးကုကောင်းသော ပုဂ္ဂိုလ်များ

*******************************

ရဟန်းနှင့် သာမဏေများ၊ မိမိမယ်တော် ခမည်းတော်နှင့် မယ်တော် ခမည်းတော်တို့အား ပြုစုလုပ်ကျွေးသူ၊ မိမိအား ဝေယျာဝစ္စပြုလုပ်ပေးသူနှင့် ရှင်လောင်းတို့အား ဆေးကုပေးအပ်၏။ လူနာအား ဆေးနည်းကို ပြောပြခြင်း၊ ထိုလူနာ၏ ပစ္စည်းဖြင့် ဆေးဖော်စပ်ပေးခြင်း၊ သို့မဟုတ်မိမိပစ္စည်းဖြင့် ဆေးဖော်စပ်တိုက်ကျွေးကုသခြင်းပြုနိုင်၏။ အကယ်၍ မိမိ ဆေးပစ္စည်းမရှိပါက ဆွေမျိုးများနှင့်ဖိတ်ကြားထားသော ဒါယကာများထံမှ အလှူခံ၍ လည်းကောင်း၊ မရပါက နေမွန်းလွဲအချိန်တွင် အိမ်စဉ်လှည့်လည်ရပ်၍ ဆွမ်းခံသကဲ့သို့ ဆေးပစ္စည်း အလှူခံ၍ လည်းကောင်း ဆေးပစ္စည်းရှာဖွေဖော်စပ် ကုသရမည်။


ထို့ပြင်ရဟန်းနှင့် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် တော်စပ်သူများအား ၎င်းတို့၏ ဆေးပစ္စည်းဖြင့် ဆေးဖော်စပ်၍ ကုသခွင့်ရှိ၏၊ အကယ်၍ မိမိဆေးပစ္စည်းဖြင့် ကုသပေးရပါက နောင်တစ်ချိန်တွင် အစားပေးကြရန် ပြောဆို၍ ကုသရမည်၊ အလိုက်သိ၍ အစားပြန်ပေးက ယူရမည်၊ ပြန်မပေးက မတောင်းရ။


ဆေးပညာ တတ်ကျွမ်းသော ရဟန်းသည် မိမိအတူနေ ဆရာရဟန်း၊ တပည့်ရဟန်း၏ မိခင်ဖခင်တို့အား မလွဲမရှောင်သာ၍ ဆေးကုသပေးရပါက ထိုရဟန်းပိုင် ဆေးဝါးဖြင့် ကုသပေးရမည်၊ ထိုရဟန်း ဆေးမရှိပါက မိမိဆေးဝါးများကို ထိုရဟန်းပိုင် အဖြစ်ပေးအပ်ပြီးမှ ထိုဆေးဖြင့် ကုသပေးရမည်။


ထို့ပြင် အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များ၊ စစ်ရှုံးလာသော မင်းမှုထမ်းများ၊ ခရီးသည်နှင့် ဆွေမရှိမျိုးမရှိအထီးကျန်သူတို့သည် မကျန်းမာသဖြင့် ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ခိုလာပါက ဆေးကုသပေးနိုင်သည်။


သဒ္ဓါတရားနှင့် ပြည့်စုံ၍ ပစ္စည်းဥစ္စာကြွယ်ဝသော ဘုရားဒါယကာ ကျောင်းဒါယကာ အလှူဒါယကာတို့ကို ဆေးပေးခြင်း၊ ဆေးကုခြင်းမပြုရ။ ထိုပစ္စည်းလေးပါး ဒါယကာက တပည့်တော်၏ မိခင် နေမကောင်း၍ ဆေးနည်း ပြောပြပါဘုရား ဆေးကောင်း ညွှန်ပြပါဘုရားဟု လျှောက်ထားလျှင်၊ ဆေးပညာတတ်သော ရဟန်းသည် တိုက်ရိုက်ပြန်မပြောရ၊ အနီးရှိ ရဟန်းသာမဏေတစ်ပါးအား "မည်သည့်ရဟန်း မည်သည့်ရောဂါ ဖြစ်စဉ်က မည်သည့်ဆေးဖြင့် ကုသပျောက်ကင်းဖူးကြောင်း" ပြောကြားရမည်။ ဒါယကာဖြစ်သူက နံဘေးမှ ကြားနာမှတ်သား၍ သူ၏မိခင်အား ထိုဆေးနည်းအတိုင်း ကုသပါလျှင် ထိုရဟန်းမှာ ကုလဒ အမှု ပြုရာ မရောက်၊ အာပတ်မသင့်ချေ။


သို့မဟုတ် ဒါယကာဖြစ်သူ ဝိနည်းနား လည်သဖြင့် မည်သူဖျားနာသည်၊ မည်သူအတွက်ဟူ၍ မရည်ညွှန်းဘဲ "ဤရောဂါကို မည်သည့်ဆေးဖြင့် ကုသရသနည်း"ဟု ဆေးပညာသဘောသက်သက် ကိုသာ မေးရာ ထိုရောဂါ ပျောက်ကင်းစေနိုင်သည့် ဆေးနည်းများကို ပြောပြခွင့်ရှိ၏။


မစားကောင်းသော အသားကြီး ၁၀ မျိုး

************************************

၁။ လူသား - ဇာတ်တူချင်းဖြစ်၍ မစားအပ်၊ ထုလ္လစ္စဉ်း။


၂။ ဆင်သား − မင်းအင်္ဂါဖြစ်၍ မစားအပ်၊ ဒုက္ကဋ်။


၃။ မြင်းသား − မင်းအင်္ဂါဖြစ်၍ မစားအပ်၊ ဒုက္ကဋ်။


၄။ ခွေးသား − ရွံဖွယ်ဖြစ်၍ မစားအပ်၊ ဒုက္ကဋ်။


၅။ မြွေသား − ရွံဖွယ်ဖြစ်၍ မစားအပ်၊ ဒုက္ကဋ်။


၆။ ခြင်္သေ့သား − ဘေးရန်ဖြစ်စေတတ်၍ မစားအပ်၊ ဒုက္ကဋ်။


၇။ ကျားသား − ဘေးရန်ဖြစ်စေတတ်၍ မစားအပ်၊ ဒုက္ကဋ်။


၈။ ကျားသစ်သား − ဘေးရန်ဖြစ်စေတတ်၍ မစားအပ်၊ ဒုက္ကဋ်။


၉။ ဝံသား − ဘေးရန်ဖြစ်စေတတ်၍ မစားအပ်၊ ဒုက္ကဋ်။


၁၀။ အောင်းသား − ဘေးရန်ဖြစ်စေတတ်၍ မစားအပ်၊ ဒုက္ကဋ်။


သိ၍ ဖြစ်စေ၊ မသိ၍ဖြစ်စေ အထက်ပါ အသားတို့ကို မစားအပ်။ အဆီတို့တွင် လူဆီတစ်ခုတည်းသာ မအပ်သော အဆီဖြစ်၏။ ကျန်သော အဆီတို့သည် အပ်၏။ နို့ရည် စသည်တို့တွင် မအပ်သည်ဟူ၍ မရှိပေ။


လိင်, ဒဏ်သင့်ကြောင်း (၆) ပါး

၁။ အလဇ္ဇိတာ − အရှက်မရှိခြင်း၊


၂။ အညာဏတာ − မသိမိုက်မဲခြင်း၊


၃။ ကုက္ကုစ္စပကတတာ − အလို့လို့နှိပ်စက်ခြင်း၊


၄။ သတိသမ္မောသတာ − သတိမေ့လျော့ခြင်း၊


၅။ အကပ္ပိယေ ကပ္ပိယသညိတာ − မအပ်သည်၌ အပ်သည်ဟု ထင်ခြင်း၊


၆။ ကပ္ပိယေ အကပ္ပိယသညိတာ − အပ်သည်၌ မအပ်သည်ဟု ထင်ခြင်း။


မအပ်သော ကနုတံ (၆) ချောင်း

*****************************

၁။ ကွဲသော ကနုတံ၊


၂။ ကြမ်းသော ကနုတံ၊


၃။ အဆစ်အဖုရှိသော ကနုတံ၊


၄။ ဆူးရှိသော ကနုတံ၊


၅။ အခေါင်း အပေါက်ရှိသော ကနုတံ၊


၆။ ပုပ်ဆွေးသော ကနုတံ၊


ဆောင်ပုဒ်။ ။ ကွဲ၊ ကြမ်း၊ ဆစ်ဖု၊ ဆူး၊ ခေါင်း၊ ပု၊ ကနု မအပ်ခြောက်။


ပရိဘောဂ (၄) ပါး

*****************

၁။ ထေယျပရိဘောဂ − သီလမရှိဘဲ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည် ခိုးစားခြင်းနှင့် တူ၏။


၂။ ဣဏပရိဘောဂ − ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် ချေးငှားစားသည်နှင့် တူ၏။


၃။ ဒါယဇ္ဇပရိဘောဂ − ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်ခြင်းသည်လည်းကောင်း၊ သေက္ခပုဂ္ဂိုလ်တို့၏ သုံးဆောင်ခြင်းသည်လည်းကောင်း အမွေခံအဖြစ်နှင့် တူ၏။


၄။ သာမိပရိဘောဂ − ရဟန္တာတို့၏ သုံးဆောင်ခြင်းသည် ပိုင်ရှင်နှင့် တူ၏။ 


အဖျော်မအပ်သော အသီးကြီး (၉) လုံး

***********************************

၁။ ထန်းသီး၊


၂။ အုန်းသီး၊


၃။ အိမျပိန်နဲသီး၊


၄။ တောင်ပိန္နဲသီး၊


၅။ ဘူးသီး၊


၆။ ဖရုံသီး၊


၇။ သခွား ငဆစ်သီး၊


၈။ သခွား ငပြုတ်သီး၊


၉။ သခွား ငကြောင်သီး။


အဖျော် (၈) ပါး

၁။ သရက်သီးအဖျော်၊


၂။ သပြေသီးအဖျော်၊


၃။ တောငှက်ပျောသီးအဖျော်၊


၄။ အိမ်ငှက်ပျောသီးအဖျော်၊


၅။ သစ်မည်စည်သီးအဖျော်၊


၆။ စပျစ်သီးအဖျော်၊


၇။ ကြာစွယ်အဖျော်၊


၈။ ဖက်သက်သီးအဖျော်။


ဤ အဖျော်ရှစ်မျိုးတို့သည် အေးသည်ဖြစ်စေ၊ နှေချက်၍ နွေးသည်ဖြစ်စေ အပ်သည်။ မီးချက်၍ မအပ်။ ရှောက်၊ မန်ကျီး စသော အဖျော်တို့သည် လျော်သောကြောင့် အနုလောမ အဖျော်တို့ မည်သည်။


မအပ်သော ဆိုးရည် (၉) မျိုး

**************************

၁။ နနွင်းမြစ်၊


၂။ ထန်းကျင့်၊


၃။ ပိန္နဲနွယ်၊


၄။ မဲရွက်၊


၅။ ဒန်းရွက်၊


၆။ ကြပိုင်ခေါက်၊


၇။ တောက်ရပ်ခေါက်၊


၈။ ဝတ်ပန်းပွင့်၊


၉။ ပေါက်ပွင့်


ကာလိက (၄) ပါး

*****************

၁။ ယာဝကာလိက − နံနက် အရုဏ်တက်မှ မွန်းတည့်အတွင်း အပ်သော ခဲဖွယ်၊ ဘောဇဉ်။


၂။ ယာမကာလိက − ယနေ့ အရုဏ်တက်မှ နက်ဖြန် အရုဏ်အတွင်း အပ်သော ဖျော်ရည်။


၃။ သတ္တာဟကာလိက − ခုနှစ်ရက်အတွင်း အပ်သော လျက်ဖွယ် ငါးပါး။


၄။ ယာဝဇီဝိက − တစ်သက်လုံး အပ်သော ဇာတိပ္ဖိုလ်၊ လေးညှင်း၊ နနွင်း၊ သိန္ဒောစသော ဆေး။


ကာလိက လေးပါးတွင် ယာမကာလိက၊ သတ္တာဟ ကာလိက၊ ယာဝဇီဝိက သုံးပါးသည် နေလွဲအခါ နာသောသူ (ဂိလာန)၊ ဆာလောင်မွတ်သိပ်သောသူ (ဝိပါသ) တို့အတွက် အပ်၏။ မနာသောသူ၊ မဆာသောသူတို့သည် မအပ်။ နာသောသူမှာ ပကတိအတိုင်း သုံးဆောင်နိုင်သည်။ ဆာလောင်သောသူမှာ သတ္တဟကာလိက ရေနှင့်ရော၍ သုံးဆောင်ရသည်။


သုရာခေါ် သေ (၅) မျိုး

**********************

၁။ ပိဋ္ဌသုရာ − ဆန်မှုန့်ကို လုပ်သော သေရည်။


၂။ ပူဝသူရာ − မုန့်ကိုလုပ်သော သေရည်။


၃။ ဩဒနသုရာ − ထမင်းကိုလုပ်သော သေရည်။


၄။ ကိဏ္ဍပက္ခိတ္တသုရာ − တဆေးမှုန့် ထည့်၍ လုပ်သော သေရည်။


၅။ သမ္ဘာရ သံယုတ္တသုရာ − ဖန်ခါးသီးစသော အရာဝတ္ထုများ ရောစပ်၍ လုပ်သော သေရည်။


မေရယခေါ် အရက် (၅) မျိုး

၁။ ပုပ္ဖာသဝ − သစ်မည်စည်ပွင့် စသော ပန်းပွင့်စိမ်ရည်။


၂။ ဖလာသဝ − အသီးစိမ်ရည်။


၃။ မဓွာသဝ − စပျစ်သီးစိမ်ရည်။


၄။ ရဠာသဝ − ကြံရည် ထန်းရည်ကို ပြုလုပ်သော စိမ်ရည်။


၅။ သမ္ဘာရသံယုတ္တာသဝ − ဖန်ခါးသီး စသော အဆောက်အဦ အမျိုးမျိုးဖြင့် စိမ်သော စိမ်ရည်။


ကုလဒူသန (၈) ပါး

******************

၁။ သစ်သီးပေးခြင်း၊


၂။ ပန်းပေးခြင်း၊


၃။ မျက်နှာချေမှုန့်ပေးခြင်း၊


၄။ မြေညက်ပေးခြင်း၊


၅။ ဝါးပေးခြင်း၊


၆။ တံပူပေးခြင်း၊


၇။ စေခိုင်းရာ ခြေဖြင့်သွားခြင်း၊


၈။ ဆေးကုခြင်း


အနေသန (၂၁) ပါး

******************

၁။ မျက်နှာသစ်ရေ ပေးခြင်း၊


၂။ ဆွမ်းတုံ့ပေးခြင်း၊


၃။ သစ်ရွက်ပေးခြင်း၊


၄။ ရေချိုး ကသယ်မှုန့်ပေးခြင်း၊


၅။ ကလေး ချီထိန်းခြင်း၊


၆။ ပဲဟင်းအလား အမှန်နည်းပါး အမှားများသော စကားကို ဆိုခြင်း၊


၇။ ချစ်အောင် ခင်အောင် ခင်ဗျား ကျွန်တော် စသည်ဖြင့် အောက်ကျို့၍ စကားဆိုခြင်း၊


၈။ အနီးအပါး၌ စေခိုင်းရာခံခြင်း၊


၉။ စာတမန် ပြုလုပ်ခြင်း၊


၁၀။ ဘူမိနက်သန် မြေကြန်အတတ်ဖြင့် ဟောစားခြင်း၊


၁၁။ လယ်၊ ယာ မြေ၏ အကျိုးအပြစ်သိသော အတတ်ဖြင့် ဟောခြင်း၊


၁၂။ ရုပ်ဆင်းအင်္ဂါ လက္ခဏာ အကျိုးအပြစ် သိသော အတတ်ဖြင့် ဟောခြင်း၊


၁၃။ နက္ခတ် အကျိုးအပြစ် သိသော အတတ်ဖြင့် ဟောခြင်း၊


၁၄။ ကုလဒူသန (၈) ပါး (အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်)


စုစုပေါင်း အနေသန (၂၁) ပါးဖြစ်သည်။ ကုလဒူသန၊ အနေသနဖြင့် ရသောပစ္စည်း၊ အမျိုးမတော်သူ၊ မဖိတ်ကြားသောသူထံ တောင်း၍ရသော ပစ္စည်း၊ အံ့ဖွယ်ပြုခြင်း၊ မြှောက်ခြောက်ရစ်ဆွယ်ခြင်း၊ အရိပ်နိမိတ် ပြုခြင်းတို့ကြောင့် ရသော ပစ္စည်း၊ မဟုတ်မမှန် ဈာန်၊ မဂ်၊ ဖိုလ် ပြော၍ရသော ပစ္စည်း၊ ဤ ပစ္စည်းအားလုံးသည် တစ်သာသနာလုံး မအပ် ဝေးစွာရှောင်ရှားအပ်၏။ ဤပစ္စည်းမျိုးဖြင့် ချီးမြှောက်သော သီတင်းသုံးဖော်ကို အပါယာနဂ္ဂဟ မိတ်ဆွေဟု ဆိုသင့်သည်။ အပ − အယ − အနဂ္ဂဟ = ချမ်းသာကင်းအောင်ချီးမြှောက်သူ၊ သတိပြုဖွယ်တည်း၊ လူတို့၏ မိစ္ဆာဇီဝပစ္စည်းကား ရဟန်းတို့၌ မအပ်မည်သည် မရှိ။


အခွင့်ထူးခံ လူတန်းစား မဟုတ်

******************************

ဗုဒ္ဓမြတ်စွာသည် သာသနာ့ဝန်ထမ်းများနှင့်စပ်၍ သာသနာတော်၌ ဝန်ထုပ်ဝန်ပိုး မဖြစ်စေလို၊ ရလည်း ရလွယ်၊ တန်ဖိုးလည်း နည်း၊ အပြစ်လည်း ကင်းစင်သော ပစ္စည်းလေးပါး ရှာဖွေ သုံးစွဲနည်းမျိုးကို လိုလားတော်မူ၏၊ ထိုဗုဒ္ဓ၏ အလိုဆန္ဒတော်အတိုင်း ဥပဇ္ဈာယ်ဆရာတော်က ဆွမ်းနှင့်ပတ်သက်၍ အိမ်စဉ်လှည့်လည် ဆွမ်းခံစားဖို့၊ သင်္ကန်းနှင့် ပတ်သက်၍ ပံ့သကူသင်္ကန်းမျိုးကို ဝတ်ရုံဖို့၊ ကျောင်းနှင့်ပတ်သက်၍ သစ်တပင် ဝါးတပင် ကျောင်းမျိုး၌ နေဖို့၊ ဆေးနှင့်ပတ်သက်၍ နွားကျင်ငယ်ရေဖြင့် စိမ်ထားသော ဆီးဖြူ သျှိသျှားဆေးမျိုးကို သုံးဆောင်ဖို့ အနိမ့်ဆုံးအဆင့်ချပြီး မိမိတပည့် ရဟန်းသစ်အား မိန့်ကြားတော်မူ၏။ ဘုန်းကံအလျောက် ဖြစ်ပေါ်လာသော အကောင်းစား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး တို့ကိုလည်း သုံးစွဲနိုင်ကြောင်း မိန့်ကြားတော်မူရ၏။


ရဟန်းသာမဏေသိက္ခာပုဒ်များ

*****************************

ဗုဒ္ဓ သာသနာတွင်း ရဟန်းနှင့် သာသနာပ ရဟန်း နှစ်မျိုးလုံးနှင့်လည်း ဆက်ဆံသည်။ ထိုသို့ ဆက်ဆံသော်လည်း ပဗ္ဗဇ္ဇလေးမျိုးမှလာသော ရဟန်တို့တွင် ဘိက္ခုပဗ္ဗဇ္ဇမှ လာသော ရဟန်းနှင့် သာမဏေရ ပဗ္ဗဇ္ဇမှ လာသော ရဟန်းကား ဗုဒ္ဓ သာသနာတွင်း ရဟန်းသာ ဖြစ်သည်။ ဣသိပဗ္ဗဇ္ဇမှ လာသော ဗုဒ္ဓသာသနာတွင်းနှင့် သာသနာပနှစ်မျိုးလုံး ရဟန်းဖြစ်သည်။ ဥပသမ္ပဒါ ရှစ်မျိုးမှလာသော ရဟန်းကား ဗုဒ္ဓသာသနာတွင်း ရဟန်းသာ ဖြစ်သည်။ ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး သိက္ခာပုဒ်များကိုလည်း စောင့်ရှောက် ထိန်းသိမ်း၍ နေရသည်။


သေခိယ သိက္ခာပုဒ် (၇၅) ပါဠိတော်

*********************************

ဣမေ ခေါ ပနာယသ္မန္တော သေခိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။


၁။ ပရိမဏ္ဍိလံ နိဝါသေဿာမီတိ သိက္ခာ ကရဏီယာ။


၂။ ပရိမဏျဍလံ ဝါရုပိဿာမီတိ သိကျခာ ကရဏီယာ။


၃။ သုပဋိစ္ဆန္နော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။


၄။ သုပ်ပဋိစ်ဆန်နော အန်တရဃရေ ဂမိဿာမီတိ သိက်ခာ ကရဏီယာ။


၅။ သုသံဝုတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။


၆။ သုသံဝုတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ အရဏီယာ။


၇။ ဩက်ခိတ်တစက်ခု အန်တရဃရေ ဂမိဿာမီတိ သိက်ခာကရဏီယာ။


၈။ ဩက်ခိတ်တစက်ခု အန်တရဃရေ နိသီဒိဿာမီတိ သိက်ခာ ကရဏီယာ။


၉။ န ဥက်ခိတ်တကာယ အန်တရဃရေ ဂမိဿာမီတိ သိက်ခာ ကရဏီယာ။


၁၀။ န ဥက်ခိတ်တကာယ အန်တရဃရေ နိသီဒိဿာမီတိ သိက်ခာ ကရဏီယာ။


ပရမဏ္ဍလဝဂ္ဂေါ ပထမော။


၁၁။ န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။


၁၂။ န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။


၁၃။ အပ်ပသဒ်ဒေါ အန်တရဃရေ ဂမိဿာမီတိ သိက်ခာ ကရဏီယာ။


၁၄။ အပ်ပသဒ်ဒေါ အန်တရဃရေ နိသီဒိဿာမီတိ သိက်ခာ ကရဏီယာ။


၁၅။ န ကာယပ်ပစာလကံ အန်တရဃရေ နိသီဒိဿာမီတိ သိက်ခာ ကရဏီယာ။


၁၆။ န ကာယပ်ပစာလကံ အန်တရဃရေ နိသီဒိဿာမီတိ သိက်ခာ ကရဏီယာ။


၁၇။ န ဗာဟုပ်ပစာလကံ အန်တရဃရေ ဂမိဿာမီတိ သိက်ခာ ကရဏီယာ။


၁၈။ န ဗာဟုပ်ပစာလကံ အန်တရဃရေ နိသီဒိဿာမီတိ သိက်ခာ ကရဏီယာ။


၁၉။ န သီသပ်ပစာလကံ အန်တရဃရေ ဂမိဿာမီတိ သိက်ခာ ကရဏီယာ။


၂၀။ န သီသပ်ပစာလကံ အန်တရဃရေ နိသီဒိဿာမီဘိ သိက်ခာ ကရဏီယာ။


ဥဇ္ဇဂ္ဃိကဝဂ္ဂေါ ဒုတိယော။


၂၁။ န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။


၂၂။ န ခမ္ဘကတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။


၂၃။ န ဩဂုဏ္ဌိတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။


၂၄။ န ဩဂုဏ္ဌိတော အန္တရဃရေ နသီဒိဿာမီတိ သိက္ခာ ကရဏီယာ။


၂၅။ န ဥက်ကဋိကာယ အန်တရဃရေ ဂမိဿာမီတိ သိက်ခာ ကရဏီယာ။


၂၆။ န ပလ်လတ်တိကာယ အန်တရဃရေ နိသီဒိဿာမီတိ သိက်ခာ ကရဏီယာ။


၂၇။ သက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။


၂၈။ ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။


၂၉။ သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။


၃၀။ သပတိတ္ထိကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။


ခမ္ဘကတဝဂ္ဂေါ တတိယော။


၃၁။ သက်ကစ်စံ ပိဏ်ဍပါတံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၃၂။ ပတ်တသညီ ပိဏ်ဍပါတံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၃၃။ သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။


၃၄။ သမသူပကံ ပိဏ်ဍပါတံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၃၅။ န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။


၃၆။ န သူပံ ဝါ ဗျဉ္ဇနံ ဝါ ဩဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျှတံ ဥပါဒါယတိ သိက္ခာ ကရဏီယာ။


၃၇။ န သူပံ ဝါ ဩဒနံ ဝါ အဂိလာနော အတ္တနော အတ္တာယ ဝညာပေတွာ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။


၃၈။ န ဥဇ်ဈာနသညီ ပရသေံ ပတ်တံ ဩလောကသောမီတိ သိက်ခာ ကရဏီယာ။


၃၉။ နာတိမဟန်တံ ကဗဠံ ကရိဿာမီတိ သိက်ခာ ကရဏီယာ။


၄၀။ ပရိမဏ္ဍလံ အာလောပံ ကရိဿာမီတိ သိက္ခာ ကရဏီယာ။


သက္ကစ္စဝဂ္ဂေါ စတုတ္တော။


၄၁။ န အနာဟဋေ ကဗဠေ မုခဒှါရံ ဝိဝရိဿာမီတိ သိကျခာ ကရဏီယာ။


၄၂။ န ဘုဉ်ဇမာနော သဗ်ဗံ ဟတ်တံ မုခေ ပက်ခိပိဿာမီတိ သိက်ခာ ကရဏီယာ။


၄၃။ န သကဗဠနေ မုခနေ ဗြာဟရိဿာမီတိ သိက်ခာ ကရဏီယာ။


၄၄။ န ပိဏ်ဍုက်ခပေကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၄၅။ န ကဗဠာဝစ်ဆဒေကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၄၆။ န အဝဂဏ်ဍကာရကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၄၇။ န ဟတ်ထနိဒ်ဓုနကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၄၈။ န သိတ်ထာဝကာရကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၄၉။ န ဇိဝှာနိစ်ဆာရကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၅၀။ န စ ပု စ ပု ကာရကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


ကဗဠဝဂ္ဂေါ ပဉ္စမော။


၅၁။ န သုရုသုရုကာရကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၅၂။။ န ဟတ်ထနိလ်လဟေကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၅၃။ န ပတ်တနိလ်လဟေကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၅၄။ န ဩဋ်ဌနိလ်လဟေကံ ဘုဉ်ဇိဿာမီတိ သိက်ခာ ကရဏီယာ။


၅၅။ န သာမိသနေ ဟတ်ထနေ ပါနီယထာလကံ ပဋိဂ်ဂ ဟေဿာမီတိ သိက်ခာ ကရဏီယာ။


၅၆။ န သသိတ်ထကံ ပတ်တဓောဝနံ အန်တရဃရေ ဆဋေဿာမီတိ သိက်ခာ ကရဏီယာ။


၅၇။ န ဆတ်တပါဏိဿ အဂိလာနဿ ဓမ်မံ ဒသေဿာမီတိ သိက်ခာ ကရဏီယာ။


၅၈။ န ဒဏျဍပါဏိဿ အဂိလာနဿ ဓမျမံ ဒသေဿာမီတိ သိကျခာ ကရဏီယာ။


၅၉။ န သတျထပါဏိဿ အဂိလာနဿ ဓမျမံ ဒသေဿာမီတိ သိကျခာ ကရဏီယာ။


၆၀။ န အာဝုပေါနိဿ အဂိလာနဿ ဓမျမံ ဒသေဿာမီတိ သိကျခာ ကရဏီယာ။


သုရုသုရုဝဂ္ဂေါ ဆဋ္ဌော။


၆၁။ န ပါဒုကာရုဠဿ အဂိလာနဿ ဓမျမံ ဒသေဿာမီတိ သိကျခာ ကရဏီယာ။


၆၂။ န ဥပါဟနာရုဠဿ အဂိလာနဿ ဓမျမံ ဒသေဿာမီတိ သိကျခာ ကရဏီယာ။


၆၃။ န ယာနဂတဿ အဂိလာနဿ ဓမျမံ ဒသေဿာမီတိ သိကျခာ ကရဏီယာ။


၆၄။ န သယနဂတဿ အဂိလာနဿ ဓမျမံ ဒသေဿာမီတိ သိကျခာ ကရဏီယာ။


၆၅။ န ပလ်လတ်ထိကာယ နိသန်နဿ အဂိလာနဿ ဓမ်မံ ဒသေဿာမီတိ သိက်ခာ ကရဏီယာ။


၆၆။ န ဝဌေိတသီသဿ အဂိလာနဿ ဓမျမံ ဒသေဿာမီတိ သိကျခာ ကရဏီယာ။


၆၇။ န ဩဂုဏ်ဌိတသီသဿ အဂိလာနဿ ဓမ်မံ ဒသေဿာမီတိ သိက်ခာ ကရဏီယာ။


၆၈။ န ဆမာယံ နိသီဒိတှာ အာသနေ နိသိန်နဿ အဂိလာနဿ ဓမ်မံ ဒသေဿာမီတိ သိက်ခာ ကရဏီယာ။


၆၉။ န နီစေ အာသနေ နိသီဒိတွာ ဥစ္စေ အာသနေနိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။


၇၀။ န ဌိတော နိသိန်နဿ အဂိလာနဿ ဓမ်မံ ဒသေဿာမီတိ သိက်ခာ ကရဏီယာ။


၇၁။ န ပစ္ဆတော ဂစ္ဆန္တော ပုရတော ဂစ္ဆန္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။


၇၂။ န ဥပ်ပထနေ ဂစ်ဆန်တော ပထနေ ဂစ်ဆန်တဿ အဂိလာနဿ ဓမ်မံ ဒသေဿာမီတိ သိက်ခာ ကရဏီယာ။


၇၃။ န ဌိတော အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ။


၇၄။ န ဟရိတေ အဂိလာနော ဥစ်စာရံ ဝါ ပဿာဝံ ဝါ ခဠေံ ဝါ ကရိဿာမီတိ သိက်ခာ ကရဏီယာ။


၇၅။ န ဥဒကေ အဂိလာနော ဥစျစာရံ ဝါ ပဿာဝံ ဝါ ခဠေံ ဝါ ကရဿာမီတိ သိကျခာ ကရဏီယာ။


ပါဒုကဝဂ္ဂေါ သတ္တမော။


သေခိယ သိက္ခာပုဒ် (၇၅) မြန်မာပြန် အနက်အဓိပ္ပာယ်

၁-၂။ သင်းပိုင် (ခါးဝတ်) ကို ချက်ဖေါ်ပြီးမဝတ်ရ၊ ချက်ဖုံးစေရမည်။ သင်းပိုင်၏ အောက်အနားသည် ဒူးဆစ်အောက် လက်ရှစ်သစ်ကျစေ၍ ရှေ့နောက်နိမ့်မြင့် ညီညာဝန်းဝိုင်းနေစေရမည်။ ဧကသီ (အပေါ်ရုံ) ၏ အောက် အနားသည် ဒူးဆစ်အောက် လက်လေးသစ်ကျစေ၍ ရှေ့နောက်နိမ့်မြင့် ညီညာဝန်းဝိုင်း နေစေရမည်။


ခြွင်းချက်။ ။ညီညာစွာ ဝတ်ရုံပါလျက် မညီမညာ ဖြစ်သွားလျှင် လည်းကောင်း၊ မညီမညာဖြစ်နေသည်ကို အမှတ်တမဲ့ သတိမထားမိလျှင်လည်းကောင်း၊ ခြေသလုံးတွင် အနာရှိ၍ တိုတိုဝတ်ခြင်း၊ ရှည်ရှည်ဝတ်ခြင်း ပြုလျှင်သော် လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် ပြေးလွှားရလျှင်သော် လည်းကောင်း၊ စိတ်မနှံ့ခြင်းကြောင့် လည်းကောင်း မညီမညာ တို ရှည် ဝတ်ရုံခြင်းကြောင့် အာပတ်မသင့်ချေ။

၃-၄။ မြို့ရွာအတွင်း၌ သွားလာနေထိုင်သည့်အခါ၊ ဆွမ်းခံ၊ ဆွမ်းစား၊ တရားဟောသည့်အခါတို့၌ လည်ပင်း နှင့် လက်ကောက်ဝတ်တို့ကို လုံခြုံစွာဖုံး၍ သင်္ကန်းရုံထား ရမည်။


ခြွင်းချက်။ ။မြို့ရွာအတွင်း ခေတ္တတည်းခို နေထိုင်သည့်အခါ သင်္ကန်းမရုံဘဲ နေခွင့်ရှိသည်။

၅-၆။ မြို့ရွာအတွင်း သွားလာရာ၌ ဣန္ဒြေမရ လက်ကိုလှုပ်ရမ်း၍သွားခြင်း၊ နေထိုင်ရာ၌ လက်ခြေတို့ကို လှုပ်ရမ်းခြင်းမပြုရ။ ဣန္ဒြေရရ သွားလာနေထိုင်ရမည်။


၇-၈။ မြို့ရွာအတွင်း၌ ရှေ့သို့ လေးတောင်ခန့် ကြည့်လျက် မျက်လွှာချ၍ သွားလာနေထိုင်မှုပြုရမည်။ သို့သော် ယာဉ်၊ ရထား၊ နွား၊ မြင်း စသော ဘေးရန်ရှိ မရှိကိုကား တစေ့ တစောင်း ကြည့်နိုင်သည်။


၉-၁၀။ ဧကသီ သို့မဟုတ် သင်းပိုင်ကို မလျက်၊ မြှောက်ပင့်လျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။


၁၁-၁၂။ အသံကျယ်စွာ ရယ်မောလျက် မြို့ရွာတွင်း၌ သွားလာ နေထိုင်ခြင်းမပြုရ။


၁၃-၁၄။ မြို့ရွာတွင်းသွားလာစဉ် စကားကို တိုးတိုး ပြောရမည်။ တိုးတိုးအသံဆိုသည်မှာ ရဟန်းတော်သုံးပါး ခြောက်တောင်စီခွာ၍ တန်းစီထိုင်နေသောအခါ တစ်ဖက် စွန်းမှ ပုဂ္ဂိုလ်က အလယ်ပုဂ္ဂိုလ်အား လှမ်း၍စကားပြော ရာ၌ အလယ်ပုဂ္ဂိုလ်သာ စကားလုံးကို ကွဲကွဲပြားပြား ကြားရ၍ အခြားတစ်ဖက်စွန်းပုဂ္ဂိုလ်က ကွဲကွဲပြားပြား မကြားရလျှင် တိုးသောအသံဖြစ်၏။ ဆယ့်နှစ်တောင်ကွာ တစ်ဖက်စွန်းရှိ ပုဂ္ဂိုလ်ပါ ကွဲကွဲပြားပြားကြားရလျှင် ကျယ်သောအသံဖြစ်သည်။


၁၅-၂၀။ မြို့ရွာအတွင်း၌ ကိုယ်ကို လှုပ်ရမ်း၍ လည်းကောင်း၊ လက်ရုံးလက်မောင်းကို လှုပ်ရမ်း၍ လည်းကောင်း၊ ဦးခေါင်းကို လှုပ်ရမ်း၍လည်းကောင်း မသွားလာရ မနေထိုင်ရ။ ကိုယ်အထက်ပိုင်းသည် ကျောက်ဆင်းတုကဲ့သို့ မလှုပ်မရှက် ငြိမ်သက်စွာ ရှိရမည်။


၂၁-၂၂။ ခါးထောက်လျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။


၂၃-၂၄။ ဦးခေါင်းခြုံလျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။


၂၅။ ဖနောင့်ကိုမြှောက် ခြေဖျားထောက်လျက် လည်း ကောင်း၊ ခြေဖျားကိုမြှောက် ဖနောင့်ထောက်လျက် လည်း ကောင်း မြို့ရွာတွင်းသို့ မသွားရ။


၂၆။ မြို့ရွာတွင်း၌ ထိုင်သည့်အခါ ဒူးနှစ်လုံးထောင်လျက် ပုဆိုးကွင်းသိုင်း၍လည်းကောင်း၊ လက်နှစ်ဖက်ဖြင့် ဒူး နှစ်လုံးကို သိုင်းဖက်၍လည်းကောင်း မထိုင်ရ။


(ဤ ၂၆-ပါးမှာ [သမဏသာရုပ္ပ] ကြည်ညိုဖွယ်ဖြစ်အောင် သွားလာနေထိုင်နည်းကိုပြသည်။)

၂၇။ ဆွမ်းခံရာ၌ သပိတ်ကို လက်နှစ်ဖက်ဖြင့် ပိုက်ထားပြီး လေးလေးစားစား လိုလိုချင်ချင် ခံယူရမည်။ မလိုချင်သလို သွန်ပစ်တော့မည့် အမူအရာဖြင့် ဆွမ်း မခံရ။


၂၈။ သပိတ်၌စိတ်စိုက်လျက် ဆွမ်းခံရမည်။


၂၉။ ဆွမ်းကိုနည်းနည်းခံယူပြီး ဟင်းကို ဆွမ်းထက် နှစ်ဆသုံးဆ ခံယူခြင်း မပြုရ။ ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရမည်။


၃၀။ သပိတ်အတွင်း နှုတ်ခမ်းအရစ်နှင့် ညီမျှရုံသာ ဆွမ်းကိုခံယူရမည်။


၃၁။ ဆွမ်းစားသည့်အခါ မစားချင့်စားချင် အမူအရာ မရှိရ၊ လေးလေးစားစား ဆွမ်းကိုစားရမည်။


၃၂။ ဆွမ်းစားနေစဉ် တောင်တောင်မြောက်မြောက် မကြည့်ရ၊ မိမိသပိတ်၌သာ စိတ်အာရုံစိုက်ထား၍ စားရမည်။


၃၃။ ဆွမ်းစားရာ၌ ဆွမ်းနှင့်ဟင်းကို တစ်ပိုင်းခြင်း အစဉ်အတိုင်း ယူ၍စားရမည်။ တစ်ဖက်စွန်းကိုယူပြီး အခြားတစ်ဖက်စွန်းကို မယူရ၊ အလယ်မှထွင်းဖေါက် မယူရ။


၃၄။ မပြစ်မကျဲ လက်ဖြင့်ကော်ယူ၍ ရလောက်သော ပဲဟင်းကို ဆွမ်း၏ လေးပုံတစ်ပုံလောက်သာ ထည့်၍ စားရမည်။ ဆွမ်းနည်းနည်း ဟင်းများများစားခြင်း မပြုရ။


၃၅။ ဆွမ်းကို အလယ်ဗဟိုတွင် မို့မောက်အောင်စုပုံပြီး၊ ဆွမ်းဦးထိပ်မှ ယူမစားရ။ ဘေးမှအစဉ်အတိုင်း ယူ၍စား ရမည်၊ သို့ရာတွင် ဆွမ်းစားပြီးခါနီး သပိတ်ထဲ၌ အနည်းငယ် ကျန်နေသည်ကို သိမ်းကျုံးစုဆောင်းလိုက် သောအခါ အစုအပုံ မိုမိုမောက်မောက်ဖြစ်နေတတ်သေး ၏၊ ထိုအစုအပုံကို နှိုက်ယူစားရာ၌ကား အာပတ်မသင့်။


၃၆။ ဆွမ်းဟင်းထပ်ပြီးရလို၍ ဟင်းကို ဆွမ်းဖြင့်ဖုံးအုပ် ထားခြင်း မပြုရ။


၃၇။ ဆွမ်းဟင်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း ဖျားနာသူ (ဂိလာန)မဟုတ်လျှင် မိမိအတွက်တောင်း၍ မစားရ။ ဆွေမျိုးတော်သူ ဖိတ်မန်ထားသူတို့အထံ၌ တောင်းကောင်း၏။


၃၈။ ကဲ့ရဲ့လိုသောစိတ်ဖြင့် သူတစ်ပါး သပိတ်ကိုမကြည့်ရ။ ဆွမ်းနည်းလျှင်ပေးမည်။ ဆွမ်းများလျှင်တောင်းမည် ဟူသော စိတ်ဖြင့် ကြည့်ကောင်း၏။


၃၉။ ဆွမ်းလုတ်ကို ဒေါင်းဥပမာဏလောက် မကြီးစေရ။


၄၀။ ဆွမ်းလုတ်ကို ရှည်လျှားမနေစေဘဲ ထက်ဝန်းကျင် ဝန်းဝိုင်းအောင်ပြု၍ စားရမည်။


၄၁။ ခံတွင်းပေါက်သို့ ဆွမ်းလုတ်မရောက်သေးမီ ခံတွင်း ပေါက်ကို ကြိုတင်၍ ဖွင့်မထားရ။


၄၂။ ဆွမ်းစားစဉ် လက်ချောင်းများကို ခံတွင်းထဲသို့ မသွင်းရ။


၄၃။ စကားမပီသလောက်အောင် ခံတွင်းထဲ၌ ဆွမ်းလုတ် ရှိနေစဉ် စကားမပြောရ။


၄၄။ ဆွမ်းလုတ်ဆွမ်းခဲကို ပါးစပ်ထဲသို့ ပစ်ပေါက်မသွင်းရ။


၄၅။ ဆွမ်းလုတ်ကို တစ်ဝက်ကိုက်ဖြတ်မစားရ။ ဆွမ်း လုတ်ကြီးနေလျှင် လက်ဖြင့်ခွဲ၍ စားရမည်။ မုန့်ပဲ စသောခဲဖွယ်ကို ကိုက်ဖြတ်စားနိုင်သည်။


၄၆။ ဆွမ်းလုတ်ကို ပါးစောင်မှာထား၍ ပါးကိုဖောင်းစေ ပြီး မစားရ။


၄၇။ လက်ကို ခါ၍ ခါ၍ ဆွမ်းမစားရ။ လက်၌ ဆွမ်း ဟင်းများကပ်နေလျှင် လက်ချောင်းဖြင့်သာ ခြစ်၍ ဖယ်၍ ချရမည်။


၄၈။ ဆွမ်းလုတ်ကို ခံတွင်းထဲသို့ သွင်းပြီးနောက် လက်ထဲ၌ ဆွမ်းလုံးများကျန်နေသည်ကို အသာအယာ လက်ဖြင့် ပြန်သယ်ဆောင်လာပြီး ပန်းကန်ထဲ သပိတ်ထဲ ချရမည်။


၄၉။ ဆွမ်းစားလျှင် လျှာကိုခံတွင်းအပြင်သို့ ထုတ်ပြီး မစားရ။


၅၀။ ဆွမ်းစားသည့်အခါ ပါးစပ်မှ အသံမည်အောင် မစားရ။


၅၁။ ဟင်းရည်ပူပူ အရည်သောက်သည့်အခါ ရှုးရှုးရှဲရှဲ အသံမမည်အောင် သောက်ရမည်။


၅၂။ ဆွမ်းစားသည့်အခါ လက်ချောင်းများကို လျက်ခြင်း စုပ်ခြင်း လက်ဝါးကို လျက်ခြင်းမပြုရ။ ယာဂုပြစ်ပြစ်၊ တင်လဲ၊ ပျားရည်စသည်တို့ကို လက်ချောင်းဖြင့်ကော်ယူ ပြီး စားရာ၌ လက်ချောင်းကို သွင်းပြီးစုပ်ယူနိုင်သည်။


၅၃။ သပိတ် ပန်းကန်စသည်ကို ခြစ်ခြုတ်၍မစားရ။ အသံမမည်အောင် လက်ဖြင့်သိမ်းယူ၍ စားရမည်။


၅၄။ ဆွမ်းစားစဉ် နှုတ်ခမ်းကို လျှာဖြင့်မလျက်ရ၊ တစ်စုံတစ်ခုကပ်နေပါက နှုတ်ခမ်းအချင်းချင်းဖိပြီး ပါးစပ်အတွင်းသွင်းရမည်။


၅၅။ ဆွမ်းဟင်းပေကျံသောလက်ဖြင့် မိမိပိုင် သောက်ရေ ခွက်ကိုပင်ဖြစ်စေ မကိုင်ရ၊ ကိုင်ပြီးလျှင် ဆေးကြောမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကိုင်လျှင် ကိုင်ကောင်း၏။


၅၆။ ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာတွင်း၌ မသွန်ရ။ မြို့ရွာအပြင်အပ၌ သွန်ကောင်း၏။ ဆွမ်းလုံး ကို တစ်နေရာတွင်စု၍ ရေချည်းသက်သက်ဖြစ်စေ၊ ဆွမ်းလုံးပျက်အောင်ချေ၍ဖြစ်စေ သွန်ကောင်း၏။


၅၇။ လက်၌ထီးရှိသော မနာမဖျားသူအား တရားမဟောရ။


၅၈။ တုတ် လှံ လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။


၅၉။ ဓား သံလျက် လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။


၆၀။ လေး မြှား လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။


၆၁။ ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရား မဟောရ။


၆၂။ ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရား မဟောရ။


၆၃။ ကျန်းမာပါလျက် ယာဉ်ပေါ်၌နေသူအား တရား မဟောရ။


၆၄။ ကျန်းမာပါလျက် အိပ်ယာထဲနေသူအား တရား မဟောရ။


၆၅။ ဒူးနှစ်ဖက်ကိုထောင်လျက် အဝတ်ဖြင့်သိုင်းထားသူ၊ လက်ဖြင့်သိုင်းဖက်ထိုင်နေသူအား တရားမဟောရ။


၆၆။ ကျန်းမာပါလျက် ခေါင်းပေါင်း ပေါင်းထားသူအား တရားမဟောရ။


၆၇။ ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရား မဟောရ။


၆၈။ တရားဟောသူသည် အခင်းမပါ ဗလာမြေပေါ်မှာ ထိုင်ပြီး၊ မနာမဖျားဘဲ အဝတ်ခင်းပေါ် ထိုင်သူအား တရားမဟောရ။


၆၉။ မနာမဖျားဘဲ မြင့်ရာ၌နေသူအား မိမိကနိမ့်ရာ၌ နေ၍ တရားမဟောရ။


၇၀။ မနာမဖျားဘဲ ထိုင်နေသူအား မတ်တတ်ရပ်နေသူက တရားမဟောရ။


၇၁။ မနာမဖျားဘဲ ရှေ့ကသွားနေသူအား နောက်ကနေ၍ တရားမဟောရ။


၇၂။ မနာမဖျားဘဲ လမ်းပေါ်၌သွားနေသူအား လမ်းဘေး မှ လိုက်၍ တရားမဟောရ။


၇၃။ မနာမဖျားဘဲ မတ်တတ်ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ရ။


၇၄။ မနာမဖျားဘဲ စိမ်းစိုရာမြက်သစ်ပင်၌ ကျင်ကြီး ကျင်ငယ် တံထွေး မစွန့်ရ။


၇၅။ မနာမဖျားဘဲ (သောက်ရေ သုံးရေ-မြစ် ကန် ချောင်း) ရေ၌ ကျင်ကြီးကျင်ငယ် မစွန့်ရ။


ဤသိက္ခာပုဒ် ၇၅-ပါးကို မရိုသေ မလေးစား ဂရုမစိုက်သည့်သဘောဖြင့် လိုက်နာကျင့်သုံးမှုမပြုပါက ရဟန်းများမှာ ဒုက္ကဋ်အာပတ်သင့်သည်။ ရှင်သာမဏေများမှာ သဲဒဏ် ရေဒဏ်ထိုက်သည်။ (မကျန်းမာလျှင်၊ မသိနားမလည်သေးလျှင်၊ အပြစ်မရှိ။) နားလည်အောင် သိအောင် သင်ကြားလေ့ကျင့်ရမည်။

ဤသိက္ခာပုဒ်တော်အားလုံး ဆဗ္ဗဂ္ဂီရဟန်းများအား အကြောင်းပြု၍ ပညတ်တော်မူသည်။


#ကိုးကား

(အောက်တိုဘာလ၊ ၂၀၀၆ ခုနှစ်) သုဓမ္မဝတီရှင်ကျင့်ဝတ်နှင့် ဒုလ္လဘ ရှင်, ရဟန်း မှတ်သားဖွယ် အဓိပ္ပါယ်များ, ဧကာဒသမအကြိမ်, တိုက်နံပါတ် − ၅၃၊ ဗိုလ်ရွဲလမ်း၊ ရန်ကုန်မြို့: သုဓမ္မဝတီ စာပုံနှိပ်တိုက်။


ကိုဖြိုး (ဧရာမြေ)

No comments