New Artical

ဆေးမြှီးတိုများ....မှတ်စု



ဆီးသွားများလျှင်အနေခက် ဥသျှစ်ရွက်သုတ်စား
 
-ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက် လေးညုင်းပွင့်သွေးလိမ်း
 
-ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်း ဧကရာဇ်မြစ်ကို   ဆန်ဆေးရေ နဲ့ သွေးသောက် 
 
-မကျီးခေါက်သွေးသောက်
 
-မုတ္တယောင် (ဝှေးဥယောင်)ကျဆေး ဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက် ရော ထောင်း အုံ၍ပတ်တီးစည်း
ရေဆွတ်ဆွတ်ပေး
 
-နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့် (1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်)(2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်) ရေအေးတဝသောက်
 
-အိမ်မပျော်လျှင် ဒန်ကျွဲပင်ပြုပ်သောက် မဲဇလီရွက်ဟင်းချိုချက်သောက် လက်သုတ် သုတ်စား
 
-နှာခေါင်းသွေးလျှံ ကျောက်ချဉ်အမှုန့်ထောင်းရှူ
 
-ကင်းကိုက် အဆိပ်အတောက် ကျောက်ချဉ်သွေးလိမ်း (၃၉)သားအိမ်ကိုက် အကြောတက်
(1)သက်ရင်းကြီးမြစ်(သို့)အခေါက် (၁၀)ဇွန်း (2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်းရောစပ်၍သောက် 
-သွေးပျစ် သွေးခဲလွန်းလျှင် ရှောက်ရည် သံပုရာရည် တစ်ဝသောက် ကင်ပွန်းချဉ်ရွက်ကြမ်း ကျကျကြိုသောက်
 
-ကျောက်တည်ရောဂါ ကျောက်ကွဲပြုတ်သောက် သံမနိူင်ကျောက်မနိူင်ဆေးသောက် ကဒက်ခေါက်ကို သံပုရာရည်နဲ့သွေးသောက် ငါးဦးခေါင်း၌ရှိသော ကျောက်ကလေးများကို မြေအိုးထဲထည့်၍လှော် (မီးမကျွမ်းစေရ) နီရဲလာလျှင်သံပုရာရည်နဲ့ပက်ဖျန်း (သို့)သံပုရာရည်ထဲသို့သွန်ထည့် ကြေမွသွားသော
ကျောက်မှုန့်များကို ချင့်ချိန်သောက်
 
-ရင်ပြည့်အစာမကျေ လေးလံ အဝလွန် အကြောတက် အဆီကျဆေး
(1)သက်ရင်းကြီးရွက်ရင့်
(2)ငုရွှေ(သီးတောင့်ရှည်)ရွက်ရင့်
(3)ပွေးကိုင်းရွက်ရင့်(အဖူး မထည့်ရ)
(4)ရှားဖြူရွက်ရင့်
(5)မကျီးရွက်ရင့်
(6)ကင်ပွန်းချဉ်ရွက်ရင့်
လေးတူဆတူကျိုသောက် (၆ ပါးဆေး)
 
-ချောင်းဆိုးလျှင်....
ခရေပွင့်ကိုတညလုံးရေစိမ်၊
နံနက်တွင် ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။
 
-ရင်ပြည့်ရင်ကယ် ..
ကြက်ဟင်းခါးသက်စောင့်ဆေးကို 
နှမ်းဆီ --ပရုပ်ဆီဖြူ ဖြင့်ဖျော်၍
ရင်မှအသာအယာသပ်ချပါ ။
 
-နှာပိတ်သော်.....
ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊
ရှိန်းခိုနဲနဲထည့် ၊
ငယ်ထိပ်မှနှာခေါင်းအထိ
ဆေးအရည်နှင့်ဆွဲပေးပါ ။
 
-တက်လျှင်....
ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။
 
-ရေငတ်ဝမ်းကျ .....
ဆီးသီးအစေ့အတွင်းမှအဆန်ကို
အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။
 
-ကင်းထိုးသော်.......
ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။
 
-ကြို့ထိုးလျှင်......
ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။
 
-ခရုသင်း.....
ကျည်းသီးဆန်ကို
ဆန်ဆေးရည်နှင့်တွဲစပ်၍
ရက်ပေါင်းများစွာစားရပါသည် ။
 
-ခြေတုန်လက်တုန်ဖြစ်လျှင်....
ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။
 
-ခါးနာ ခါးကိုက်......
ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။
 
-ငှက်ဖျားထလျှင် ....
ြမြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။
 
-ခံတွင်းပျက်လျှင်.....
ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။
 
-ခေါင်းတခြမ်းကိုက်လျှင်.......
ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။
 
-စကားထစ်လျှင်. .
နံနက်တိုင်းမြင်းခွာရွက်
တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။
 
-စအိုယားနာ....
ကြိတ်မှန်ရွက် အရည်ညှစ်၍
စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊
ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။
 
-ဆီးချုပ်လျှင်....
ငုပင်၏ အနှစ်ိုကိုသွေး၍
ချက်အောက်မကြာခဏ လိမ်းပေးပါ ။
 
-ဆီးတစက်စက်ကျလျှင်...
ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။
 
-ဆီးချုပ်လျှင် ......
ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။
 
-ဆီးအောင့်ကျောက်တည်လျှင်......
ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။
 
-ဆီးချိုဖြစ်လျှင် ....
ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။
 
-ဆီးအနှစ်ကျလျှင်.....
သင်္ဘော ရွက် သုံးရွက်ကို
ထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊
သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။
 
-ဆီးပူလျှင်....
ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။
 
-ဆံပင်ပြန်ပေါက်ဆေး......
သံပုရာစေ့ကိုရေနှင့်ကြိတ် ၊
နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏
 
-တင်းတိပ်....
နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။
 
-ဓာတ်ချုပ်လျှင် ......
ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍
တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။
 
-နားကိုက်လျှင်.....
ကြက်သွန်နီကိုမီးဖုတ် ၊
အရည်နွေးနွေးနားထဲထည့်
နားကိုက်ခြင်းပျောက်၏ ။
 
-နားအူ နားလေထွက်လျှင်....
သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။
 
-နားပြည်ယိုလျှင်....
ကျီးအာသီးကြိတ်ဖတ်ကို
အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ။
 
-နားအတွင်းပိုးကောင်ဝင်လျှင်....
ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ
မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။
 
-နို့ကြောင်းပိတ်လျှင်....
ကြိတ်မှန်ရွက်ကို
ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။
 
-နို့လှိုင်လှိုင်ထွက်ဆေး......
စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏
 
-နှလုံးရောဂါဖြစ်လျှင်..
ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊
အပွင့်ကိုရှူ ၊အသီးကို စားပေးပါ
အမြစ်ပြတ်ပျောက်၏ ။
 
-နှခေါင်းသွေးလျှံလျှင်......
ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။
 
-နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. ...
ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။
 
ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူးယူမျှဝေသည်။
အနာနဲ့ဆေးတွေ့ကြပါစေ
မေတ္တာများစွာဖြင့်.........
ရှယ်ယူထားလို့ ပိုနေတယ်မရှိပါ။
ဆေးမြှီးတိုများ....မှတ်စု

 

No comments