New Artical

မြန်မာ့ဆေးဖက်ဝင် ခရေပင်

 

မြန်မာ့ဆေးဖက်ဝင် ခရေပင်

••••••••••••••••••••••••••••••••••••••••••••••••••••••••••••
September 28, 2013 at 1:32pm
Item Name --------- Star-Flower ခရေပင် (ခ) ချရားပင်
Category ------------ Raw Material
Botany Term ------- Mimusops elengi Roxb
Species Family --- Sapotaceae
မြန်မာနိုင်ငံတစ်ဝန်း မြေပြန့်ဒေသ များတွင် အများအပြားတွေ့ရသည်။သဘာဝအလျောက် ပေါက်ရောက်သည်
အပင်
ပင်စည်ဖြောင့်မတ်သော အပင်ကြီးမျိုးဖြစ်၍ ပေ ၄ဝခန့်မြင့်၏။ အဖို အမ နှစ်မျိုးရှိသည်။ အသီးအပွင့် နှစ်မျိုးရှိသော် အမမျိုးဖြစ်၍ အပွင့်သက်သက်ပွင့်လျှင် အဖိုမျိုးဖြစ်သည်။ အကိုင်းအခက် လွန်စွာဖြာ၏။ အခေါက်ထူ၍ ကြမ်းပြီး ညိုမည်းရောင်ရှိ၏။
အရွက်
ပြောင်ချော၍ တောက်ပသည်။ ဘဲဥပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းဝိုင်း၊ သို့မဟုတ် အနည်းငယ် သွယ်သည်။ရွက်နားလှိုင်းတွန့်သည်။သပြေရွက််နှင့် တူ၏။
အပွင့်
အဖိုပွင့် အမပွင့် ၂ မျိုးရှိ၍ အမပွင့်ထက် အဖိုပွင့်သည် အနည်းငယ်ကြီးပြီးဖြူ၏။ အမပွင့်သည် အနည်းငယ် နီကြန်ကြန်ရှိ၏။ အပွင့်များမှာ မွှေးကြိုင်သောရနံ့ရှိသည်။ကဆုန်၊ နယုန် လတွင်ပွင့်သည်။
အသီး
ဘဲဥပုံ ရှိ၏။ ပထမတွင် အစိမ်းရောင်ရှိပြီး နောက်ပိုင်း ရင့်မှည့်သောအခါ လိမ္မော်နီရောင် ဖြစ်သွားသည်။ အသားထူ၏။ အသားအဝါရောင် ရှိပြီး ဖန်၍ ချိုသည်။ စား၍ရသည်။ အစေ့မှာ မာကျော ပြီး အညိရင့်ရောင်ရှိသည်။ ၀ါခေါင် ၊ တော်သလင်းလတွင် သီးသည်။
အသုံးဝင်ပုံ
အပွင့် ၊ အခေါက် ၊ အစေ့။
အာနိသင်
မြန်မာ့ဆေးကျမ်းများအလိုအရ အခေါက်သည်ချို၏။ ခါး၏။ အေး၏။ နှလုံးကို အားရှိစေ၏။ ဝမ်းမီးကိုပွားစေ၏။ ရောဂါပိုးတို့ကို နိုင်၏။ သွားဖုံးရောဂါများ၌ အကျိုးပြု၏။ သည်းခြေဖောက်ပြန်ခြင်းကို ပျောက်ကင်းစေ၏။ အသီးသည် အူကို တွန့်ရှုံ့စေ၏။ နှုတ်ကိုမြိန်စေ၏။ သွားတို့ကို ခိုင်စေ၏။ ချုပ်၏။ သလိပ် သည်းခြေကိုနို်င်၏။ အစေ့သည် လှုပ်နေသော သွားတို့ကို 

ခိုင်စေ၏။ ရှူသော် ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေ၏။
အပွင့်အသုံးပြုပုံ
၁။ခရေပွင့်ကို တစ်ညလုံးရေစိမ်၍ နံနက်တွင်ထို စိမ်ရည်ကိုစစ်ပြီး ကလေးအားတိုက်လျှင်ချောင်းဆိုးရောဂါပျောက်၏။
၂။ခရေပွင့်အစိုကို မီးယပ်ဖြူရောဂါနှင့် သွားရောဂါ အတွက် အသုံးပြု၏။
၃။ခရေပွင့်အခြောက်ကို သနပ်ခါးဖြင့် ရောသွေးလိမ်းက အပူကြောင့်ဖြစ်သောမိတ်နာ၊ ယားနာများ အမြန်ပျောက်ကင်း၏။
အခေါက်အသုံးပြုပုံ
၁။အခေါက်ပြုတ်ရည်ကို သောက်ခြင်းဖြင့် လည်းကောင်း၊ အပွင့်ကိုရှူခြင်းဖြင့်လည်းကောင်း၊ အသီးကိုစားခြင်းဖြင့်လည်းကောင်း နှလုံးရောဂါကို ပျောက်စေ၏။
၂။ခရေခေါက်၊ဆီးဖြူခေါက်၊ရှားခေါက် ၃ မျိုးပြုတ်၍ငုံပေးခြင်းဖြင့် ပါးစပ်၌ မက်ခရုပေါက်ခြင်း၊ သွားဖုံး ရောင်ခြင်း၊ ပါးစပ်၌အပူလောင်ခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်းစသော ခံတွင်းနာအားလုံး ပျောက်ကင်း စေသည်။
၃။အခေါက်ကိုပြုတ်၍ ဖန်ဆေးရည်အဖြစ် အသုံးပြုနို်င်သည်။
အစေ့အသုံးပြုပုံ
၁။အဆက်မပြတ်သွားသော ဝမ်းရောဂါအတွက် အစေ့ကို ရေအေးနှင့် သွေးသောက်ခြင်း၊ ခရေသီးအမှည့်၏ အသားကိုစားပေးခြင်းဖြင့် ပျောက်ကင်း စေနို်င်သည်။


Credit to post byမြန်မာ့ဆေးဖက်ဝင်အပင်များ

No comments