New Artical

ပါးစပ် စည်းကမ်း ရှိပါစေ


 

ပါးစပ်_စည်းကမ်း_ရှိပါစေ
******************
ရဟန္တာထေရီမကြီး(၂)ပါး ထိုင်နေတဲ့ အချိန်မှာ တစ်ပါးက မေးတယ်။ " သာသနာ့ ဘောင်ကို ဘာလို့ ရောက်လာ တာပါလည်း " လို့ မေးတော့ တစ်ပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။
သူဟာ ~
ငယ်ရွယ်စဉ်မှာ ကုန်သည်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။
ပေါင်းသင်းပြီး မကြာခင်မှာပဲ ယောကျာ်းဖြစ်သူ ကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ ယောကျာ်းက ကုန်ကူးသွားရင်း လှေတိမ်းမှောက်လို့ ဆုံးပါး သွားခဲ့တယ်။
ယောက္ခမတွေက သူ့သားနဲ့ ရတဲ့ ကိုယ်ဝန် မဟုတ်ဘူး ဆိုပြီး အိမ်ပေါ်က နှင်ချလိုက်တယ်။ ဗိုက်တစ်လုံးနဲ့ ထွက်သွား ခဲ့ရတယ်။
ဒီလိုနဲ့ တစ်ယောက်တည်း ခြေဦးတည့်ရာ လျှောက်သွားရင်း ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ကလေးမွေးတယ်။ ကလေးကို ဇရပ်မှာ ခဏထားပြီး ရေသွား ရှာနေတုန်း ခရီးသွားတစ်ယောက်က စွန့်ပစ်ထားတဲ့ ကလေးထင်ပြီး ယူသွားခဲ့တယ်။
ဒီလိုနဲ့ ~
စိတ်လေပြီး လျှောက်သွားနေတုန်း စရိုက် ကြမ်းတမ်းတဲ့ ဓါးပြဗိုလ်ကြီးနဲ့ ဆုံတွေ့ပြီး ပေါင်းသင်း ခဲ့ပြန်တယ်။ မိန်းကလေးတစ်ယောက် မွေးတယ်။
တစ်နေ့ ~
ကလေးထိန်းရင်း အိပ်ပျော်သွားတုန်း ကလေး ပုခက်ထဲက ပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာကြီး ရသွားလို့ ယောကျာ်းကို ကြောက်ပြီး ထွက်ပြေး ခဲ့ပြန်တယ်။
အဲဒီလိုနဲ့ ~
နှစ်ပေါင်းများစွာ တစ်ဦးတည်း နေထိုင်ရင်း ကုန်သည်လေးတစ်ယောက်နဲ့ တွေ့ပြီး အိမ်ထောင် ပြုလိုက်ပြန်တယ်။
အဲဒီ ကုန်သည်ပေါက်စလေးနဲ့ ပေါင်းသင်း နေတုန်းမှာပဲ
တစ်နေ့ ကုန်သည်လေးက မိန်းမ ငယ်ငယ်လေးတစ်ယောက်ကို ခေါ်လာပြန်လို့ လင်ကို မိန်းမနှစ်ယောက် အနေနဲ့ ပေါင်းရပြန်တယ်။
တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာ ပေးနေတုန်း ခေါင်းက ဒဏ်ရာကို တွေ့တော့ " သူ့သမီးရဲ့ ဒဏ်ရာနဲ့ တူလိုက်တာ " လို့ တွေးပြီး ဇာတိကို မေးကြည့်တော့  တကယ်ပဲ •• ဓါးပြဗိုလ်ကြီးနဲ့ ရခဲ့တဲ့ သူ့သမီး ဖြစ်နေပါတော့တယ်။
သားအမိနှစ်ယောက် ယူကြုံးမရ ဖြစ်ပြီး သူတို့ရဲ့ လင်ကို ပြောပြတော့  သူ့လင်ကလည်း တစ်ချိန်က ဇရပ်မှာ ပျောက်သွားခဲ့တဲ့ သူ့သားလေး ဖြစ်နေပြန်တယ်။
အဲ့ဒါနဲ့ သူဟာ လောကီမှာ ဆက်ပြီး မနေဝံ့တော့လို့ သာသနာ့ ဘောင်ထဲ ရောက်လာပြီး ကြိုးစား၊ အားထုတ်ရင်း တရားထူး ရတဲ့အထိ ဖြစ်လာခဲ့ ရတာပါလို့ ရဟန္တာထေရီမကြီးက သူ့ဘဝ ဇာတ်ကြောင်းကို ပြောပြ ခဲ့ပါတယ်။
အဲဒါဟာ ~
သူ အတိတ်က ဘဝတစ်ခုမှာ တစ်ခြားသူကို "မအေ"နဲ့ တပ်ပြီး ကြမ်းတမ်းစွာ ဆဲ၊ ဆိုခဲ့လို့ ဒီဘဝမှာ ပြန်လည် ပေးဆပ် ရတာပါ တဲ့။
ဘယ်လောက်ထိ ကြောက်စရာ ကောင်းလိုက်ပါ သလဲ။
ဓမ္မမိတ်ဆွေတို့ ••
ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ်၊
ဘယ်လောက်ပဲ ဒေါသ ထွက်နေပါစေ ••
သူတစ်ပါးကို " မအေ " နဲ့ တပ်ပြီး
မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိ ပေးချင်ပါတယ်။
တရားစာ ရွတ်လို့ ကုသိုလ် ရတာလည်း ဒီပါးစပ်က ထွက်တာပါပဲ။
ဆဲလို့ သံသရာမှာ ပေးဆပ် ရမှာလည်း ဒီပါးစပ်က ထွက်တာပါပဲ။
#ဘုရားရှင်က_ပါးစပ်က_ထွက်တဲ့_စကားလုံးတွေဟာ_အကျိုး_မခံစားရပဲ_ပျောက်ပျက်_မသွားပါဘူး တဲ့။
#ပါးစပ်_စည်းကမ်း_ရှိပါစေ။ 

Crd

No comments