New Artical

အကြည်တော် ၊ သူခိုး အပိုင်း(၁၀)



မနက်ဝေလီဝေလင်းမှာပါပဲ။

ငပိန်နဲ့အတူ လူဖြူဖြူသန့်သန့် ခပ်ဝဝတစ် ယောက်၊ မလက်တိုထန်းတဲထဲ ရောက်နေပြီ။ အဲ့ဒီလူ က ငပိန်ပြောတဲ့ ဆေးဆရာဖိုးသာအိုပေါ့။

ပင်ကျရည်စစ်စစ်ကလေးမှီဝဲရင်းက ပါကညော ​ တို့လာရာလမ်းကို လှမ်းမျှော်နေကြတယ်။

ငပိန်က ဖိုးသာအိုကို စောင်းငဲ့ကြည့်ပြီး

“ဖိုးသာအို ကျုပ်ပြောတဲ့အတိုင်း မလွဲစေနဲ့ နော်”

သူ့စကားကို ဖိုးသာအိုက မကြည်သလိုပြန် ကြည့်ပြီး 

ငပိန်က ဘာမှပြန်မပြောဘဲ ထန်းတဲဖက် ကြည့်ကာ

“မလက်တို ခင်ဗျားလဲ မမေ့နဲ့နော်”

သူ့စကားကို ထန်းတဲထဲ ငုတ်တုတ်ထိုင်နေတဲ့ မလက်တိုက

“သီချင်းရော ဆိုရဦးမှာလား”

ငပိန်က မျက်နှာကိုရှုံ့မဲ့ရင်း

“နေပါဗျာ၊ ပြောတဲ့အတိုင်းသာ ပီပြင်ပါစေ”

“နင်သာ ခိုးထားတဲ့ ရှင်မီးသုံးထည် ကတိတည်ပါစေ”

ဘာတွေကြိတ်တိုင်ပင်ထားတယ်ရယ်တော့ မသိဘူး။ သူတို့ဟာ သူတို့တော့ ရှုပ်နေကြတယ်။

“ဟော လာပြီ”

မနက်ခပ်စောစောပဲ အိုးလေးအိုးသူကြီး ပါကညော နဲ့ ဓားဖိုးဌေးတို့ မလက်တိုတို့ ထန်းရည်ဆိုင် ချီတက်လာကြတယ်။ထန်းရည်ဆိုင်ရောက်တာနဲ့


“ဟာ

မောင်ပိန်ရောက်နေပြီလား၊ ဒါက မင်းပြောတဲ့

အထင်ကရ ဆေးဆရာဖိုးသာအိုမှတ်တယ်”

ဆိုပြီး ငပိန်တို့ဝိုင်းထဲ ဝင်ထိုင်လိုက်တယ်။ ဖိုးသာအိုက ခပ်တည် တည်နဲ့ ခါးကိုမတ်ထားတယ်။ ပါကညော က ဝိုင်းမှာ ချထားတာတွေကို ကြည့် ပြီး

“ဟာ ခင်ဗျားက ဆေးဆရာလဲဆိုသေး၊ ထန်းရည်ကျ သောက်နေ သလားဗျ”

သူ့စကားဟာ အမှန်ဆို ဆေးဆရာတစ်ယောက်အနေနဲ့ မျက်နှာပျက်သွားရမယ်။ ဒါကို ဝါသဘာရင့် ဖိုးသာအိုက မျက်နှာမပျက်တဲ့အပြင် မသိနားမလည်ရန်ကောဆိုတဲ့အပြုံးမျိုးနဲ့တောင်လှမ်းပြုံးပြလိုက်ပြီး

“ဒီမယ် မောင်ရင်ထန်းရည်ဆိုတာ အပူကိုငြိမ်းစေတယ်၊ အပုပ်ကို စင်စေတယ်၊ နွေရာသီမှာသောက်ရင် ရင်ကိုအေးစေပြီး ဆီးကိုရွှင်စေ တယ်၊ ဆောင်းရာသီမှာသောက်ရင် အသားအက်၊အသားပတ်၊ အာခေါင် ကွဲခြင်းကို ထိန်သိမ်းပေးတယ်၊ မိုးရာသီမှာသောက်ရင် အနွေးဓာတ်ကို ရစေ ပြီး ပထဝီကြောကို ပွင့်စေတယ်၊ မနက်စောစောသောက်တဲ့အခါ ဆီးဝမ်းကို မှန်စေပြီး

အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတယ်၊ ညနေခင်းသောက်ရင် သွေးကိုလေးစေပြီး အိပ်ချင်စိတ်ကို ဖြစ်စေတယ်၊ လူအများနဲ့ သောက်ရင် နှုတ်အာကိုရွှင်စေပြီး၊ အသိမိတ်ဆွေ တိုးပွားစေတယ်၊ တစ်ယောက်တည်း သောက်ရင် အာရုံကိုစုစည်းနိုင်ပြီး၊အတွေးအခေါ်ကို ဆန်းသစ်စေတယ်၊ ကဲ..အဲဒီတော့”

ဖိုးသာအိုစကားတောင် မဆုံးဘူး။ ပါကညော ထန်းရည်တစ်ခွက် ကိုထည့်ပြီး ခပ်မြန်မြန်ဂလုချလိုက်တယ်။ ဟုတ်တယ်လေ။ ဒီလောက်တောင် ဆေးဖက်ဝင်နေမှတော့ ဘာမဂလုစရာရှိမှာလဲ။

သူ့အတိုင်းပဲ ဖိုးဌေးကလဲ တစ်ခွက်ပေါ့။

ပြီးတော့မှ စပ်ဖြစ်နဲ့

“အဟဲ ကျုပ်က အိုးလေးအိုးသူကြီး ပါကညော ပါ၊ ဒါက တပည့်ဖိုးဌေး”

သူတို့မိတ်ဆက်စကားကို ဖိုးသာအို အံ့သြဟန်နဲ့ ခါးမတ်ပြီး

“အိုး၊ အိုးလေးအိုးသူကြီး ပါကညော နဲ့ ဓားဖိုးဌေးပဲ၊ မောင်ရင်တို့ဂုဏ်သတင်းကတော့ ကြားပါ့၊ အိုးလေးအိုးမှာ ပါကညော နဲ့ ဖိုးဌေးရှိရင် သူခိုးသူဝှက်ကင်းဆို”

ပါကညော ရော ဖိုးဌေးရော မျက်နှာပျက်သွားတယ်။ ဘာလို့လဲဆို တော့ သူတို့ရှေ့မှာထိုင်နေတာက သူခိုးလေ။ ဒါကို ဓားဖိုး ဌေးကပဲ ဝင်ပြီး

“ပါပါကြီးရှိရင် သူခိုးသူဝှက်တော့ ကင်းပါတယ်၊ ဒါပေမယ့်တချို့ ကျတော့လဲ ပါပါကြီးက သနားတတ်တယ်လေ၊ လုပ်စားပါစေတော့ဆိုပြီး”

“ချိုင်းမွှေးနှုတ်လိုက်ရမလား”

သူ့စကားမဆုံးဘူး။ ငပိန်ဖြတ်ပြောတာကြောင့် ဓားဖိုးဌေး

မျက်နှာ ပျက်သွားတယ်။

ဒီတော့မှ ပါကညောလဲ မျက်လုံးပြူးပြီး ဓားဖိုးဌေးလက်ကို မြှောက် ကြည့်လိုက်တယ်။

“ဟင် မရှိတော့ဘူး”

ဟုတ်ပ။ ဓားထိုးကြမ်းလွန်းလို့ ဓားဖိုးဌေးရယ်လို့ သမုတ်ခံထားရ တဲ့ ဖိုးဌေး ချိုင်းမွှေးတစ်ပင်မှ မရှိတော့ဘူး။

ငပိန်ကြည့်တော့လဲ စပ်ဖြနဲ့။ ဒီကောင် ဝင်နှုတ်သွားတာပဲ

ဖြစ် မယ်။

အခြေအနေရိပ်မိတဲ့ ဖိုးသာအိုကပဲ ဝင်ပြီး

“အခုလို နာမည်ကျော်ဂုဏ်သရေရှိလူတွေနဲ့ တွေ့ရတာ

ဝမ်းသာ ပါရဲ့ဗျာ၊ အဲ..ဆေးနဲ့ပတ်သက်ရင်တော့ ဖိုးသာအိုကို ပြောဗျ၊ ကျုပ်တို့က မျိုးနဲ့ရိုးနဲ့ ဆေးဆရာတွေဗျ။ ကျုပ်တို့အဘိုးဆိုရင် နန်းတွင်းမှာ”

“မြင်းချေးကျုံးတာလေ”

ဖိုးသာအိုစကားမဆုံးဘူး။ ငပိန်က ဖြတ်ပြောတော့ မျက်နှာပျက်သွားတယ်။ ဒါပေမယ့် ဝါရင့်လူလိမ်ပဲ။ ဒီလောက်နဲ့ ဘယ်ရမှာလဲ။

“မြင်းချေးကျုံးရာကနေ မြင်းသေးနဲ့ဘဲဥပေါင်းစပ်ပြီး ဆေးဘဲဥဆို တာကြီး တီထွင်နိုင်ခဲ့လို့ နန်းတွင်းသမားတော်ကြီးရာထူး ရခဲ့တာကလား”

သူ့စကားကို ငပိန်က အရှေ့ကပဲလှော်လေး ကောက်ဝါးရင်း

“ခုတော့ သေရှာပြီ”

“ဘာ ဘာလို့လဲဟင်”

ဖိုးဌေးက ဖြတ်မေးတယ်။ ငပိန်က ခပ်တည်တည်ပဲ

“မြင်းထီးဟွာကို မြင်းမနို့မှတ်ပြီး သွားညှစ်မိလို့ မြင်းကန်သေတာ၊ ရင်ဘတ်တစ်ချက် ခေါင်းတစ်ချက်”

ငပိန်က သူ့လည်ပင်းကိုတောင် လက်နဲ့ဖြတ်ပြလိုက်သေးတာ။ဖိုးသာအို မျက်နှာပျက်သွားတယ်။ ပါကညော နဲ့ဖိုးဌေးက ဘုမသိ ဘမသိစုတ်သပ်ကြတယ်။ ဖိုးသာအိုကပဲ ဟန်ကိုယ့်ဖို့ပြန်လုပ်ကာ

“အဲ ကျုပ်အဖေကျ နန်းတွင်းမှာ မနေတော့ဘူး”

“နန်းအပြင်မြို့ရိုးမှာ တောင်းစားတာ”

ငပိန်က ထဖောက်ပြန်တယ်။ ဖိုးသာအိုကတော့ မျက်နှာပျက်လဲ ခဏပဲ

“နန်းမြို့ရိုးမှာတောင်းစားရင်းနဲ့ မြို့ရိုးမှာ အလေ့ကျပေါက်တဲ့

ပိစပ် ရွက်ကနေ လူတွေရဲ့ ထိခိုက်ရှနာကနေ အသည်းအဆီဖုံးအထိ ကုသနိုင်တဲ့ဆေး တီထွင်နိုင်ပြန်တယ်”

“ခုတော့ သေပြီ”

ငပိန်က ထောက်ပြန်တယ်။

“ဘာလို့လဲ”

ဖိုးဌေးက မေးတယ်။

“ မြွေပွေးကို ပိစပ်ပင်မှတ်ပြီး အမြီးကသွားဆွဲတာလေ၊ ဟိုက လှည့် ပေါက်တာသေရော”

ပါကညော ရောဖိုးဌေးပါ မျက်မှောင်ကျုံ့သွားတယ်။ ငပိန်က လည်ပင်းကို လက်နဲ့ဖြတ်ပြတယ်။

“ပိစပ်နဲ့မြွေပွေး အဝေးကြီးပါ၊ ဘယ့်နှယ်”

“အေ့လေ ပိစပ်က အပင်၊ မြွေပွေးက အကောင်”

သူတို့စကားကို ဖိုးသာအိုကပဲ ခနဲရယ်ပြီး

“အဟဲ ပိစပ်ပင်ချိုးရင်း ပိစပ်ပင်ခြေရင်းမှာခွေနေတဲ့ မြွေပွေးကိုက် မိတာပါ၊ ငပိန်ကလဲ”

“ဒီလိုလား”

ပါကညော ရောဖိုးဌေးပါ ခေါင်းညိတ်ကြပြန်တယ်။ ဒါကို ဖိုးသာအို ကျတော့

“အဲ...ကျုပ်ကျတော့ နန်းတွင်းလဲမနေ၊ နန်းပြင်မှာလဲ မခွေဘဲ နယ်တကာလှည့်ပြီး ကုသိုလ်ဒါနပြု ကုသရင်း”

“ခုတော့သေပြီ”

ငပိန်ကထထောက်တယ်။ နှစ်ခါသုံးခါဆိုတော့ ဖိုးသာအိုလဲတင်း ပြီး

“ဟေ့ကောင် ငါမသေသေးဘူးကွ”

ဒီတော့မှ ငပိန်ခနဲရယ်ရင်း

“ဪ မသေသေးဘူးလား၊ ဒါပေမယ့် ပါကညော တို့ ဖိုးဌေးတို့နဲ့ တွေ့ရင် သေဖို့များပြီ”

အားလုံး မျက်နှာပျက်သွားကြတယ်။ ဒါကို ပါကညောကပဲ စပ် ၆ လုပ်ရင်း

“မောင်ပိန်ကလဲကွာ၊ ငါတို့က ဒီလောက်ဆိုးတဲ့လူတွေ မဟုတ်ပါ ဘူး၊ နောက်ပြီး ဒီလိုလူလေးစားရတဲ့ ဆေးဆရာဆို တို့ဘယ်လုပျပါ့မလဲ”

“လူငှားမှာပေါ့”

“တီကောင်ရီမောင်ကိုငှား..အား”

ငပိန်တစ်ယောက် ရှိနေတာနဲ့တင် သူတို့စကားက ရှေ့ဆက်သွား လို့ မရဘူးဖြစ်နေတယ်။ ဒါကြောင့် ပါကညော ကြီး ဖိုးသာအိုဖက်ကိုပဲ ဦး တည်လိုက်တော့တယ်။

“ဆေးဆရာကြီး ဆေးဆရာကြီး ဆေးတွေ အဆောင်တွေကသိပ် စွမ်းဆို”

ပါကညော စကားကို ဖိုးသာအိုကပြုံးပြီး “စွမ်းဆို သမာဓိအားနဲ့ ဖော်စပ်ရတာကိုးဗျ၊ ကဲ ပြော ဘယ်လို

ဘယ်လိုလက်ဖွဲ့လိုချင်တာလဲ၊ ဖိုးသာအို စီရင်ပေးမယ်”

ပါကညော ရယ်ရယ်နဲ့ ဘေးဘီဝေ့ကြည့်ရင်း

“ဟဲ ဟဲ ဟိုလေ၊ ပီယဆေးလေးများ”

ဖိုးသာအို ကြမ်းပြင်ကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး

“သိပ်စွမ်းပြီး သိပ်ခက်တဲ့ အရာပေါ့ဗျာ”

အဲ့ဒီစကားလဲကြားရော ပါကညော မျက်လုံး အရောင်လက်သွားတယ်။ ဖိုးဌေးက စိတ်ဝင်စားနေတယ်။ ငပိန်ကတော့ သူဆင်တဲ့ခွင် ဝင်လာ ပြီမို့ ကြိတ်ပျော်နေတယ်။

ပါကညော ကသာ အငမ်းမရနဲ့

“တကယ် တကယ်ရောစွမ်းလား”

သူ့အမေးကို ဖိုးသာအိုကပြုံးပြီး သူ့ဆေးအိတ်ကိုဖွင့်တယ်။

အိတ်ထဲမှာ ရာပန်းဆီလိုဘူးလေးတစ်ဘူး ယူထုတ်လာ

တယ်။ဆေး

“အဟမ်း”

ငပိန်ကချောင်းဟန့်တယ်။ မလက်တိုက သူကြားကြောင်း အဟွတ် အဟွတ်နဲ့ ချောင်းပြန်ဆိုးပြတယ်။ ဖိုးသာအိုက မှင်မောင်းကောင်းကောင်း နဲ့ပဲ

“မယုံရင် လက်တွေ့ကြည့်”

ဆိုပြီး အဖုံးကိုဖွင့်ပြီး သူ့ကိုယ်မှာဆွတ်လိုက်တယ်။ ငပိန်က အဟမ်းဆိုပြီး ချောင်းထပ်ဟန့်တယ်။ အဲ့ဒီအချိန်မှာပဲ

“ဟယ် အနံ့ကလေးက မွှေးလိုက်တာ၊ ဘယ်ကပါလိမ့်”

ဆိုပြီး တဲထဲထိုင်နေတဲ့ မလက်တိုထွက်လာတယ်။ နောက် သူတို့ ဖက်ဝှေ့ကြည့်ပြီး

“ဪ ဟိုက ဖြူဖြူသန့်သန့်နဲ့ မောင်ကြီးဆီကဖြစ်မယ်၊ မောင်

ကြီးရှင့်”

ဖိုးသာအိုက ခပ်တည်တည်နဲ့ မလက်တိုကို လှည့်ကြည့်ပြီး

“ပြောတော့ နှမငယ်၊ ပြောတော့”

မလက်တိုက ရှက်ပြုံးလား၊ သောက်ခွက်ပြောင်ပြီးပြုံးတာလားမသိ တဲ့အပြုံးမျိုးပြုံးပြီး

“ထူးထူးထွေထွေရယ်တော့ မရှိပါဘူး၊ မောင်ကြီးလိုရင် လက်လက် ကိုခေါ်နော်၊ အဟင့် ခစ်ခစ်”

ဆိုပြီး တဲထဲပြန်ပြေးဝင်သွားတယ်။ ပါကညော နဲ့ဖိုးဌေးဆိုတာ ပါးစပ်ကြီးဟပြီး ဘာပြောရမှန်းမသိဘူးဖြစ်သွားတယ်။

ငယ်စဉ်ကတော့ သူတောထဲကြံတာမရလို့ လက်လွှတ်လိုက်ရတဲ့ မလက်တို။ ရေမွှေးတစ်တို့နဲ့တင် ပုံစံပြောင်းသွားတာကိုး။

ဒါကိုသိတဲ့ ဖိုးသာအိုက မိန့်မိန့်ကြီးပြုံးပြီး

“ကဲ သူကြီးမျက်မြင်ပဲ”

ပါကညော ခမျာ ထိုင်ရမလို ထရမလိုပါဖြစ်သွားတယ်။ ဖိုးဌေးဆို တာ မလက်တိုတစ်လှည့်၊ ဆေးပုလင်းတစ်လှည့်ကိုကြည့်ယူရတယ်။ ပါးစပ်ကတော့ ပြန်မစေ့နိုင်သေးဘူး။

ပါကညော မယုံကြည်နိုင်တဲ့ မျက်လုံးမျိုးနဲ့ သူ့ရှေ့ချထားတဲ့ပုလင်း လေးကို လှမ်းယူဖို့လုပ်တယ်။ ဒါကို အကင်းပါးတဲ့ငပိန် က အရင်ဦးအောင် ဖြတ်ခနဲဆွဲယူလိုက်တယ်။

“ဟင်းဟင်း ဒီလိုဆေးမျိုး ဒီလိုလွယ်လွယ်နဲ့တော့ ဘယ်ရမလဲ

ဟင်း ဟင်း”

“ဟာ”

ပါကညော မချင့်မရဲဖြစ်သွားတယ်။ မျက်နှာကြီးကလဲ ဖရိုဖရဲဖြစ်နေပြီ။

ငပိန်သိတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ပါကညော ကြီး အတင်းလိုချင် နေပြီဆိုတာ။ ပါကညော ကြီးသာ တကယ်လိုချင်ပြီဆို ကိုယ်လဲ တောင်းချင် ရာတောင်းလို့ရပြီလေ။ ဒါကြောင့် ငပိန်ကြိတ်ပြီးပျော်နေတယ်။ ဒါကြောဌ် ပါကညော အသည်းယားအောင် ပုလင်းလေးကို မြှောက်ကာမြှောက်ကာ လုပ်နေတယ်။

အတွေ့အကြုံများတဲ့ ဖိုးသာအိုကတော့ ငပိန်တလှည့်၊ ပါကညော တလှည့်ကြည့်နေတယ်။ သူလဲ အခြေအနေကောင်းပြီဆိုတာ သိပြီလေ။

ပါကညော ကြီးကသာ လိုချင်စိတ်ကို ထိန်းမနိုင်သိမ်းမရဖြစ်ပြီး

“အဲ အဲဒီ ပီယဆေးလေး ပညာကြေး ဘယ်လောက်ကန်တော့ရင် ရနိုင်မလဲဟင်”

ငပိန်ကပြုံးတယ်။ ဆေးပုလင်းကို လေထဲမြှောက်လိုက် ပြန်ဖမ်းလိုက်လုပ်ရင်းက

“ဒီလောက်စွမ်းတဲ့ဆေးကို တန်ဖိုးဖြတ်ရမယ်ဆိုရင် ဆယ်

ဂဏန်း အဲ့ ရာဂဏန်း ရာဂဏန်း”

ငပိန်စကားကို ပါကညော က တုန်တုန်ရင်ရင်နဲ့

“မင်း မင်းတောင်းသလောက် ပေးပါ့မယ်ကွာ၊ တောင်း

သလောက် ပေးပါ့မယ်”

“ဟာ”

ပါကညော ရဲ့ စကားကြားတော့ ဖိုးသာအို မျက်လုံးပြူးသွားတယ်။ ငပိန် သူ့ကို ညှိထားတာ ရှစ်ပြားနဲ့ပဲညှိထားတာ၊ ကိစ္စအောင်မြင်ရင် သူက ရှစ်ပြားရမယ်၊ မလက်တိုက ရှင်မီးသုံးထည်ရမယ်၊ အခု ပါကညာက ရာကြီး ဂဏန်းထိကို အသာလေးပေးမယ်ဆိုတော့ သူ့အတွက် စဉ်းစာစရာဖြစ်လာ တယ်။သူက ဦးဆောင်လုပ်ရပြီး ဒီလောက်ကွာဟတဲ့ ဝေစုအတွက် သိပ် မကျေနပ်ဖြစ်လာတယ်။ နောက်ပြီး ပါကညာရွဲ့ ကယ်ဝမှုကိုသိပြီး လောဘ လဲ တက်လာပုံရတယ်။ ဒါကြောင့်ပဲ

“ဘယ်လောက်လဲဆိုတော့”

“ဖြတ်”

“ဟာ”

စကားပြောရင်း ပုလင်းလေးမြှောက်ကာမြှောက်ကာ လုပ်နေတဲ့ ငပိန်ဆီကနေ ဖိုးသာအို ပုလင်းကို ဖျတ်ခနဲ ဆွဲယူလိုက်တယ်။ငပိန်က အံ့အားသင့်ပြီး

“ဖိုးသာအို ခင်ဗျား ခင်ဗျား ဘာလုပ်”

သူ့စကားမဆုံးဘူး။ ဖိုးသာအိုက သူ့ပုလင်းဖုံးကိုဖွင့်ပြီး မြေကြီးပေါ် သွန်ချလိုက်တယ်။

“ဟာ”

“ဘာ ဘာလုပ်တာ”

ဒီအပြုအမူကိုမြင်တော့ အားလုံးအံ့အားသင့်သွားကြတယ်။ ငပိန် ဆို မျက်လုံးကြီးပြူးပြီး

“ဖိုးသာအို ဖိုးသာအို ခင်ဗျား ခင်ဗျား”

သူ့ရဲ့ရေရွတ်သံကို ဖိုးသာအို ဂရုမစိုက်တော့ဘူး။ သူ့ငွေရပေါက်ပါကညာကိုသာ စိုက်ကြည့်ပြီး

“ဒီမှာ သူကြီးပါကညော”

“ခင်ဗျာ ဆေးဆရာ”

ပါကညောက ဘုမသိဘမသိနဲ့ ပြန်ထူးတယ်။ ဖိုးသာအိုက


ကြမ်းပြင်ကို သူ့လက်ဖဝါးနဲ့ရိုက်ပြီး

“အဲ့ဒီဆေးထက် အဆတစ်ရာသာတဲ့ ပီယဆေး ကျုပ်ဖော်ပေးမယ် ဗျာ၊ ဟုတ်ပြီလား”

ဖိုးသာအိုစကားကြောင့် ပါကညော မျက်လုံးပါ ဝိုင်းစက်သွားတယ်။ ပြီးတော့ အားရဝမ်းသာအသံကြီးနဲ့

“ဟင် တကယ်လား”

ဖိုးသာအိုက ခေါင်းညိတ်ပြီး

“တကယ်ပြောတာပေါ့ဗျ၊ နံ့သာတစ်တို့၊ အပျို့လှေတစ်ကူးတို့တဲ့ ဗျ၊ ကဲ ဒီမှာပြောလို့ သိပ်မကောင်းဘူးဗျ၊ ပတ်ဝန်းကျင်က

သိပ်မသန့်ဘူး”

ဆိုပြီး ငပိန်ကို မျက်စောင်းထိုးပြတယ်။ ငပိန်သိလိုက်ပြီ။ ဖိုးသာအို သူ့ကိုကျော်ပြီဆိုတာ။ ပါကညာကလဲ ရိပ်မိတယ်။

“ဪ ဟုတ်ပါရဲ့ ဒီနေရာက အနံ့အသက် မကောင်းဘူးဗျ။ ဟေ့ ဖိုးဌေး”

“ဗျာ ပါပါကြီး”

“မင်း အိမ်မှာ ပြင်ထားဆင်ထားတာရှိလား”

“အသင့်ပါပါကြီး”

ငပိန်တစ်ယောက် အတော်ကြေကွဲနေတယ်။ သူဆင်ထားတဲ့ ဂွင် ကမိနေပြီးမှ အခု ဖိုးသာအိုကြောင့် ဂွင်ဝေးသွားပြီကိုး။

“ဖိုးသာအို ခင်ဗျား ခင်ဗျား”

ငပိန်ရဲ့ ကြေကြေကွဲကွဲ ရေရွတ်သံ။

ဟိုကတော့ သူ့ကိုရှိတယ်တောင် မထင်တော့ဘူး။

“ကဲ နေမမြင့်ခင် သွားရအောင်ဗျာ”

“ကဲ သွားကြတာပေါ့”

ဆိုပြီး ထထွက်သွားကြတယ်။ သူတို့ကိုကြည့်ပြီး ငပိန် မျက်ရည် ပါဝိုင်းသွားတယ်။

ဖိုးဌေးကတစ်မျိုး။ ခုန ဖိုးသာအို မြေကြီးပေါ်မှောက်ချလိုက်တဲ့အမွှေးရည်ကို သွားကောက်ယူ၊ သူ့မျက်နှာသူပွတ်ပြီး မလက်တို တဲဖက် ပြေး သွားသေးတယ်။ ပြီးတော့

“ဟဲ့ လက်လက်”

တဲထဲက ထွက်လာတဲ့အသံက

“ဟဲ့ ဘယ်သေချင်းဆိုးလဲ၊ ငါ့ကို လက်လက်ဆိုပြီး လာခေါ်နေတာ၊ အဲ့ဒါ ဖိုးလုံတစ်ယောက်တည်း ခေါ်တဲ့နာမည်ပာ၊ ငါ့နာမည် လက်တို၊ လက် လဲပါတယ်၊ တိုလဲပါတယ်၊ ကာလနာရဲ့ ”

ဖိုးဌေး ခေါင်းကုတ်တယ်။ ပြီးတော့ ကုတ်ချောင်းချောင်းနဲ့ ရွာဘက် ပြန်ပြေးသွားတယ်။ သူစဉ်းစားမှာပေါ့။ ဖိုးသာအိုကျစွမ်းပြီး သူ့ကျ ဘာလို့ မစွမ်းဆိုတာ။

+++

“တောက်”

ငပိန် ယူကြုံးမရဖြစ်နေတယ်။

ငွေရယ်ကြေးရယ်ကြောင့်လဲ မဟုတ်ပါဘူး။ သူဆင်ထားတဲ့ဝင်ကို ဖိုးသာအိုနဲ့ ပါကညော နှစ် ယောက်ပေါင်းပြီး ကျော်သွားလို့ပဲ။

အစကတည်းက ဖိုးသာအိုဟာ လူလိမ်မှန်း တော့ သူသိတယ်။

ဒါပေမယ့် ကိုယ်နဲ့ပေါင်းကြံတဲ့သူ ကိုတော့ ပြန်လိမ်လောက်အောင်အထိ လုပ်လိမ့်မယ် လို့ မထင်မိဘူး။

အမှန်တော့ အကွက်က ရိုးရိုးကလေးရယ်။

သူ့ဆေးကို မလက်တိုနဲ့ပေါင်းပြီး ယုံအောင် လုပ်ပြီးရောင်းမယ်။ပြီးရင် ရသလောက်ခွဲယူပြီး ပြီး သွားမယ်။ ဒီလောက်ပဲ။

အခုကျ ဖိုးသာအိုက သူ့ကိုကျော်ပြီး ဂွင် ကောင်းကို တက်ထိုင်သွား တာ။

“တောက်”

ငပိန်တစ်ယောက်တည်း အူတွေကြေနေတာ။ ဒါကြောင့် အံကိုကြိတ်ပြီး

“ဒီလောက်နဲ့ ပြီးမသွားပါဘူး ဖိုးသာအိုရာ”

+++

ဖိုးဌေးရဲ့ အိမ်ဦးခန်းမှာ ဖိုးသာအို ခန့်ခန့်ကြီး ထိုင်နေတယ်။သမား။

ပြောရဦးမယ်ဗျ။ ဖိုးဌေးက တစ်ကိုယ်တည်း

အဲ..လူပျိုကြီးတော့ မဟုတ်ဘူး။ မိန်းမတော့ ရဖူးတယ်။ ရဖူးတဲ့မိန်းမကလဲ ဆုံးပြီးတော့ သူ့ရဲ့ သား နဲ့သမီးကိုလဲ မိန်းမဖက်ကအမျိုးတွေက လာခေါ်သွား လို့ တစ်ကိုယ်တည်းဖြစ်နေတာ။

သူလဲ လိုက်မခေါ်ပါဘူး။ မိန်းမရှိတုန်းက လက်ထပ်ပွား လယ်လေးယာလေးတွေ သူရင်းငှားပေးပြီး တစ်ကိုယ်တည်းနေနေတာ။ဒါကြောင့် သူ့အိမ်ဟာလဲ ဆင်းဆင်းရဲရဲ တော့ မဟုတ်ဘူးရယ်။ဒီရွာမှာတော့ ပါကညောရယ်၊ ဖွားလှခင်ရယ် ပြီးရင် သူ့အိမ်က အသားနားဆုံးပဲ။

ဒါကြောင့် ပါကညောကြီး မဟုတ်တာ တစ် ခုခုလုပ်မယ်ဆို ဖိုးဌေးအိမ်ကိုပဲ ရွေးတယ်။

သူ့အိမ်မှာက သူ့ကတော် အရင်စောပုရှိတဲ့အတွက် သိပ်လုပ်လို့မရဘူးလေ။  တော် ကြာ အရင်စောပု မှီရာလှမ်းဖြတ်လို့ အမြစ်ပြတ်သေနေမှာကိုး။

ဖိုးဌေးကျတော့ စိတ်တူကိုယ်တူရှိတဲ့အပြင် နှုတ်လဲလုံတယ်လေ။

အခုလဲကြည့်ပါလား။ ပီယဆေးဆိုတာကြီး လိုချင်တော့ ဖိုးဌေးအိမ် လာကြိတ်ကြံနေတာ။

ဖိုးသာအိုက ဘုရားစင်ရှေ့ထိုင်ပြီး ဘုရားအရင်ကန်တော့လိုက်သေးတာ။ ပြီးမှ ပါကညောတို့ဖက်လှည့်ပြီး

“အဟမ်း ပီယဝါစာ ပီယပါစော၊ ပီယသိဒ္ဓိ၊ ပီယနက္ခတ်ဆိုတာတွေ ရှိတယ်၊ ပီယသာ တကယ်အောင်ရင် အိုတောင်မဆင်းရဲဘူး၊ အပျို့လုပ်စာ နဲ့ ထိုင်စားနေတာ အားကျစရာပ”

ပါကညော အားတွေတက်နေတယ်။ သူသာ ပီယဆေးရရင်ပွဲသိမ်း ပြီလေ။

“ဂါထာအမှန်ကိုလဲ မန်းမှ ဆေးကစွမ်းတာကိုးဗျ”

ပါကညောရော ဖိုးဌေးပါ ဖိုးသာအိုကို အရောင်လက်တဲ့မျက်လုံး မျိုးနဲ့ ကြည့်နေကြတယ်။ ဖိုးဌေးဆို ဖိုးသာအိုကို ကြည်ညိုလို့ဆိုပြီး မရှိ ရှိတာ ချက်ကျွေးနေတာ။

“ဟော ကျုပ်မှာ ပီယဂါထာရှိပြီ၊ ပီယနက္ခတ်နဲ့လည်းကိုက်ပြီ၊

ပီယ ကိုလက်ခံဖို့ သူကြီးပါကညောဆိုတဲ့ ပီယခန္ဓာကိုယ်ကြီးလဲရှိနေပြီ”

ပါကညော သူ့ကိုယ်သူ ပြန်ကြည့်တယ်။ သူ့ခန္ဓာကိုယ်က ဘယ်တုန်းက ပီယခန္ဓာဖြစ်သွားမှန်း သူလဲမသိလိုက်ဘူး။ ဖိုးသာအိုပြောလို့သာ နားထောင်နေရတာ။ သူလဲ သိပ်တော့နားလည်လှတာ မဟုတ်ဘူးရယ်။

“ဒါပေမယ့် ခက်တာက ပီယဆေးဖော်ဖို့ လိုအပ်တဲ့ ပစ္စည်း

အနည်း ငယ်တော့ရှိသဗျ”

ဖိုးသာအိုစကားကို ပါကညောနဲ့ဖိုးဌေး တစ်ယောက်မျက်နှာတစ် ယောက် ပြန်ကြည့်တယ်။ ပြီးတော့ ဖိုးဌေးကပဲ နှုတ်သွက်လျှာသွက်နဲ့

“ဘာ၊ ဘာတွေလိုအပ်တာရှိလို့လဲ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ

ဆေးဆရာ”

ဖိုးသာအိုက သူ့ပေါင်သူပုတ်ပြီး ပြောသင့်မပြောသင့် စဉ်းစားနေပုံ ပေါ်တယ်။

“လိုအပ်တာကတော့ သိပ်ကြီးကြီးမားမားရယ် မဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ်တိုင်လုပ်မှဖြစ်မှာမို့ ဖြစ်ပါ့မလားလို့”

ပါကညောကြီး ဖင်ကြွကြွကဖြစ်နေတယ်။ သူက ပီယဆေးကို အတင်းလိုချင်နေပြီကိုး။

“ပြောသာပြောပါ ဖိုးသာအိုရာ၊ ပါကညောမှာ မဖြစ်နိုင်တာ မရှိဘူး”

ဖိုးသာအိုက ပါကညောရောဖိုးဌေးပါ တလှည့်စီကြည့်တယ်။ ဟိုနှစ်ယောက်ကလဲ ဘာဖြစ်ဖြစ် အကုန်လုပ်မယ့်ပုံ။ ဒါကြောင့်ပဲ

“တကယ်လိုနေတာ မုဆိုးမထဘီနဲ့ သူ့ဘော်လီဗျ”

“ဟင်”

“ဟယ်”

နှစ်ယောက်လုံး အံ့အားသင့်သွားကြတယ်။ နည်းနည်းကြာမှ ဖိုးဌေး က မျက်မှောင်ကျုံ့ပြီး

“ထဘီကတော့ ဟုတ်ပါပြီ၊ ဘော်လီက ဘာတုန်းဗျ”

ဖိုးဌေးပြန်မေးလိုက်တာမို့ ဖိုးသာအို ကြောင်သွားတယ်။ နောက်မှ ခေါင်းကုတ်စဉ်းစားပြီး

“ဟိုလေ၊ ဘော်လီဆိုတာ မိန်းမတွေဝတ်တတ်တဲ့ ချွေးခံ”

ဒီတော့မှ ဖိုးဌေး သဘောပေါက်ပြီး

“သော် ရှင်မီးကိုပြောတာလား”

ဖိုးသာအိုလဲ အလျင်အမြန်ခေါင်းညိတ်ပြီး

“အင်း အင်း ဟုတ်တယ်၊ ချွေးခံ ရှင်မီး”

ဖိုးဌေး မျက်မှောင်ကျုံ့သွားတယ်။ ပြီးတော့ အသေအချာစဉ်းစား ပြီး

“မုဆိုးမဆိုတာက ယောကျာ်းရပြီး ယောကျာ်းသေတော့ မုဆိုးမ ဖြစ် တာမဟုတ်လား”

“အင်းလေ၊ ယောကျာ်းရပြီး ယောကျာ်းသေသွားမှ မုဆိုးမဖြစ်

တာ လေ”

ဖိုးဌေး နားမလည်နိုင်စွာ ခေါင်းကုတ်ပြီး

“ယောကျာ်းရပြီးသားမိန်းမ ဘယ်မိန်းမက ရှင်မီးကြီးအလေးခံ

ဝတ် လို့လဲ”

“ဟမ်

ဖိုးဌေးစကားကြောင့် ဖိုးသာအိုကြောင်သွားတယ်။

ဟုတ်သား။ ဒီလိုရွာတွေမှာက မိန်းကလေးတွေ အိမ်ထောင်ကျပြီး ရှင်မီးဝတ်ဖို့မပြောနဲ့၊ အင်္ကျီကပ်ရင်တောင် ကံကောင်း။

အတော်များများ ထဘီရင်လျားနေကြတာ။ ဖိုးသာအိုက ခေါင်းကုတ်ပြီး

“မိန်းကလေးတွေ အိမ်ထောင်ကျပြီး အတွင်းခံမဝတ်တော့ဘူး

ဆို ပေမယ့် အလှူမင်္ဂလာဆောင်သွားဖို့အတွက်တော့ တစ်ထည်တလေတော့ ရှိကြမှာပဲလေ ဟုတ်ဖူးလား”

သူတို့ အချီအချပြောနေတာကို ပါကညော တစ်ခွန်းမှဝင်မပြောဘူး။ တစ်ခုခုကို အသေအချာ စဉ်းစားနေပုံပေါ်တယ်။

အတန်ကြာမှ

“နေပါဦး၊ မုဆိုးမထဘီနဲ့ ရှင်မီးယူပြီး ဘာလုပ်ရမှာတုန်း”

ဖိုးသာအိုက ပါကညောနားကပ်သွားပြီး

“ဆေးဖော်ရမှာလေ၊ ပီယဆေးဖော်ရမှာ”

“ဘယ်လို”

ပါကညော မျက်မှောင်ကျုံ့သွားပြန်တယ်။ ဖိုးသာအိုစကားကို သူ မရှင်းဘူးဖြစ်နေတယ်။ ဒါကြောင့်ပဲ

“ဆေးဖော်တာ တခြားအပျိုမိန်းကလေးတို့ ရိုးရိုး

အိမ်ထောင်သည် တို့ ထဘီတို့ ရှင်မီးတို့နဲ့ ဖော်လို့မရဘူးလား”

သူ့စကားကို ဖိုးသာအိုက ကြမ်းပြင်ကို တဖြန်းဖြန်းပုတ်ပြီး

“အဲ့ဒါပြောတာ အဲ့ဒါပြောချင်တာ၊ ဒီမှာကြည့်စမ်း”

ဖိုးသာအိုပြောတဲ့အတိုင်း ပါကညောက ကြည့်တယ်။ ဖိုးသာအိုက အားတက်သရောနဲ့

“အပျိုကလေးတွေ အိမ်ထောင်သည်တွေနဲ့ ဆေးဖော်တဲ့အခါ ဟော အပျိုလေးတွေဆို ရည်းစားမရှိနိုင်ဘူးလား”


ပါကညော ဖိုးသာအိုကိုပဲ ကြည့်နေမိတယ်။

သား။

“ဟော အိမ်ထောင်သည်ဆိုရင်ရော သူ့ယောကျာ်းရှိမနေဘူးအဲ့ဒါမျိုးတွေနဲ့ ပီယဆေးဖော်မိရင် မစွမ်းတာတော့ မဟုတ်ဘူး၊ စွမ်းတော့ စွမ်းပါရဲ့၊ ဒါပေမယ့် အနောက်ကနေပေါ်လာမယ့် ပြဿနာက အများကြီး၊ ဟော မုဆိုးမကျတော့အနောက်ကလိုက်နှောင့်ယှက်မယ့်သူရှိလား”

ပါကညော အနည်းငယ်သဘောပေါက်လာပုံရတယ်။ ဖိုးသာအို

ကပဲ ဆက်ပြီး

“မရှိဘူး၊ ကိုယ် ပီယဆေးဆောင်ပြီး ဘယ်လောက်ရှုပ်ရှုပ်

အနောက်က လိုက်နှောင့်ယှက်မယ့်သူမရှိဘူး၊ ဒါမှ ပီယဆေး

ကောင်းခေါ်တာ ဗျ”

ပါကညော ပြီးရောင်သမ်းလာတယ်။ ဖိုးသာအိုပြောတော့လဲ သဘာဝတော့ကျသား။ ပီယဆေးစွမ်းတာတော့ ဟုတ်ပါရဲ့။အနောက်က အတိုက်အခိုက်တွေပါလာရင် ရှုပ်ပြီလေ၊ ဒါကြောင့် ပီယဆေးစွမ်းရင်လဲ အလွတ်ကြီးစွမ်းရင် မကောင်းဘူး

လား။ ဒါနဲ့ပဲ

“ဖိုးဌေး တို့ရွာထဲမှာ မုဆိုးမအိမ် ဘယ်နှအိမ်ရှိလဲ”

ဖိုးဌေး မျက်မှောင်ကျုံ့စဉ်းစားပြီး

“အများကြီးပဲလေ ပါပါကြီး၊ ဖွားလှခင်တို့ဆိုလဲ ယောကျာ်းဆုံးထား ပြီး မုဆိုးမပဲမဟုတ်လား၊ အရွယ်တော်ဆိုရင်တော့ ကြင်ကြင်လှိုင်တို့ သိန်းမြ တို့လဲ မုဆိုးမတွေပဲ”

ဟုတ်ပါရဲ့။ သူတို့ရွာတွေက မုဆိုးမက ခပ်များများ။ အဘွားအရွယ် ဖြစ်မှ ယောကျာ်းဆုံးလို့ မုဆိုးမဖြစ်သူတွေများပုံလို့

“အေး ဒါဆိုလဲ မုဆိုးမအိမ်တစ်အိမ်အိမ်က ထဘီနဲ့ရှင်မီး သွားယူ ခဲ့စမ်း၊ ငါယူခိုင်းတယ်လို့၊ ဪ မင်းအတွက်ပါတစ်စုံ”

သူ့စကားကို ဖိုးသာအိုက ပျာပျာသလဲနဲ့ ကြားဖြတ်ပြီး

“ဟာ အဲ့လိုမရဘူး၊ အဲ့လိုမရဘူး”

“ဟင်”

“ဘယ်လို”

ဖိုးသာအိုစကားကြောင့် ပါကညောရော ဖိုးဌေးပါ ကြောင်သွားတယ်။

“ဘာလို့မရတာလဲဟင်”

ဖိုးဌေးကမေးတယ်။ ဖိုးသာအိုက အသံကိုနှိမ့်ပြီး

“ဘာလို့လဲဆိုတော့ ဒါက အောက်လမ်းနည်းနဲ့ အနည်းငယ်ဆိုင်သဗျ ”

ပါကညောနဲ့ဖိုးဌေး တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်ကြ တယ်။ သူတို့က ဘာမှမသိတာကိုး။

“မိန်းကလေးတွေရဲ့ ဝိညာဉ်ကို သူတို့မသိအောင် ခိုးယူရမှာဗျ။

သူ တို့သာသိနေရင် ဘယ်လိုလုပ် သူတို့ရဲ့ ဝိညာဉ်ကို အထိန်းချုပ်ခံမှာလဲ၊ ဥပမာ ဗျာ..ပါကညောကြီးမှာ ပီယဆေးရှိတယ်မှန်းသိရင် ဘယ်သူကများ အနား ကပ်ခံမလဲ ဟုတ်ဖူးလား”

ဖိုးသာအိုပြောတော့လဲ သဘာဝကျသလိုလို။

“ဒါဆို ဘယ်လိုလုပ်ရမှာ”

“ခိုးယူရမှာ”

“ဟမ်”

“ှင့်”

ဖိုးသာအိုစကားကြောင့် နှစ်ယောက်လုံးကြောင်သွားတယ်။ သူတို့ က လူမိုက်သာလုပ်တာ။ ရိုက်နှက်ပြီးယူရင်သာယူမှာ။ ခိုးပြီးတော့ တခါမျှ မယူဖူးဘူးလေ။ ဒါကြောင့် နှစ်ယောက်လုံး တဒင်္ဂတော့တွေသွားတယ်။ နောက်မှ ပါကညောကသက်ပြင်းချပြီး

“ခိုးထားမှဖြစ်မယ်ဆိုလဲ ငပိန့်ဆီမှာ မုဆိုးမထဘီတွေတော့ ရှိမှာပဲ၊ ဖိုးဌေး ငပိန်ဆီက သွားတောင်းဝယ်လိုက်ကွာ”

“ဟုတ်ကဲ့ ပါပါကြီး”

“ဟာ နေဦး နေကြပါဦး”

ဖိုးသာအို ကမန်းကတမ်း တားယူရတယ်။ “အဲ့သည်လိုလုပ်လို့မရဘူးလေ၊ ဟိုကောင်ခိုးတာက ဒီအတိုင်းခိုး တာ၊ ပီယဆေးဖော်ဖို့ကျ ဂါထာစုပ်ပြီး ခိုးရမှာဗျ”

“ဂါထာ”

နှစ်ယောက်လုံး ပြန်ငြိမ်သွားတယ်။ ဒါကို ဖိုးသာအိုကပဲ အရှေ့တိုး လာပြီး

“ဒီမှာကြည့်၊ မုဆိုးမထဘီကို ခိုးတဲ့အခါ သူ့ရဲ့ ဝိညာဉ်ကို ဂါထာစုပ်ပြီး ကိုယ့်ဆီပါလာအောင်ကိုယ်မှာပတ်၊ ပြီးရင် ဟောဒီကြိုး”

ဖိုးသာအိုက သူ့အိတ်ထဲကကြိုးတွေ ထုတ်လာတယ်။ ပြီးတော့ ပါကညောတို့ ဖိုးဌေးတို့ကိုပြပြီး

“ဟောဒါ ဘာကြိုးထင်လဲ၊ မှော်ကြိုးဗျ၊ မှော်ကြိုး။ နန်းတွင်းသမား တော်ကြီး ဆရာခဲပုဆိုးနဲ့ နောင်တော်ကြီး တောင်ရှည်ကို ရောကျစ်ထားတာ၊ မုဆိုးမထဘီနဲ့ရှင်မီးကို မှော်ကြိုးနဲ့မိပြီ ဆို၊ ရွတ်ရမယ့်ဂါထာက ဟောဒီမှာ”

ဆိုပြီး ပေရွက်တစ်ရွက် ထုတ်ပြတယ်။ ပေရွက်မှာ ရေးထားကောက

“ခြုံ”

“သရသုံးထပ်၊ အုတ်သုံးချပ်နဲ့ ချစ်စဖွယ်မိမယ် ငါသို့ကပ်”

“ခြုံ”

“စန္ဒီမယ်ညို၊ လင်လိုလှသည်၊ နင်လှပေသည်၊ ကာမတဏှာ၊ သျှရ စန္ဒာ၊ ငါဆရာအင်း ဆင်းဆိုရာဆင်း၊ ကပ်ဆိုရာကပ်”

“ဒ္ဓံ သရဒံ သျှရခြုံ”

“အဲ့ဒီဂါထာရွတ်ပြီး ဖမ်းရမှာ”

ဖိုးသာအိုစကားကို ဟိုက နားလည်လား နားမလည်လားတော့ မသိ ဘူး။ ခေါင်းတော့ ညိတ်ရှာတယ်။

“အဲ့ဒီဖမ်းလာတဲ့ဝိညာဉ် ကျုပ်ဆီရောက်မှ လိုအပ်သည်ကို ပြာချ၊ ဟောဒီလုံထဲထည့်ပြီး ခုနစ်ရက် ခုနစ်လီ ဂါထာစုပ်၊မန်းမှုတ်ပြီး ဖိုထိုးရမှာ၊ အဲဒီတော့မှ ဟော့ဒီမှာကြည့်စမ်း”

ဖိုးသာအို သူ့အိတ်ထဲက တစ်ခုပြီးတစ်ခု ထုတ်ပြတယ်။ သူ့အိတ် ထဲမှာ အဂ္ဂရိတ်ထိုးတဲ့ ]လုံ)တွေလဲပါတယ်။ နောက်ကြေးလုံးလေးတွေလဲ ပါတယ်။

သူက ကြေးလုံးလေးတစ်ခုကို ယူပြပြီး

“ဆေးအောင်ပြီဆို၊ ဖိုထဲမှာ ဟောလိုအလုံးလေးတစ်လုံးရလာမယ်၊ အဲ့ဒိအလုံးလေးကိုမှ နံ့သာဆီထဲထည့်သုံးမလား၊ ဒါမှမဟုတ် ဟောဒီလို ပီယ လုံးကိုပဲ ပါးစောင်ထဲထည့်ငုံသုံးမလား၊အကုန်ပြီး အားလုံးပြီး”

ဖိုးသာအိုပြသမျှ ပါကညောတို့ဖိုးဌေးတို့ခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့ ယူရတယ်။ ဒါကို ဖိုးသာအိုက

အားတက်ပြီး

“ဒီမှာ ဒီလိုပီယဆေးက တကယ်အောင်ပြီဆို မိန်းမတင်မဟုတ်ဘူး နော်၊ အလုပ်ကိစ္စရှိလို့ ယောကျာ်းတွေနဲ့ပြောဦး၊ ပီယလုံးလေးသာငုံပြီးပြော၊ အားလုံး ဟုတ်ကဲ့ ဟုတ်ကဲ့ပဲ၊ ငြင်းတယ်ဆိုတာကို မရှိတာ၊ ဟားဟား”

ဖိုးသာအိုက သူ့စကားကိုသူ သဘောကျပြီးတောင် ရယ်နေသေး။ ပါကညော နဲ့ဖိုးဌေးတို့ ဖိုးသာအိုအပြောမှာ မြောပြီး ဖင်ကြွကြွက။ ဒါပေမယ့်

“အင်း ဖိုးသာအိုပြောတာတော့ အားရစရာပဲ၊ ဒါပေမယ့်လဲသူကြီး က သူများအိမ်ထဘီတက်ခိုးဖို့ဆိုတာ”

ပါကညောစကားကို ဖိုးသာအိုက အနားနားတိုးကပ်လိုက်ပြီး

“ဒီအချိန်မှာ သူကြီးဆိုတာ ခဏမေ့ထားလိုက်ပါ၊ မကြာခင်မှာ မဒီလေးတွေ ဝိုင်းဝိုင်းလည်နေမယ့် ကိုကိုပါကညော ဆိုတာ မြင်ယောင်လိုက် စမ်းပါ၊ မြင်ယောင်ကြည့်စမ်းပါ”

ဖိုးသာအိုပြောသလို ပါကညော စဉ်းစားကြည့်တယ်။ သူ့စိတ်ကူး ထဲမှာတော့ ရေချိုးချိန်တောင် မရရှာဘူး။ ဒါကိုသိတဲ့ ဖိုးသာအိုက

“ဒီမှာသူကြီး၊ အိုးလေးအိုးဆိုတာကလဲ သူကြီးတို့ရဲ့ အုပ်ချုပ်မှုနဲ့ သူခိုးသူဝှက်ကင်းပြီး ရွာသားတွေဟာ ခေါင်းပြားအောင်အိပ်ရတယ်ဆို”

ပါကညော မာန်အပြည့်နဲ့ ခါးပြန်မတ်သွားတယ်။ ဖိုးသာအိုကလဲ လူလည်ပဲ သိတာပေါ့။ ဒါကြောင့် အံကြိတ်သံကလေးနဲ့

“သူကြီးဆိုတာ တစ်ညကလေးပဲမေ့ပြီး လုပ်လိုက်စမ်းပါ၊ ဆေးစွမ်း ဖို့ ကျုပ်တာဝန်ထား”

ဖိုးသာအိုစကားကို ပါကညော ရင်ခေါင်းသံကြီးနဲ့

“လုပ်ပြီဗျာ၊ ကဲ”

,

* * *

>>အပိုင်း(၁၁)ဆက်ရန်>>

No comments