ကပ်ရောဂါထက် ပိုကြောက်ဖို့ကောင်းတဲ့အရာဆိုတာ
ကပ်ရောဂါထက် ပိုကြောက်ဖို့ကောင်းတဲ့အရာဆိုတာ
အဘိုးသိမ်းထားခဲ့တဲ့စာအုပ်တွေထဲမှာ မြေးက ဘာစာအုပ်ကိုရွေးပြီးဖတ်နေတာလဲ? ကမ္ဘာ့သမိုင်းစာအုပ်ပါ..အဖိုး သားသိချင်တဲ့အကြောင်းအရာတွေထဲက တစ်ခုကို
ပြောရမယ်ဆိုရင် အဖိုးတို့ကြုံတွေ့ခဲ့ရတဲ့ Covid19ဆိုတာ ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာ သားတို့ကို ပြောပြပါဦး။ အင်းးးး Covid19ဆိုတာ ပြောရရင် ငြိုငြင်စရာကြီးပါ။ အဘိုးတို့ဘဝတစ်လျှောက်လုံးမှာ ခေတ်မျိုးစုံကို
ဆယ်စုနှစ်တစ်လျှောက်လုံး ဖြတ်သန်းခဲ့ပြီးပါပြီ။
ရှေ့ဆက်လည်း အဘိုးတို့ သားသမီးမြေးမြစ်တွေ
ခေတ်မျိုးစုံကို ကြုံလာရဦးမှာပါ။ အဘိုးတို့ လူငယ်ဘဝမှာ
မြေးလို အမြင်တွေ၊ ခံစားချက်ချင်းက မတူတော့ လူကြီးတွေရဲ့
ဆန့်ကျင်မှုတွေကို ခံစားခဲ့ရတာတဲ့ ခါးသီးမှုတွေကို
ကိုယ့်သားသမီးတွေကစပြီး မြေးတွေရတဲ့အထိ အဘိုးက
ဘယ်ပေးချင်ပါ့မလဲနော်။ ဒါပေမယ့် ခေတ်ဆိုတာကလည်း
အမြဲပြောင်းလဲ နေတတ်ပါတယ်။
ရာစုနှစ်တစ်လျှောက် အခြေအနေချင်းမတူကြပေမယ့်
ဒီခေတ်မြေးတွေ အဘိုးတို့ တချိန်ကကြုံသလို
နောင်တစ်ချိန်မှာ ပြန်ကြုံလာကြဦးမယ်မဟုတ်လား?
အဘိုးတို့ငယ်ငယ်ကဆိုရင် Covidရောဂါ စတွေ့တော့
ကြောက်စရာကောင်းလိုက်တာဆိုပြီး တကမ္ဘာလုံးက
စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လေ။ အဲဒီရောဂါတွေ ခံစားရပြီဆိုရင်
ကြောက်ဖို့ကောင်းသလောက် မခံစားရတဲ့သူတွေဆိုရင်
စိတ်ကျဉ်းကျပ်ခဲ့ရတာ ၁နှစ်ပြည့်တဲ့အထိပါပဲ။ အဲဒီ Covid-19ဆိုတာ
အခုတော့ ကြောက်စရာမလိုတော့ပေမဲ့ စဖြစ်ခဲ့တဲ့အချိန်တုန်းကဆို
ဆေးကလည်းမပေါ်သေး ကူးတာကလည်း မြန်ဆိုတော့ လူတွေအရမ်းကို
ကြောက်လန့်နေခဲ့ရတာ......။ အဲဒီလိုကပ်ရောဂါမျိုးတွေက အဘိုးတို့
ခေတ်ကျမှ စဖြစ်တာမဟုတ်ဘူး။ ရာစုနှစ်တိုင်းမှာ ၁ကြိမ်လောက်တော့
အဲဒီလိုကပ်ရောဂါမျိုးတွေ တကမ္ဘာလုံးဖြစ်ခဲ့ကြတယ်။ အဲဒီကပ်ရောဂါ
အကြောင်းတွေ မြေးဖတ်တဲ့သမိုင်းစာအုပ်ထဲမှာပါတယ် မဟုတ်လား။
၁၇၂ဝမှာဆိုရင် ပလိပ်ရောဂါ၊
၁၈၂ဝမှာဆိုရင် ကာလဝမ်းရောဂါ၊
၁၉၂ဝမှာကျတော့ တုပ်ကွေးရောဂါ
ဆိုပြီး
ကမ္ဘာ့ကပ်ရောဂါတွေက ရာစုနှစ်တိုင်းမှာ နှစ်ဆယ်စုနှစ်ရောက်တိုင်း
တစ်ကြိမ်တော့ လူတွေ ကြုံတွေ့ခဲ့ရသေးတယ်။ မြေးတို့ လူကြီးဖြစ်လာတဲ့
တစ်နေ့ကျရင် အဲဒီလိုကပ်ရောဂါမျိုး မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးလေ။
ဘာလို့လဲဆိုတော့ လူတွေရဲ့ ဝိရောဓိတွေ၊ ပဋိပက္ခတွေကြားမှာ ပတ်ချာ
လည်ပြီး ရုန်းမထွက်နိုင်ကြလို့ပဲ။ ဘယ်သမိုင်းပဲကြည့်ကြည့် ရာစုနှစ်တိုင်းမှာ
ကပ်ရောဂါကြီးတွေ အဆုံးသတ်ပြီးတဲ့နောက်ပိုင်း ရာစုနှစ်သံသရာတွေဆိုတာ
ဖြစ်လာခဲ့ကြတယ် မဟုတ်လား။ အဲဒီသံသရာတွေဆိုတာ ဆယ်စုနှစ်အလိုက်
ဘယ်လိုတွေဖြစ်ကြလဲဆိုတာ မြေးလေးကို အဖိုးပြောပြမယ်လေ။
အတိတ်သမိုင်းတွေကို ပြန်လေ့လာကြည့်ရင် နှစ်တစ်ရာမှာတစ်ကြိမ်
ကပ်ရောဂါတွေဖြစ်ပြီး တကမ္ဘာလုံး လူသန်းနဲ့ချီသေခဲ့ကြတဲ့ သမိုင်းတွေက
ဖြစ်ချိန်တန်လို့ ဖြစ်လာပြီး ပျက်ချိန်တန်လို့ ပျက်စီးမယ့် အချိန်ကာလတွေ
ပေါ်လာတယ်ပဲပြောရမလား၊ တိုက်ဆိုင်မှူတွေလား၊ ထူးဆန်းမှုတွေလား
စသဖြင့်ပေါ့။ အဲဒီကပ်ရောဂါဆိုးကြီးတွေ အဆုံးသတ်ပြီးတဲ့နောက်ပိုင်းမှာ
ကမ္ဘာကြီးက ဘာတွေဖြစ်ကုန်ကြသလဲဆိုတာ စဉ်းစားဖူးတဲ့သူတွေ ရှိချင်မှ
ရှိမှာလေ။ တကယ်တမ်းကျတော့ ရာစုနှစ်တိုင်းမှာ လူ့ယဉ်ကျေးမှုတွေ၊
တီထွင်ဖန်တီးမှုတွေ၊ ခေတ်ကာလတွေက တိုးတက်ပြောင်းလဲလာကြတာပါ
ရာစုနှစ်သံသရာတွေကို လူတိုင်းမရှောင်လွှဲနိုင်ကြပါဘူး။ အဘိုးတို့ ဘဝ
တစ်လျှောက်လုံးမှာ ဒီလိုသံသရာတွေ ကြုံတွေ့ခဲ့ပြီးတာမို့လို့ ကမ္ဘာ့လူ့သမိုင်း
ဆိုတာ ဒါတွေပဲလားလို့ သဘောပေါက်လာခဲ့တယ်။
ရာစုနှစ်စပိုင်းတွေမှာ လူတွေအားလုံး ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေ
တစ်ဦးချင်းဆီမှာ ပိုင်ဆိုင်နေကြတဲ့အချိန်တွေပေါ့။ အမုန်းတရားတွေ၊
ဆုံးရှုံးမှုတွေ ကင်းဝေးနေကြတဲ့ အချိန်ကာလတစ်ခုဆိုလည်း မမှားပါဘူး။
ဆယ်စုနှစ်တွေရောက်တဲ့အခါမှာ လူတွေရဲ့စိတ်အမြင်တွေက ပြောင်းလဲလာကြတယ်။
ကိုယ်ပိုင်လွတ်လပ်မှု နဲ့ ပျော်ရွှင်မှုတွေကို အသုံးချပြီး စိန်ခေါ်မှု
တွေဖန်တီးလာကြသလို လူပေါ် လူဇော်လုပ်လာတက်ကြတယ်။ အဲဒီ
အကျိုးဆက်တွေကြောင့် ကောင်းတာတွေ ကြုံတွေ့လာရသလို မကောင်း
တာတွေလည်း သူတို့ရဲ့နောက်ကွယ်မှာ ကပ်ပါလာကြတာမို့ ဝိရောဓိတွေကနေ
လူတွေရုန်းမထွက်နိုင်ကြတော့ဘဲ ငြိုငြင်စရာတွေ ဖြစ်ကုန်ကြတယ်။
နှစ်ဆယ်စုနှစ်တွေရောက်တဲ့အခါမှာတော့ အဲဒီအချိန်တွေက လူတွေရဲ့
အဆိုးဆုံးကာလတစ်ခုလို့ သတ်မှတ်နိုင်တယ်။ ကပ်၃ပါးကြောင့် ပျက်စီးခြင်း
၅ပါးတွေနဲ့ ရင်ဆိုင်ကြရသလို ခက်ခဲတဲ့ ကာလကြီးကြောင့် လူတွေရဲ့
အသိတရားတွေက ပြောင်းလဲလာကြတယ်။ အဲဒီပြောင်းလဲမှုဆိုတာ
ကမ္ဘာကြီးအတွက်ပျက်စီးပေးရမယ့် ရင်ဆိုင်မှုကြီးတွေပေါ့။
သုံးဆယ်စုနှစ်တွေ ရောက်တဲ့အခါကျရင် လူလူချင်း ချစ်ခင်မှုတွေနည်း
လာကြသလို အမုန်းတရားတွေ များလာကြတယ်။ လူလူချင်း မသင့်မြတ်မှုတ
ဖြစ်လာကြသလို လူတန်းစားအလွှာတွေရဲ့ ကွဲပြားမှုဒဏ်တွေ ခံကြရတော့တယ်။
ရိုးရှင်းအောင် ပြောရမယ်ဆိုရင် အတ္တတွေ၊ အမျိုးသားရေးဝါဒတွေ
ကြီးစိုးနေကြတဲ့ အချိန်တွေပေါ့ဗျာ။
လေးဆယ်စုနှစ်တွေ ရောက်ပြီဆိုရင် ပျက်စီးမှုတွေ၊ ဆုံးရှုံးမှုတွေကို
ကြုံတွေ့လာနိုင်တဲ့ ကာလကြီးလို့ ပြောရမှာလားပဲ။ အဲဒီအချိန်တွေဆို
လူတွေရဲ့ ဖျက်ဆီးမှု၊ ခြိမ်းခြောက်မှု၊ တိုက်ခိုက်လာကြမှုတွေ ဖြစ်ပြီး
နောက်ဆုံးအဲဒီ အကျိုးဆက်တွေကြောင့် လူတွေမှာ အသိတရားတွေ
ပြောင်းလဲလာကြပြီး လူတွေရဲ့ဘဝတန်ဖိုးကို တဖြည်းဖြည်းနားလည်
လာကြတော့တယ်။
ငါးဆယ်စုနှစ်တွေရောက်တဲ့အခါမှာ လူတွေရဲ့ အမုန်းတရားတွေ၊
ကပ်ဘေးတွေဆိုတာ အဲဒီအချိန်ကာလတွေမှာ အဆုံးသတ်သွားပြီလေ။
ခေတ်ကာလနှင့်အညီ လူတွေ နေနိုင်လာကြသလို ကိုယ်ကျင့်တရားတွေနဲ့
ဘဝကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းလာကြတော့တယ်။
ခြောက်ဆယ်စုနှစ်တွေ ရောက်တဲ့အခါကျရင် လူတွေဟာ ကိုယ်ပိုင်
လွတ်လပ်မှု နဲ့ ပျော်ရွှင်မှုတွေကို အာရုံစိုက်လာကြတော့တယ်။
ဆယ်စုနှစ်တစ်လျှောက်လုံးမှာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ
ပြင်းထန်လာကြပြီး လူ့ဘဝတိုးတက်လာမှုတွေကို ဖန်တီးလာကြတယ်။
ခုနှစ်ဆယ်စုနှစ်တွေရောက်တဲ့အခါမှာ လူတွေရဲ့ ဘဝက တဖြည်းဖြည်း
လွတ်လပ်လာကြပြီး ကိုယ်ပိုင် ဆန်းသစ်မှုတွေ၊ အမြင်ကျယ်လာကြမှုတွေနဲ့
ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ်ဖန်တီးလာနိုင်ကြတော့တယ်။ အဲဒီအချိန်
တွေဆိုရင် လူလူချင်း အမုန်းပွားမှုတွေနည်းလာကြသလို ချစ်ခင်မှုတွေ
များလာကြပြီလေ။
ရှစ်ဆယ်စုနှစ်တွေရောက်တဲ့အခါမှာတော့ လူတွေရဲ့ကိုယ်ပိုင်လွတ်လပ်မှုတွေ၊
ပျော်ရွှင်မှုတွေနှင့်အတူ အရဲစွန့်စားနိုင်ကြတဲ့စိတ်တွေဟာ လူတစ်ဦးချင်းဆီမှာ
တဖြည်းဖြည်းပိုင်ဆိုင်လာကြပြီး စိတ်လှုပ်ရှားစရာတွေ၊ အသစ်အဆန်းတွေနဲ့
ကြုံတွေ့ရလေ့ရှိတာပေါ့။ အဲဒီအချိန်ကစလို့ လူတွေရဲ့ဘဝတွေက သာသာ
ယာယာနဲ့ အကောင်းဆုံးအချိန်ကာလတစ်ခုအနေနဲ့ ရပ်တည်လာကြပြီမဟုတ်လား။
ကိုးဆယ်စုနှစ်တွေမှာ ရာစုနှစ်အစပိုင်းလိုပြန်ဖြစ်လာကြပြီး ရာစုနှစ်တွေက
အရင်လို တဖန်ပြန်လည်ကြလို့ သံသရာတွေဆိုတာ ဘယ်လိုမှ အဆုံးမသတ်
နိုင်သေးဘူးမဟုတ်လားနော်။
အဲဒီတော့ မြေးလိုရာစုနှစ်နှောင်းပိုင်းမှာ မွေးတဲ့သူတွေက လူ့ဘဝကြီးက
ဘယ်လောက်ခက်ခဲလဲဆိုတာ ဘယ်လိုလုပ်နားလည်ဦးမှာလဲနော်။ အဖိုးတို့
ဘဝတစ်လျှောက်လုံးမှာ ကပ်ဘေးတွေ၊ စစ်ပွဲတွေ၊ အမုန်းတရားတွေ၊
ပျက်စီးဆုံးရှုံးမှုတွေကို အများကြီးကြုံတွေ့ခဲ့ရတာပါ။ ဒီအကြောင်းတွေကို
အခုချိန်မှာ မြေးတွေနားလည်ဦးမှာ မဟုတ်ပေမယ့် မြေးတို့ကြီးလာတဲ့
တစ်နေ့ကျရင် အဘိုးပြောခဲ့သမျှတွေကို နားလည်သဘောပေါက်ပါလိမ့်မယ်။
နောက်ပြီးရာစုနှစ်တွေဆိုတာ ဆယ်စုနှစ်တစ်လျှောက်လုံး သာသာယာယာ
ရှိမနေတတ်ပါဘူး။ တစ်ခါတစ်လေမှာ ကိုယ့်ဘက်က အမြင်မပြောင်းသွား
ပေမယ့် တခြားသူဘက်က အမြင်ပြောင်းသွားရင်တော့ ဘဝမှာ အံ့သြစရာ
တွေကို မကြုံချင်ပေမယ့်လည်း ကြုံတက်ရတာမို့လို့ ရာစုနှစ်သံသရာတွေ
ဆိုတာ ဘယ်လိုမှရှောင်လွှဲမရတာ အမှန်ပါပဲ။ အဲဒီလိုကြုံတွေ့နေရတဲ့ အချိန်
မျိုးမှာ ကိုယ်ကအသက်ရှင်နေနိုင်ရုံတင်ကျေနပ်ဖို့ကောင်းနေပြီ။ လောကမှာ
လူတွေက ဘာတွေဖြစ်ဖြစ်၊ ဘာတွေပဲ ပိုင်ဆိုင်နေပါစေ တကယ်တော့
ဒါတွေက တစ်ခဏတာတွေပါပဲ။
Credit
No comments