များများ သိပေးပါ
များများ သိပေးပါ
အိမ်သာထဲမှာ ကျင်ကြီးကျင်ငယ် စွန့်တုန်းမှာ သတိလေးနဲ့ ဉာဏ်လေးနဲ့ သိပြီး နေရမယ်တဲ့။ သတိနဲ့ ဉာဏ်နဲ့ ယှဉ်လာရင် ဝိပဿနာဖြစ်ပြီ။
များများထိုင်နိုင်ဖို့ မလိုပါဘူး။ များများသိဖို့ပဲ လိုတယ်။ ပက်လက်ပဲ အိပ်အိပ် ပက်လက် ထိုင်ခုံပေါ်မှာပဲ ထိုင်ထိုင် … အဲလို အိပ်ရက်ကလေးနဲ့ပဲ ကိုယ့် ခန္ဓာကိုယ်မှာ ဖြစ်နေတာ ကိုယ့်စိတ်မှာ ဖြစ်နေတာကို သိနေရင် ပြီးတာပဲ။
အိမ်သာထဲမှာ ကျင်ကြီးကျင်ငယ် စွန့်တုန်းမှာ သတိလေးနဲ့ ဉာဏ်လေးနဲ့ သိပြီး နေရမယ်တဲ့။ သတိနဲ့ ဉာဏ်နဲ့ ယှဉ်လာရင် ဝိပဿနာဖြစ်ပြီ။
အဲဒီတော့ အိမ်သာထဲမှာထိုင်နေတုန်း တရားအားထုတ်ကြည့်ပါ။ ရတယ်။ အဲဒီအချိန်မှာ အဲဒါမလုပ်ရင် ဘာလုပ်မလဲ။ တွေးမိတွေးရာတွေ တွေးနေမှာ။ အဲဒီတော့ ဘယ်လိုနေရာမှာ ဘယ်လိုပဲနေနေ ကိုယ့်စိတ်က ကိုယ့်ခန္ဓာမှာ ရှိဖို့ လိုတယ်။ ကိုယ့်စိတ်က ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ ရုပ်တရား နာမ်တရား ရဲ့ သဘာဝကိုသိဖို့ အရေးအကြီးဆုံးပဲ။
ကျန်းမာရေးကြောင့် ပက်လက်အိပ်နေရတာဆိုရင် အဲဒီလို ပက်လက်လေး အိပ်နေရင်းနဲ့ တရားအားထုတ်လို ့ရပါတယ်။ ပက်လက်အိပ်ရက် နာရီဝက်ထိုင်ရက် နာရီဝက်ဆို နည်းတာမဟုတ်ဘူး။ ပုံစံအမျိုးမျိုးနဲ့ အားထုတ်လို့ရပါတယ်။ သိဖို့ အဓိကထားပါ။ တရားအားထုတ်တာနဲ့ ပတ်သက်ပြီးတော့သိပ်လောဘကြီးလို့ မရဘူး။ လုပ်တိုင်းလည်း မဖြစ်ဘူး။ မှန်မှန်ပဲ လုပ်သွားနေပါ။
အခု လုပ်နိုင်သလောက် လုပ်ပါ။ အခြေအနေ ပိုပေးရင် ပိုလုပ်ပါ။ သူများတွေ ဘယ်လောက် လုပ်နေတယ် ဆိုတာတွေ ခေါင်းထဲ ထည့်မထားပါနဲ့။ သူတို့ အခြေအနေပေးလို့ သူတို့လုပ်နိုင်တာ ဝမ်းသာတဲ့စိတ်တော့ ထားပါ။ ငါ သူတို့လို မလုပ်နိုင်ပါလားလို့တော့ စိတ်ပျက်မသွားပါနဲ့။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
No comments