အကြည်တော် ၊ သူခိုး အပိုင်း (၁၃)
ဝါဆိုလဗျ။ မိုးက စပ်စပ်ရွာပြီ။ မြေသင်းနံ့ထုံပြီ။ ဒီလိုလမှာ ဝါဆိုပန်းခူးပွဲရှိတယ်။ သိတယ်မဟုတ်လား။ ကိုယ့်ဆီမှာကလည်း ဆယ့်နှစ်လရာသီလုံး ပွဲရှိတာလေ။ ဒါပေမယ့် ဒီဘက် တောရွာတွေမှာက ဝါဆိုပန်းခူးပွဲ ဆိုတာ အထင်ကရပွဲပဲ။ ။ ဝါဆိုပန်းခူးပွဲဆိုတာ ရွာတိုင်းမှာလုပ်တာရယ်တော့ မဟုတ်ဘူး။ ဒီနယ်တစ်ဝိုက်မှာတော့ အရှေ့သစ်ပင်လှန့်ရေလွှဲကြီးရွာ ကြားမှာရှိတဲ့ ဖိုးပြန်တောင်ထိပ်က ဇိနအောင်မြင်ဘုရားမှာ။ အမှန်တော့ ဖိုးပြန်တောင်ဆိုတာ တောင်မြင့်မြင့်မတ်မတ်ကြီး။ အဲ့ဒီတောင်ထိပ်မှာမှ ဇိန အောင်မြင်ဘုရားဆိုတာ တစ်ဆူ တည်းရှိတာ။ ပြောရမယ်ဆို စေတီပေါ့။
ပြောကြတာတော့ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆိုတဲ့ အလောင်းစည်သူမင်းက တည်ခဲ့တယ်ဆိုလား။
ပြောရဦးမယ်ဗျ။ ဟုတ်မဟုတ်တော့ မသိဘူး။ ဒီရွာတွေက ဘာမှ သာမဟုတ်တာ။ သူ့သမိုင်းနဲ့သူချည်းပဲ။ ရေလွှဲကြီးရွာကလည်း အရင်ကတော့ တမံကြီးပေါ်မှာ ရှိတယ်ဆို လား။ အဲ့ဒီမှာ အလောင်းစည်သူမင်းက ဒီဘက်ကြွလာရင်းသူ့လေ့ သွားစရာရေ မရှိတော့ဘူး။ ဒါနဲ့ပဲ အဲ့ဒီဘက်ကို လက်ညှိုးထိုးလိုက် တာ ဘုရင့်ဘုန်းတန်ခိုးကြောင့် တမံထဲက ရေတွေ မနေနိုင်ဘဲ တ ဝေါဝေါနဲ့ဆင်းလာရတယ်ဆိုလားပဲ။ ။ အမှန်တော့ တမံကို တစ်ယောက်ယောက် သွားဖောက်လိုက်တာနေ မှာ။ လက်ညှိုးညွှန်ရာရေဖြစ်ရင် သူ့မိန်းမ အရင်ရေနစ်သေမှာ။ မသေတောင် သူ့မိန်းမခမျာ ရေထဲက တက်ရမှာတောင် မဟုတ်ဘူး ရယ်။ တစ်ချိန်လုံး ပေါလောပေါလောနဲ့နေမှာ။ ဒါပေမယ့် လူတွေက ယုံကြတာပဲ။ ဘုရင်လက်ညှိုးထိုးလိုက်လို့ တမံထဲကရေတွေ တဝေါဝေါနဲ့ လွှဲလွှဲ ပြီးဆင်းလာလို့ အဲ့ဒီရွာနာမည် ရေလွှဲကြီးတဲ့။ အဲ့ဒီဘုရင်ကပ် ဒီနေရာဟာ သူသနာထွန်းကားမယ့်နေရာမို့ ဖိုးပြန် တောင်ပေါ်တက်ပြီး ခုပြောတဲ့ ဇိနအောင်မြင်ဘုရားတည်ခဲ့တာဆို လား။ ဖိုးပြန်တောင်ဆိုတာကလည်း တောင်ကြီးကမတ်လွန်းလို့ အသက်အရွယ်ကြီးတဲ့ အဘိုးကြီးတွေ မတတ်နိုင်ဘဲ လှည့်ပြန်ရလို့ ဖိုးပြန်တောင်လို့ အမည်ပေးထားတာ။ အဲ့ဒီတောင်ရဲ့ ထိပ်မှာမှ ဇိနအောင်မြင်ဘုရားတည်ခဲ့တာ။ စဉ်းစားကြည့်တယ်။ "ဒီနေရာမှာ ဘုရားတည်မယ်" ဆိုတာကို ဘုရင် ဘယ်လိုညွှန်ပြခဲ့လဲမသိဘူး။
"ဒီနေရာမှာ ဘုရားတည်မယ်" ဆိုပြီး လက်ညှိုးညွှန်ပြရင် ရေထွက်မှာလေ။ ဒီတော့ "ဒီနေရာမှာ ဘုရားတည်မယ်" ဆိုတာကို မေးပဲဆတ်ပြခဲ့ပုံပေါ်တယ်။ ပြောမရဘူး။ မေးစေ့နဲ့
တောင် ပန္နက်ရိုက်ချင်ရိုက်ခဲ့မှာ။ ထားပါ။ " အိုးလေးအိုးကတော့ နရသီဟပတေ့မင်းကြောင့် ဖြစ်တဲ့ရွာဆိုပဲ။ နရသီဟပတေ့မင်း တရုတ်တွေလိုက်လို့ ထွက်ပြေးရင်း ဒီနား
ရောက်လာသတဲ့။ အရိပ်အာဝါသကောင်းတဲ့နေရာ လှေရပ်ရင်း ပွဲတော်တည်မယ်ကြံတော့ ဟင်းခွက်လေးရာပြည့်မှ စားတတ် တဲ့ နရသီဟပတေ့အတွက် ချက်စရာအိုးကအလုံအလောက်ပါမ လာဘူး။ ဘယ်ပါမလဲ ကမန်းကတန်း ထွက်ပြေးခဲ့ရတာကို။ အဲ့ဒါနဲ့စေ့စေ့ပေါက်ပေါက်ရှာတော့ အိုးကြီးလေးအိုးတွေ့သတဲ့။ မတတ်သာတဲ့အဆုံး အဲဒီအိုးလေးအိုးနဲ့ တစ်အိုးကို ဟင်းခွက်တစ် ရာနှုန်းနဲ့ လေးအိုးချက်သွားတာကို အစွဲပြုပြီး ရွာကိုနာမည်ပေး ထားတယ်။ “အိုးလေးအိုး” တဲ့။
တော်သေးတယ်။ ဘုရင်က ထမင်းပဲစားပြီး အီးပါမသွားလို့။ တကယ်လို့ ဘုရင်သာ အီးပါသွားရင် ဒီရွာနာမည်က “အီးလေးပုံ” လည်း ဖြစ်နေနိုင်တယ်။ အဲ့ဒီကမှ ပါလာတဲ့ မင်းသားတစ်ပါးဟာ ဒိုးကစားရင်း ပစ်လိုက် အတော်ဝေးဝေးမှာ သွားကျလို့ အဲဒီရွာနာမည်ကို “ဒိုးကျ”တဲ့။ ကဲ .. စစ်ရှုံးလို့ ထွက်ပြေးနေရပါတယ်ဆိုမှ ဒိုးဆော့ပြီး ကမြင်းနိုင်သေး တဲ့မင်းသား ဒီခေတ်မှာဆို ပါးချည်းလှိမ့်ချရမှာ။ ရှိသေးတယ်။ ဟိုးဖက်မှာ ကျန်စစ်သားနဲ့ ပတ်သက်တဲ့ရွာတွေ ရှိသေးတယ်။ အများကြီး။ နောက်မှပြောပြမယ်။ ဘုရင်တွေဘယ်လောက် ဆတ်ဆော့ခဲ့လဲဆိုတာ။ ပြောပြီးသားပါ။ ဖိုးပြန်တောင်ဆိုတာ သစ်ပင်လှနဲ့ ရေလွှဲကြီး ကြားမှာ ရှိတာဗျ။ ရှိတာကလည်း စည်စည်ကားကားမဟုတ်ဘူး။ ခါတိုင်းအချိန်ဆို ဘယ်သူမှ မသွားလို့ တောကြီးကိုဖြစ်လို့။ အဲ .. ဝါဆိုပန်းခူး အချိန်
ရောက်ရင်တော့ ဂေါပကနဲ့ ရွာသားတချို့ ဘုရားတက်တဲ့လမ်းကို ခုတ်ထွင်ပြင်ဆင်ကြတယ်။ ပြီးတော့ အလှူခံတယ်။ “ဇိနအောင်မြင် သမိုင်းဝင်စေတီကြီးပြုပြင်ဖို့” ( တစ်ခါမှလည်း ပြင်တယ်ဆင်တယ်ရယ် မရှိပါဘူး။ ထုံးသင်္ကန်း | ကပ်တာတောင် ငါးနှစ်မှတစ်ခါလောက်ရယ်။ ဒါပေမယ့်အလှူခံက အမြဲရှိတယ်။ ထားပါ။ ဝါဆိုပန်းခူးပွဲဆိုတာက ဝါဆိုလပြည့်နေ့နဲ့ အဖိတ်နေ့မှာ ကျင်းပ
လေ့ရှိတယ်။ ဘယ်လောက်စည်ကားသလဲဆို ရွာနီးချုပ်စပ်က အပျိုလူပျို အားလုံး ပန်းခူးပြီး ဘုရားပေါ်တက် ပန်းကပ်ကြတာ။ ပန်းကပ်တာက ဘယ်အချိန်လဲ သိလား။ညဖက်ကြီးဗျ။ ညကိုမှ အတော်မှောင်မှ ဘုရားတက်ပန်းကပ်ကြတာ။ ပြောကြတာတော့ နေ့ခင်းပိုင်းက ပူလို့ ဖိုးပြန်တောင်က မတ်လွန်း အားကြီးလွန်းလို့ လူတွေ မတက်နိုင်ကြလို့ဆိုပဲ။ ဟုတ်ရင်လဲ ဟုတ်မှာပေါ့။ ဒါပေမယ့် သိထားတာတော့ ညဖက် မှောင်မှ တောင်ပေါ်ကြိတ်ကြိတ်တိုးတက်ရတော့ ယောကျာ်းတွေ က အသားယူတာဗျ။ ဘယ်သူရယ်ဘာရယ်မဟုတ်ဘူး။ ညဘက် လူတွေကြိတ်ကြိတ်တိုး တောင်ပေါ်တက်ကြတော့ အယုတ်အမြတ် အလတ်မရွေးဘူး၊ ကောင်မလေးဆို “ဖတ် ဖတ်ဖတ်” နဲ့မှီရာနေရာ
တွေ လျှောက်ကိုင်သွားတာ။ မိန်းမတွေက မသိဘူးလားဆို သိတယ်။ ဒါကြောင့် ဝါဆိုပန်းခူး ရက် ဘုရားပေါ်တက်ရင် အပ်ဆောင်သွားကြတယ်။ ကိုယ့်ကိုလာ ထိရင် အပ်နဲ့ထိုး။ အဲသည်လိုမျိုး။ ဒါဟာ ဖိုးပြန်တောင်ရဲ့ ထင်ရှားတဲ့လက္ခဏာပဲ။
ဘယ်သူမှလဲ ဂုဏ်ငယ်တယ် မထင်ကြဘူး။ | အံမယ်။ တချို့ကာလသားတွေဆို ပြိုင်တောင်ပြိုင်လိုက်သေး။ “ဒီနှစ် မင်းလက်ဖမိုးမှာ အပ်ရာ ဘယ်နေရာ” “အေး ငါက လေးဆယ့်နှစ်နေရာ" “ဟားဟား ငါက ခြောက်ဆယ့်သုံးနေရာကွ” အပ်ပေါက်ရာများလေ အကိုင်အတွယ်များခဲ့လေကိုး။ ငပိန်ကိုတော့ မမီပါဘူး။ အစကတည်းက လက်သွက်ပြီးသား
ဦးအိုကို သက်သာပါတယ်။
ဒါကို မိန်းကလေးတွေက မသိဘူးလားမေးမယ်။ | သိတယ်။ ဒါကလည်း ကြာပြီဆိုတော့ ဓလေ့လိုတောင် ဖြစ်နေ ပြီလေ။ “ဒီကိုသွားရင် ဒီလိုကြုံမယ်၊ ဒီလိုကြုံရင် ဒီလိုထိုးမယ်"
အကိုင်မခံရရင် ဘယ်လောက်ထိလဲဆို အဲ့သည်လိုမှ | ကွမ်းတောင်ကိုင်ဖြစ်ဖို့ဝေးပြီ။
အချင်းချင်းရန်ဖြစ်ရင်တောင် ဘာပြောတယ်မှတ်လဲ။ "ကောင်မ ရွာမှာကွမ်းတောင်ကိုင် ဖြစ်ချင်တယ်ဟုတ်လား၊ဝါဆို ပန်းခူးသွားတာတောင် ဘယ်သူမှ ဝင်အစမ်းမခံရတဲ့ကောင်မက၊ ဘယ်စမ်းမတုန်း၊ တင်ပါးဆုံက ဆင်းရဲရှာတယ်၊အင်အင်းပါဖို့ လောက် ရှိတာကိုး” သေပြီလေ။ ဘယ်ကာလသားမှ မကြိုက်ဘူးဆိုတဲ့သဘော။ ဒါကြောင့် ဝါဆိုပန်းခူးပွဲကို လူကြီးတွေသွားခဲတယ်။ လူငယ်တွေ | ကတော့ အကြိုက်ပဲ။ အဲပါကညာတို့ ဖိုးဌေးတို့ကတော့ ခြွင်းချက်ပေါ့။ သူတို့က ဘုရားပေါ်တက်တာမဟုတ်ဘူး။ ဘုရားသွားတဲ့လမ်းမှာ တအားကြီးကျဉ်းမြောင်းနေတာတို့၊ မတ်စောက်လွန်းလို့တခြားလူ တွေဆွဲလွဲ မတင်ရင် တက်ရခက်တဲ့နေရာတွေရှိတယ်။ အဲ့လိုနေရာ မျိုးမှာ ပါကညာတို့ ဖိုးဌေးတို့က ညနေစောင်းထဲက နေရာဦးထား
တာ။ မိန်းကလေးတွေလာရင် ကူညီသလိုလို ဘာလိုလိုနဲ့ဆွဲတင် | ပင့်တင်လုပ်တယ်။ သူတို့ကျတော့ အပ်ရာလွတ်တယ်။ ဘာလို့လဲဆိုတော့ ဘော်လန်ဒီ ယာနာဘူးလေ။ ပရဟိတနှာဘူး။ ကူညီသလိုနဲ့ နှာဘူးကျတော့ လည်း ပြောရခက်ပါ။ အံမယ်။ အရင်က သူတို့ဟာသူတို့ ကြိတ်ပြီးဖွဲ့ထားတဲ့ အဖွဲ့တယ်။ "အဖြူထည်နှာဘူးလေးများ သမဂ္ဂ” ပါကညာပါမယ်။ ဖိုးပါမယ်။ သမန်းဝက်ပါမယ်။ လက်တခြမ်း ဘ သန်းပါမယ်။ တခြားရွာသားတွေရောပေါ့။ အဲ့ဒီမှာ ပါကညောက အတွင်းရေးမှူး။ အတွင်းရေးမှူးဆိုတာ တစ်မျိုးမထင်နဲ့ဗျ။ ရှိရှိသမျှ မိန်းမတွေရဲ့ အတွင်းရေးတွေ စုံစမ်းပြီး မူးနေတာ။ သူတို့အဖွဲ့က သန့်တယ်။ သာရေးလည်းမပါဘူး။ နာရေးလည်းမပါ ဘူး။ နှာဘူးသီးသန့်ပဲ။ ဘာအရောင်မှ မရောဘူး။အဖြူထည် နှာဘူး။ နောက်တော့ အဖွဲ့ကပျက်သွားတာ။ သူတို့မိန်းမတွေ သိသွားလို့။ အခုလဲကြည့်လေ။ ဝါဆိုပန်းခူးဆိုတာနဲ့ "လာ သမီးလေး ဦးကိုဆွဲ” "ညီမလေး ကိုကြီးပင့်တင်ပေးမယ်" လုပ်နေတာ။ ကျားအချင်းချင်းကျ ဆောင့်တွန်းလွှတ်လိုက်တာပါ
ပြောရဦးမယ်ဗျ။ အခြားဒေသမှာတော့ မသိဘူး။ ဒီဖက်မှာတော့ ဝါဆိုပန်းဆိုတာ ဝါဆိုလမှာပေါက်တာမှန်သမျှ ဝါဆိုပန်းပဲ။ ခတ္တာရယ်၊ စံပယ်ရယ်၊ ဇီဇဝါရယ် မခွဲဘူး။ ဝါဆိုပန်းခူးရက်ဆို လမ်းဘေးမှာရှိတဲ့ အပွင့်ပါရာ အပင်အားလုံး ချိုးယူသွားကြတာ ပဲ။ ပြီးရင် အဲဒါတွေကို လက်အုပ်ကလေးချီပြီး ဖိုးပြန် တောင်ပေါ် တက်၊ ဇိနအောင်မြင် ဘုရားရောက်ရင် ဘုရားရင်ပြင်မှာချ။ ဘုရား ကန်တော့ပြီးပြန်ကြ။ ဒါပဲ။ ဘယ်ပန်း၊ ဘယ်ပန်းဆိုပြီး သတ်မှတ်ချိုးယူသွားတာ မရှိဘူး။ တချို့ဆို ပိစပ်ရွက်တို့ စူလာနဖာတို့အပြင် မြက်ပင်တွေပါ နတ် သွားတာပါပဲ။ မြက်က အဲ့ဒီအချိန်ဆို မိုးရေရလို့ ပွင့်တယ်လေ။
ညဖက်ပန်းကပ်ပြီးလို့ နေထွက်ရင်ကြည့်လိုက်။ ဘုရားရင်ပြင်ပေါ် ပန်းတွေဖွေးနေတာ။ ဘာပန်းတွေ ဘာတွေလဲတော့ မသိဘူး။ ပြောချင်တာက ဝါဆိုပန်းက အဓိက မကျဘူး။ တောင်ပေါ်တက်တာကမှ 'အသက်' အဲဒီရက်ဆို ရွာနီးချုပ်စပ်က အပျိုလူပျို အားလုံး ဖိုးပြန်တောင် လာပြီး လူလုံးပြကြတာ။
တောင်ခြေကလဲ အဲ့ဒီရက်မျိုးဆို စည်ပေါ့။ ဆယ့်နှစ်ပွဲဈေးသည် တွေလေ။ ကရေကရာ၊ နေကြာကအစ အကြော်စုံဆိုင်၊ မုန့်ကြာစိ၊ သာကူပေါင်း အစုံအစုံရတယ်။ ဒါ့အပြင် ချားရဟတ်တွေ ဒလက် တွေ စီးဦးမလား ရတယ်။ ။ ဆိုလိုချင်တာက ဝါဆိုပန်းခူးပွဲက လူငယ်တွေ ကလေးတွေနဲ့ အရမ်း စည်ကားတဲ့ပွဲတစ်ပွဲပဲပေါ့။ ဒီလိုပွဲမျိုး ငပိန်တို့ကလဲ ဘယ်လက်လွတ်ခံမလဲ။ ခါတိုင်းလို ပွဲဖြစ်ရင် ရွာဝင်ခိုးဖို့ မဟုတ်ဘူး။ ဖိုးပြန်တောင်ပေါ် တက်ကိုတက်တာ။ ဒီလိုနေ့မျိုး ရွာဝင်ခိုးလို့ မရဘူးလေ။ ရွာမှာက လူကြီး တွေက အိမ်စောင့်ကျန်ခဲ့တာကိုး။ တချို့လူကြီးတွေဆို တစ်ညလုံးမအိပ်ဘဲ သားမြေးများအိမ်ပြန်ချိန် စောင့်ကြတာကိုး။ ဒါ့အပြင် ပန်းပွဲမှာလည်း မခိုးရဲဘူး။ ဘာလို့လဲဆိုတော့ လူစုံတယ် သစ်ပင်လှက တီကောင်ရီမောင်တို့ သမန်းဝက်တို့ရှိမယ်။ ဒိုးကျ က ဆို ဦးစံကြီးနဲ့ လက်တစ်ခြမ်းဘသန်းရှိမယ်။ အိုးလေးအိုးက ပါကညာတို့ ဖိုးဌေးတို့ကအစ ဖိုးပြန်တောင်ခြေရောက်နေကြ တာကိုး။ ရုတ်ရုတ်လုပ်ပြီး မိသွားလို့ကတော့ နာပြီသာမှတ်။ နောက်ပြီး လုံခြုံရေးမဏ္ဍပ်မှာကလဲ ထိတ်တုံးချည်း ခြောက်ခုစီ။ ဒီလိုရက်မျိုးမှာတော့ ငပိန် ထိတ်တုံးထဲ မဝင်ချင်သေးဘူး။ လူကြီးတွေကလဲ သူ့ကို သူခိုးဆိုပြီး ပိုပြီးတယ်လေ။ ဒါကြောင့် ဖိုး ပြန်တောင်ခြေကို ခပ်စောစောထဲက ရောက်တာတောင် ချက်အရက်ပုန်းရောင်းတဲ့ ဦးတင်စိုးဆိုင်ကိုရှာ၊ အရက်ပုန်းလေး ပြေးဂလုလိုက်၊ ဆယ့်နှစ်ပွဲဈေးမှာ အကြော်စုံစားလိုက်၊သိပ်မမူး ဘူးထင်ရင် ချားရဟတ်လေး သွားပြီး စီးလိုက်လုပ်နေတာ။ သူ့ သူငယ်ချင်းမောင်စိန်တောင် ပိုးဥနားမသွားဘူး။ ပိန့်ဆီမှာက စားပေါက်ချောင်နေတာလေ။ ဒီလိုနဲ့ ညအမှောင်က တဖြည်းဖြည်းကျကျလာတာပေါ့။
အော်သံကြားရတယ်။ ငပိန်တို့ မလှုပ်သေးဘူး။ မောင်စိန်ကသာ | မရိုးမရွနဲ့
"ဟေ့ကောင် ဟိုမှာ ဘုရားတက်ကြပြီနော်၊ သွားရအောင်" | ဆိုတာကို ငပိန်က မောင်စိန်ကို စေ့စောင်းကြည့်ရင်း
“မင်းက အဲ့ဒါတွေ အမြော်အမြင်မရှိတာ” “ဟင် ဘာဖြစ်လို့” “ဒီအချိန် ပထမဆုံးတက်ရင် ပထမဆုံးအုပ်ပဲ မိမှာလေ။
နောက်ဆုံးမှတက်မှ ရှိရှိသမျှ စမ်းပြီး ပြေးတက်မှ တစ်ယောက်မှ ( မလွတ်မှာ၊ ဟော တက်တဲ့သူတွေရော ပြန်ဆင်းတဲ့တွေရော ကိုယ့် လက်ဗွေရာတွေချည်း ဖြစ်နေရမှာ တွေးစမ်းပါ” ငပိန်က မောင်စိန့်နားထင်ကို လက်ညှိုးနဲ့ထောက်ရင်း ပြောတယ်။ ဒီတော့မှ မောင်စိန်လည်း သဘောပေါက်ဟန်နဲ့ မျက်နှာဝင်း လက်သွားပြီး "ဟာ ဟုတ်တယ်ဟ၊ ဒါမျိုး ငါမစဉ်းစားမိဘူး၊ ဒီလိုတွေးခေါ်နိုင်လို့ မင်းသူခိုးဖြစ်နေတာ”
သော် ကိုယ့်အတွက်ကိုယ်တွေးနိုင်တိုင်း သူခိုးဖြစ်ရင် ကိုယ်ရဖို့ ချည်းတွေးနေသူတွေအားလုံးက ခိုးချင်လို့ တွေးနေကြသူချည်း ဖြစ်နေမှာ။ " ညက နက်လာပြီ။ ဖိုးပြန်တောင်မှာ လူကမည်းနေပြီ။ ဆယ့်နှစ်ပွဲ ဈေးက ကျလေပြီ။ ဒီတော့မှ ငပိန်က ထိုင်နေရာကထပြီး “က် လုပ်ငန်းစဖို့ အချိန်ကျပြီ” မောင်စိန်က ခိုးရယ်တယ်။ ငပိန်က ခြေဖျားလက်ဖျားခါ သွေးပူလေ့ကျင့်ခန်းလုပ်တယ်။ ပြေးနိုင်လွှားနိုင်အောင် ခါးကျော ဆန့်တယ်။ အဆင်သင့်ဖြစ်မှ မြေကြီးပေါ်ကို လက်ထောက်လိုက် တယ်။ "ကဲ စပြေး” ဆိုတဲ့အသံနဲ့အတူ ဖိုးပြန်တောင်ပေါ်နှစ်ယောက်သား ဒုန်းစိုင်းချ သွားတာ။ သူတို့ပြေးသွားတဲ့တလျှောက် "ဖတ် ဖတ်ဖတ်'အသံတွေ
“ဟီဟိ ၊
နဲ့အတူ
"အို အမေ့”
“ဟင် ကဲဟယ်" “ဟ် လိမ်ဆွဲတယ်တော့" | ဆိုတဲ့အသံတွေ စီညံသွားတော့တယ်။ သိတယ်မဟုတ်လား။ ပိန်တို့
က ဒါမျိုးကျသွက်တယ်။ မျက်လုံးကလဲလျင်တော့ တစ်ယောက်ကို လွတ်မသွားဘူး။ ယောကျာ်းတွေတောင် အဆစ်ပါသေး။ ကံဆိုးတဲ့ကောင် ခံရတာ ပဲ။ “ဟာ ငါ့မွေး ဘယ်ကောင်လဲကွ လာစမ်းတာ” " တစ်မျိုးကြီးပဲ” စသည်ဖြင့် အယုတ်အမြတ် အလတ်မရွေးဘူး။ တန်းတူခံရတာဆို
"ဟင် သူများကိုနော်"
ဒါ့အပြင် ပန်းပွဲမှာလည်း မခိုးရဲဘူး။ ဘာလို့လဲဆိုတော့ လူစုံတယ်
လေ။ သစ်ပင်လှက တီကောင်ရီမောင်တို့ သမန်းဝက်တို့ရှိမယ်။ ဒိုးကျ က ဆို ဦးစံကြီးနဲ့လက်တစ်ခြမ်းဘသန်းရှိမယ်။ အိုးလေးအိုးက ပါကညာတို့ ဖိုးတို့ကအစ ဖိုးပြန်တောင်ခြေရောက်နေကြ တာကိုး။ ရုတ်ရုတ်လုပ်ပြီး မိသွားလို့ကတော့ နာပြီသာမှတ်။
နောက်ပြီး လုံခြုံရေးမဏ္ဍပ်မှာကလဲ ထိတ်တုံးချည်း ခြောက်ခုစီ။ ဒီလိုရက်မျိုးမှာတော့ ငပိန် ထိတ်တုံးထဲ မဝင်ချင်သေးဘူး။ လူကြီးတွေကလဲ သူ့ကို သူခိုးဆိုပြီး ပိုပြီးတယ်လေ။ ဒါကြောင့် ဖိုး ပြန်တောင်ခြေကို ခပ်စောစောထဲက ရောက်တာတောင် ချက်အရက်ပုန်းရောင်းတဲ့ ဦးတင်စိုးဆိုင်ကိုရှာ၊ အရက်ပုန်းလေး ပြေးဂလုလိုက်၊ ဆယ့်နှစ်ပွဲဈေးမှာ အကြော်စုံစားလိုက်၊သိပ်မမူး ဘူးထင်ရင် ချားရဟတ်လေး သွားပြီး စီးလိုက်လုပ်နေတာ။ သူ့ သူငယ်ချင်းမောင်စိန်တောင် ပိုးဥနားမသွားဘူး။ ပိန့်ဆီမှာက စားပေါက်ချောင်နေတာလေ။ " ဒီလိုနဲ့ ညအမှောင်က တဖြည်းဖြည်းကျကျလာတာပေါ့။ “ကဲ ဘုရားပေါ်တက်၊ ဝါဆိုပန်းကပ်မယ်ဟေး”
အော်သံကြားရတယ်။ ငပိန်တို့ မလှုပ်သေးဘူး။ မောင်စိန်ကသာ မရိုးမရွနဲ့ "ဟေ့ကောင် ဟိုမှာ ဘုရားတက်ကြပြီနော်၊ သွားရအောင်" ဆိုတာကို ငပိန်က မောင်စိန်ကို စေ့စောင်းကြည့်ရင်း “မင်းက အဲ့ဒါတွေ အမြော်အမြင်မရှိတာ” “ဟင် ဘာဖြစ်လို့” "ဒီအချိန် ပထမဆုံးတက်ရင် ပထမဆုံးအုပ်ပဲ မိမှာလေ။
နောက်ဆုံးမှတက်မှ ရှိရှိသမျှ စမ်းပြီး ပြေးတက်မှ တစ်ယောက်မှ မလွတ်မှာ၊ ဟော တက်တဲ့သူတွေရော ပြန်ဆင်းတဲ့တွေရော ကိုယ့်
ဗတတေချည်း ဖြစ်နေရမှာ တွေးစမ်းပါ" ငပိန်က မောင်စိန့်နားထင်ကို လက်ညှိုးနဲ့ထောက်ရင်း ပြောတယ်။ ဒီတော့မှ မောင်စိန်လည်း သဘောပေါက်ဟန်နဲ့ မျက်နှာဝင်း လက်သွားပြီး “ဟာ ဟုတ်တယ်ဟ၊ ဒါမျိုး ငါမစဉ်းစားမိဘူး၊ ဒီလိုတွေးခေါ်နိုင်လို့ မင်းသူခိုးဖြစ်နေတာ”
သော် ကိုယ့်အတွက်ကိုယ်တွေးနိုင်တိုင်း သူခိုးဖြစ်ရင် ကိုယ်ရဖို့ ချည်းတွေးနေသူတွေအားလုံးက ခိုးချင်လို့ တွေးနေကြသူချည်း ဖြစ်နေမှာ။ ညက နက်လာပြီ။ ဖိုးပြန်တောင်မှာ လူကမည်းနေပြီ။ ဆယ့်နှစ်ပွဲ ဈေးက ကျလေပြီ။ ဒီတော့မှ ငပိန်က ထိုင်နေရာကထပြီး “ကဲ လုပ်ငန်းစဖို့ အချိန်ကျပြီ”
"ဟီဟိ” မောင်စိန်က ခိုးရယ်တယ်။ ငပိန်က ခြေဖျားလက်ဖျားခါ သွေးပူလေ့ကျင့်ခန်းလုပ်တယ်။ ပြေးနိုင်လွှားနိုင်အောင် ခါးကျော ဆန့်တယ်။ အဆင်သင့်ဖြစ်မှ မြေကြီးပေါ်ကို လက်ထောက်လိုက် တယ်။
နဲ့အတူ
“ကဲ စပြေး” | ဆိုတဲ့အသံနဲ့အတူ ဖိုးပြန်တောင်ပေါ်နှစ်ယောက်သား ဒုန်းစိုင်းချ
သွားတာ။ သူတို့ပြေးသွားတဲ့တလျှောက် “ဖတ် ဖတ်ဖတ်'အသံတွေ “အို အမေ့” "ဟင် ကဲဟယ်" “ဟဲ လိမ်ဆွဲတယ်တော့" | ဆိုတဲ့အသံတွေ စီညံသွားတော့တယ်။ သိတယ်မဟုတ်လား။ ပိန်တို့
က ဒါမျိုးကျသွက်တယ်။ မျက်လုံးကလဲလျင်တော့ တစ်ယောက်ကို လွတ်မသွားဘူး။ ယောကျာ်းတွေတောင် အဆစ်ပါသေး။ ကံဆိုးတဲ့ကောင် ခံရတာ jill “ဟာ ငါ့မွေး ဘယ်ကောင်လဲကွ လာစမ်းတာ” " တစ်မျိုးကြီးပဲ” “ဟင် သူများကိုနော်" စသည်ဖြင့် အယုတ်အမြတ် အလတ်မရွေးဘူး။ တန်းတူခံရတာဆို လို့ ဒီဖိုးပြန်တောင်ပဲရှိတာ။ “ဟေ့ကောင် ငပိန်၊ ငါ့ကို ငါ့ကိုစောင့်ဦးဟ၊ ဟောဟဲ ငါမောနေပြီ၊ ဟီး" သူနဲ့အမြဲတွဲနေကျ မောင်စိန်တောင် ငပိန့်ခြေလှမ်းကို မမီဘူး။ ဒီလောက်တိုးကြိတ်နေတဲ့လူတွေကြား ငပိန်ပြေးသွားတာ။ ငါးဖယ်လေး ရွှံ့ညွန်ထဲ တိုးသွားသလိုပဲ။ ငါးဖယ်တိုးဆိုတာ ဒါမျိုး ထင်တယ်။ "ဟဲ့ ပလုတ်တုတ်” “အို လက်ကြမ်းကြီးနဲ့” “အို လက်ကြမ်းကြီးနဲ့” “ဟ ငါက ယောကျာ်းဟ ဘယ်ကောင်လဲ” ငပိန်ကတော့ အလုပ်သဘောအရပ်။ ရိုးရာပျက်မှာစိုးလို့သာစမ်း
သွားပုံပဲ။ မြန်တယ်။ သွက်တယ်။ ဒီကောင်မျိုးသာ အကောက်ခွန် | အရာရှိဆို ဘာမှောင်ခိုမှ လွတ်မယ်မထင်ဘူး။ ဒီလိုစမ်းသွားရင်းနဲ့ “ဟာ ဒါက အတု” "ဒါက အစစ် "
“ဒါက ကလေးအမေ” “ဟင့် ဒါက ယောကျာ်း မှားစမ်းမိပဟ” စသည်ဖြင့် သရုပ်ခွဲသွားသေးတာ။ ဒီကောင့်ကိုသာ ဓာတ်ခွဲခန်းမှာ ထားရင် ပါမောက္ခတန်းဖြစ်မှာ ငပိန်အတွေ။ အစမ်းသပ်က လက်ယဉ်တယ်လေ။ ငပိန်ကတော့ ရိုးရာမပျက်ပဲ။ တဏှာမပါဘူး။ ဖိုးပြန်တောင် အမတ် ကြီးကို ပြေးတက်ပြီး လက်သရမ်းသွားတာ။ “ဒါက မစိန်သောင်း၊ "ဒါက မအေးညွန့်” “ဟာ အဆဲထုကြီး မမြကြည်ကြီး ဘုရားတက်လို့ပါလား” "ဟဲ့ ဘယ်ဖက်လုံးမသားလဲ” ငပိန်အတွက်က ရုပ်ကြည့်စရာမလိုဘူး။ စမ်းလိုက်ယုံနဲ့ ဘယ်သူ ဆိုတာသိတယ်။ အတွေ့အကြုံနဲ့ ဗဟုသုတပေါ့။ ဒီလိုကောင်မျိုး စီးပွားရေး လုပ်ငန်းသာ လွှဲထားရင် အစောထောင်တက်လာမှာ။
ထောင့်စေ့လို့လေ။ ။ ဒီလိုနဲ့ “ဒါက မသောင်းရီ၊ ဒါက မကျင်ဖော့၊ ဟ ဒါက ကိုရင် ကြက်တောဟ” စသည်ဖြင့် မီရာမလွတ်တမ်းလှမ်းဆွဲရင်း တစ်နေရာရောက်မှ သူလှမ်းဆွဲမိတဲ့ အရာတစ်ခုကြောင့် ငပိန်အံ့အားသင့်သွားတယ်။ နှစ်စဉ်ဘုရားတက်နေကျပေမယ့် ဒီဟာကြီး တစ်ခါမှစမ်းဖူးဘူး။ ဘာမှန်း မသိဘူး။ အကြီးကြီး။ အိစိအိစ်ကြီး။ ဒါနဲ့ သိလိုစိတ်နဲ့ အပေါ်ကိုတောင် မပြေးတက်နိုင်ဘဲ နောက်တစ် ခေါက် ထပ်စမ်းလိုက်တယ်။
“ဖုတ်”
“ဖုတ်”
လူကိုမကြည့်သေးဘဲ သူ့ဗဟုသုတ သူပြန်စစ်တယ်။ “အိုးလေးအိုးက ကြင်ကြင်လှိုင်လား၊ သစ်ပင်လှက မထွေးရီလား၊ ဒိုးကျက မတင်စန်းလား” တစ်ခုမှမဟုတ်ဘူး။ ဒါကြီးက ပိုကြီးပြီး ပိုပြီး အိစိအိစိဖြစ်နေ တယ်။ သိလိုသိငြား သူကြည့်သေးတယ်။ အဆီတုံးက တစ် တုံးတခဲကြီး။ မျက်မှောင်ကြုတ်ပြီး ဘယ်လိုမှ စဉ်းစားမရတဲ့အဆုံး မော့ကြည့် လိုက်တော့ “ဟာ" မျက်နှာမြင်တော့ သူလန့်သွားတယ်။ လူကလည်း သွေးဆုတ်သလို ဖြူရော်သွားတယ်။ ပြီးတော့ ပါးစပ်က ဗလုံးဗထွေးနဲ့ အသံထွက်လာတယ်။ “သ သမန်း သမန်းဝက်" | သမန်းဝက်မျက်နှာမြင်တော့ ငပိန် ဆံပင်မွေးပါထောင်သွားတယ်။
သူ ဘဝပျက်ပြီဆိုတာလဲ တွေးမိလိုက်တယ်။ ချွေးတွေလဲ ချက်ချင်း စိမ့်ကျလာတယ်။ ဟုတ်တယ်။ သူစမ်းမိတာ သစ်ပင်လှအနောက်ဖျားက မူးရင်ကြမ်း | လှပါတယ်ဆိုတဲ့ လူမိုက်သမန်းဝက်။ လူက ဝဝကြီးဆိုတော့ အဆီ
တုံးကြီး ဖြစ်နေတာကို။ ဒါကိုမှ ငပိန်သွားစမ်းမိတာ။ သမန်း ဝက်က သူ့ဖင်တစ်တုံး တစ်ခဲကြီးကို အားရပါးရညှစ်ထားတဲ့ ငပိန် ကို တအံ့တဩ ပြန်ကြည့်တယ်။ ငပိန်ကလဲ ကြောက်ပြီးညှစ်ထားတုန်းပဲ။ မလွှတ်သေးဘူး။ သမန်းဝက်က ငပိန့်မျက်နှာကိုကြည့်လိုက်၊ သူ့ဖင်ကို ပြန်ကြည့်
လိုက်ဖြစ်နေတယ်။ သူလဲ တစ်သက်နဲ့တစ်ကိုယ် ဒီလိုမျိုး ( တစ်ခါမှ ပျစ်ပျစ်နှစ်နှစ်ကြီး အစမ်းမခံ ရဘူးလို့ ကြောင်နေတယ်
ထင်တယ်။ နောက်တော့ ဒေါသထွက်ပြီး “သော် မင်းက ငါ့ကိုလာစမ်းတယ် ဟုတ်လား၊ ကဲကွာ” ဆိုပြီး ငပိန်ကို ဂုတ်ကတစ်ချက်၊ ခါးကတစ်ချက်ဆွဲပြီး ဦးခန် ဟိုး အမြင့်ကြီးမြှောက်ပစ်လိုက်တယ်။ “အား” ငပိန် လူတွေကိုကျော်ပြီး လေထဲလွင့်သွားတယ်။ အမှန်တော့ ငပိန်က တကယ့်ပိန်ပိန်သေးသေးလေး။ သမန်းဝက် ဆိုတာက လူကဝဝကြီးနဲ့ဗလကြီး။ အဲ့ဒီဗလကြီးက ဒေါသတကြီး အပေါ်မြှောက်လွှင့်ပစ်လိုက်တာဆိုတော့ စဉ်းစားသာကြည့်။ ဓားခုတ်ကောင်လေး လေပေါ်ပျံသွားသလို လွင့်တက်သွားတာ။ "အား" ငပိန်ရလိုရငြား တံတောင်နှစ်ဖက်ကို နံကြားကပ်ပြီး လက်ဖျား
လေး တွေခတ်ပြီး ယုံကြည့်သေးတယ်။ ခြေနှစ်ဖက်ကိုလဲ ကွေးလို ကဆန့်လိုက် လုပ်ကြည့်တယ်။ ဖားပျံလေး ရေကူးနေသလိုပဲ။ ဒါပေမယ့် မရပါဘူး။ အတော်ကလေး ဝေးဝေးကိုရောက်တော့ အရှိန်က ကုန်ပြီး လူအုပ်ကြားထဲကို အရှိန်နဲ့ ပြန်ကျတာ။ "အား ကယ်ကြပါ ကယ်ကြပါ” ငပိန် လူအုပ်ကြားက လူတစ်ယောက်ကျောပေါ်ပြုတ်ကျ တယ်။ “ဟင် ။ ငပိန်ခြေထောက်က မြေကြီးကိုမထိဘူး။ လူက ပိန်သေးသေး
လေး ဆိုတော့ ဘုန်းကြီးကျောင်းတိုင်များ ဖားပျံလေးကပ်နေတဲ့ အတိုင်းပဲ။ မသိရင် ကျောပိုးအိတ်ကလေး လွယ်ထားသလို။ သူများကျောပေါ်သွားကပ်နေတာ။
“ဖုတ် "
“ဟင်း”
“ကျေး ကျေးဇူးပဲနော် ကျေးဇူး”
ပြောပြီး သူ့ကို ကျောပိုးထားသူကို ကြည့်လိုက်တော့ “ဟာ သေပြီ ဒီတစ်ခါ တကယ်သေပြီ" ဟုတ်တယ်။ သူ့ကို ကျောပေါ်တင်ထားသူက “ပါကညာ ပါကညာကြီး” ဖြစ်ချင်တော့ ပရဟိတနှာဘူးကြီး ပါကညာကလဲ မိန်းကလေးတစ် ယောက်ကို အင်တိုက်အားတိုက် စိတ်လိုလက်ရ ပယ်ပယ်နယ်နယ် တွန်းတင်ပေးနေချိန်ကြီး။ ပရဟိတလုပ်ပြီး စိတ်ချမ်းသာနေချိန် ကြီး။ ။ ငပိန်က ပိန်ပိန်လေးဆိုတော့ သူ့ကျောပေါ်ဖားပျံလေးလိုကပ်နေ တာ။ ပထမတော့ ကျောပေါ်တောက်တဲ့ ပြုတ်ကျတာမှတ်နေတာ။ အသံကြားမှ လူမှန်းသိတယ်။ ။ ပိန် ပါကညာမျက်ခွက်ကြီးမြင်ရောကြောက်အားလန့်အားနဲ့ ပြန် ဆင်းမယ်ကြချိန်မှ “ကိုပိန်လား” ကြားလိုက်ရတဲ့အသံကြောင့်ငပိန် မျက်လုံးပြူးသွားမိတယ်။ ပြီး တော့ ဆံပင်မွေးတွေထောင်ပြီး ပါကညာကျောပေါ်က ဆင်းရမယ့်အစား ပြန်ကုတ်တက်ပြီး “လှ လှမေ” ဟုတ်တယ်။ လှမေ။ သူ့ရဲ့ ချစ်စလိကိုက် လှမေ။ ငပိန်ရဲ့ ချစ်စုတုတုလေး လှမေပါ။ လှမေက သူ့ရဲ့ လက်တကမ်းအကွာ တောင်စောင်းလေးမှာ ရပ်နေ တာ။ ငပိန် စိတ်လွတ်လက်လွတ် ပါကညာကျောပြင်ကို ခွတက်ပြီး "လှ လှမေ ဘယ်လိုလုပ်" သူ့စကားမဆုံးခင် လှမေက မျက်လွှာလေးချပြီး “လှမေ ကိုပိန့်အနှံ့ မှတ်မိတယ်” ဂစ်” ငပိန်အသည်းယားပြီး ပါကညာလက်ရှိ ညှစ်မိသွားတယ်။ ပါကညာလဲ သူ့ကျောပေါ်တက်ခွပြီး ရိုမန့်တွေလာ တစ်နေတော့
ကြောင်နေပုံရတယ်။ ငပိန်က စိတ်လိုလက်ရ ပါကညာရဲ့ ငယ်ထိပ်ကိုပွတ်ပြီး "ကို ကိုပိန်လဲ သတိတွေရနေတာ” "မဟုတ်ဘဲနဲ့” လှမေက ထုံးစံအတိုင်း မျက်လွှာလေးချပြီး ပြောတယ်။ ဒါကို ငပိန် က ရှက်ကိုးရှက်ကန်းနဲ့ပါကညောငယ်ထိပ်ကို လက်ညှိုးနဲ့ ဝိုင်း၊ ငယ်ထိပ်မွေးကို ဆတ်ခနဲဆွဲဖြုတ်ပြီး "တကယ်ပါ လှမေရယ်"" "အလယ်လယ်" ပထမတော့ ပါကညာ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေသေး တယ်။ သူ့ငယ်ထိပ်မွေး အနှတ်ခံရမှ ဒီအရသာကိုမှတ်မိပြီး "ဟင် မင်းက ငါ့အမွေးနတ်ရဲတယ် ဟုတ်လား” ဆိုပြီး ငပိန်ကို နောက်ပြန် ဂုတ်ကဆွဲထုတ်လိုက်တယ်။ ငပိန်က ဓားခုတ်ကောင်လေးလိုပဲ။ ပါကညာလက်ထဲ မြောက်ပြီး ပါလာတယ်။ ။ ပါကညာက ငပိန်ရဲ့ ဂုတ်ကတစ်ချက်၊ ခါးကတစ်ချက်ဆွဲတယ်။ “တွေ့ကြသေးတာပေါ့ကွာ” "အား လုပ် လုပ်ပါဦး” ငပိန်က ကြောက်အားလန့်အားနဲ့အော်တယ်။ ပါကညာ ကတော့ ဂရုမစိုက်တော့ဘူး။ ငပိန်ကို ဂုတ်ကဆွဲထားရာက လွှင့်ပစ် ရင် မဝေးမှာစိုး လို့ထင်တယ်။ စက္ကူပြားတွေပစ်ရင် ဝေးဝေးရောက်
အောင် ဖင်ကို လေမှုတ်သလို ငပိန်ကျောပြင်ကို “ဖူး ဖူးနဲ့ လေနှစ်ချက်မှုတ်တယ်။ ပစ်ထုတ်ရင် ဝေးဝေးရောက်အောင် အရှိန်ယူလွှဲဆသေးတယ်။ စိတ်ကြိုက်အနေအထားရမှ “က် သွားပေရော့ အဝီစိကို” ဆိုပြီး သူ့အားကြီးနဲ့ တောင်အောက်ကို မြှောက်ပစ်ချလိုက်တယ်။ “အား” ငပိန် ကားခန် လေထဲကို လွင့်ပါသွားတယ်။ ခုနကလိုပဲ ကြောက်အားလန့်အားနဲ့ သူပျံကြည့်သေးတယ်။ မရ ဘူး။ ဒါပေမယ့် အတွေ့အကြုံက သင်ပေးတယ်ပြောရမလားပဲ။ ငပိန် ငှက်တွေလို လေထဲ မပျံတတ်ပေမယ့် နည်းနည်းတော့ ဝဲ တက်သွားတယ်။ အံမယ်။ ပျော်တောင်ပျော်သွားသေး။ ဟိုဖက်ဝဲလိုက်၊ ဒီဖက်ဝဲလိုက်နဲ့ နှစ်ချက်လောက်ပဲ ဝဲရပါသေး တယ်။ အချိန်ကုန်တော့ ငပိန် ဖုတ်ခန် အောက်ကို ပြန်ပြုတ်ကျ တယ်။ "အား ကယ်ကြပါဦးဗျို့ " ဒီတစ်ခါတော့ ဘယ်သူ့ပေါ်မှမကျဘဲ မြေကြီးပေါ်တိုက်ရိုက် ဖုတ်ခနဲ ပြုတ်ကျတယ်။ “အောင်မလေး သေပါပြီဗျ" ဒါပေမယ့် ဖိုးပြန်တောင်က အမတ်ကြီးမဟုတ်လား။ မြေကြီးပေါ် ပြုတ်ကျတာတောင် အရှိန်ကမသေဘူး။ ဖုတ်ဖုတ်ဖုတ်နဲ့ ဖင်တစ် ချက် ခေါင်း တစ်ချက် အလုံးလိုက်လေး ထပ်ပြီးလိမ့်ကျသွား တယ်။ "ကယ် ကယ်ကြပါဦးဗျို၊ ကယ်ကြပါဦး” ငပိန် ကြောက်လန့်တကြားအော်သံ။
ဘယ်သူမှ မကယ်ဘူး။ သူလိမ့်လာတာကို ဖယ်ပေးကြတယ်။
တချို့ မလွတ်သူဆို ခုန်တောင်ကျော်သွားသေး။ "အား တစ်ယောက်ယောက်ဆွဲထားပေးကြပါလားဗျာ” ငပိန်ရဲ့ အော်သံ။ ဘယ်သူမှ မဆွဲပေးဘူး။ ဌေးဆို ဘယ်လောက် သောက်ကျင့်ယုတ်လဲဆို သူ့ရှေ့ ငပိန်လိမ့်လာတာ မြင်တော့ အရှိန်သေမှာ စိုးလို့ "အင်းဟာ” ဆိုပြီး ကန်တောင်လွှတ်သေး။
တောင်က အမတ်ကြီးဆိုတော့ ငပိန် တော်ရုံနဲ့ အရှိန်သတ်လို့ မရ ဘူး။ “ကယ်ကြပါဗျို၊ ကယ်ကြပါ၊ ကယ်ကြပါ" အော်လဲ ဘယ်သူမှမကယ်တော့။ ကိုယ့်ဘာသာကိုယ် ကယ်မှ ဖြစ် တော့မယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါကြောင့် လက်ကို ထုတ်ပြီး မီရာ လှမ်းဆွဲလိုက်တယ်။
“ဖုတ်"
“မိပြီကွ”
" ငင့်
ဟုတ်တယ်။ ငပိန် လှမ်းဆွဲလိုက်တော့ မိတယ်။ ဒါပေမယ့် မိတာက အိစိအိစိကြီး။ ငပိန် သိလိုက်ပြီ။ “တောက် သမန်းဝက်ဖင်ကြီး သွားကိုင်မိပြန်ပြီကွာ” သူလှမ်းဆွဲလိုက်တဲ့ ကောက်ရိုးတစ်မျှင်က သမန်းဝက်ဖင်။ ဒီအရာ ကို သူ ဘယ်မေ့မတုန်း။ ခုနကပဲ စမ်းခဲ့ရတာလေ။ အရာကို သူ ဘယ်မေ့မတုန် ခုနကပဲ စမ်းခဲ့ရတာလေ။ သူမော့မကြည့်တော့ဘူး။ ဟိုက ဘယ်လောက်တောင် ဒေါသထွက် နေမယ်မသိဘူး။ သူသိတာက .. ။ သူ့ခန္ဓာကိုယ်က လေထဲ ပြန်မြောက်လာတာ သိတယ်။ သမန်းဝက် က သူ့ကို ဂုတ်က တစ်ချက် ခါးကတစ်ချက်ဆွဲပြီးလေထဲ မြှောက် ထားတာ သိတယ်။ သူ့ခေါင်းက တောင်အောက်ကိုဦးတည်နေ တယ်ဆိုတာ သိတယ်။ ပြီးတော့ ၊ “ကဲကွာ၊ ဒီလောက်စမ်းချင်တဲ့ကောင်” သမန်းဝက်ရဲ့ အံကြိတ်သံ။ ပြီးတော့ သူ ဦးခန် လေထဲမြောက် တက်သွားတယ်။ သူ လေပေါ်မှာတင် အသံကျယ်ကျယ်နဲ့ အော်လိုက်တယ်။ “လှမေရေ၊ ကိုပိန် တောင်ခြေမှာပဲ စောင့်တော့မယ်နော်” ဒီလောက်အားနဲ့ဘယ်ထိရောက်မယ်ဆိုတာ သူခန့်မှန်းနိုင်သွားပြီ။ ငပိန်ခမျာ ငှက်မဟုတ်ငြား “ငှက်သွင်ပျံကြွမတတ်သော်"
ငပိန် လေပေါ်ကရှုခင်းတွေကြည့်သွားတော့တယ် ။ သူ့မျက်စိထဲမှာ အံမယ် ဘုရားပွဲဈေးတောင် တဖြည်းဖြည်း နီးလာပြီ...
အပိုင်း ၁၄ ဆက်ရန်>>>>>
No comments