ချောင်းဆိုး၊ သလိပ်ကပ်၊ လျှာကွဲ၊ လျှာနာ၊ လျှာအဖုအပိန့်ထွက်ခြင်များအတွက် ဆေးဖက်ဝင် ဇော်ဂျီတောင်ဝှေး
ချောင်းဆိုး၊ သလိပ်ကပ်၊ လျှာကွဲ၊ လျှာနာ၊ လျှာအဖုအပိန့်ထွက်ခြင်များအတွက် ဆေးဖက်ဝင် ဇော်ဂျီတောင်ဝှေး
အင်မတန်ကောင်းတဲ့ဆေးပင်ဖြစ်၏။ ချောင်းဆိုးသွေးပါသူ ရင်ကျပ်သူများ ကိုရေစင်အောင်ဆေး ၃ခွက်၁ခွက်ပြုတ်၍ သကြားအနည်းငယ်ထည့်သောက်ရသည်။ အရွက်စိမ်းကိုထောင်းတိုက်၍လည်းရပါသည်။ ၂နှစ်သားအရွယ်ကလေးငယ်မှာချောင်းဆိုး ရင်ကြပ်ပြီးချွဲသလိပ်များထနေ၏။
ထိုအချိန်တွင် တိုင်းရင်း ဆေးဆရာကြီးဦးကြွယ်ကဆေးပင် ကိုပြ၍ ဆေးနည်းရခဲ့ပါသည်။ ကလေးငယ်ညဖက် ချွဲသလိပ်တို့ထ၍တငိုငိုဖြစ်နေစဉ် ဆရာကြီးပြောသည့်အတိုင်းဇော်ဂျီတောင်ဝှေးအရွက်နုကိုညတွင်းချင်းခူး၍ ထောင်းတိုက်တာ နံနက်ပိုင်းချွဲသလိပ်များ အထွေးလိုက်ထွက်လာ ကာသက်သာပျောက်ကင်း ခဲ့သည်။
ချောင်းဆိုးလာသည်နှင့်အရွက်ကို ခူးပြီးပြုတ်တိုက်လိုက်ပါလျှင်လည်းသက်သာ ပျောက်ကင်းပါစေပါသည်။တစ်ခါတစ်ရံ လျှာပေါ်တွင် အဖုအပိန့်ထွက်ခြင်း၊ လျှာကွဲ၊လျှာနာဖြစ်ပါကဇော်ဂျီတောင်ဝှေး ပင်၏အမြစ်အား ကျောက်ပျဉ်တွင် ဆားအနည်း ငယ်လေးထည့်ကာ သွေးပြီး ထိုဆေးရည်ဖြင့် လျှာကိုနှိုက်ပေးခြင်း၊လျှာပေါ်တင်ခြင်းပြုလုပ်ပေး လိုက်ပါ။
ပျောက်ကင်းသက်သာသွားပါမည်။ အူရောင်ခြင်း – ဇော်ဂျီတောင်ဝှေး ပဉ္စ(၅)ပါးအား ရေတစ်ဖလားဖြင့် တစ်ဝက်တင်အောင်ပြုတ်ပါ။ထိုဆေးရည်ကို ထန်း လျှက်(၁၀)သားဖြင့် ရောပြီး ပြုတ်ကျိုပါ။ထို ဆေးရည်အား လက်ဖက်ရည်ပန်းကန်(၁)ခွက် နံနက်ည သောက်ပေးခြင်း ဖြင့် အူရောင်ခြင်းကို လျော့ကျ သက်သာပျောက်ကင်း စေပါသည်။
ဝမ်းပျက်၊ဝမ်းဖေါ၊ဝမ်းကိုက် – ဇော်ဂျီတောင်ဝှေးရွက် နုနုလေးများကိုသုပ်စား ပေးပါ။ဝမ်းနှင့်ပတ်သက်သော ရောဂါများအတွက် အလွန်ကောင်း ပါသည်။ ထိုကြောင့်ဆေးကြိတ် ဇော်ဂျီတို့ ကိုင်သော ဆေးတောင်ဝှေးကဲ့သို့ ဆေးစွမ်းကြီး၍ ဇော်ဂျီတောင် ဝှေးဟုအမည် မှတ်ခဲ့သည်ထင်မိတော့သည်။
No comments