New Artical

ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး လင်းယုန်ငှက်

 

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး  အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည် နေနိုင်ဖို့အတွက် သူတို့ရဲ့အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက်တခုကို ချကြရပါတယ်။ သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ် နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး  အတောင်တွေကလည်း အရမ်းလေးလာပါတယ် အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက် ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။  သူ့မှာရွေးချယ်စရာ  နှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ် တော့ပဲအသေခံမလား။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား။ မစွန့်စားပဲသေရတာထက်စာရင်  စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။ ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး အသိုက်တခုတည်ဆောက်လိုက်ပါတယ် ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။ နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ
ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီးပါးကြာပါတယ်။ ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ် ပြစ်ရပါတယ်။ပြီးတော့ နှုတ်သီး အသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ်။ နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တခုပြီးတခုဆွဲနှုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှသူ့ရဲ့အတောင်တွေကိုတခုပြီးတခုနှုတ်ပစ်ရပြန်ပါတယ်။
အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက ၁၅၀ ပါပဲ ။ အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ ပြန်


လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကိုပြောချင်တာပါ။  တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက် တွေချကြရပါတယ်။ ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက် ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ် ကျွန်တော်တို့ဟာ  အတွေးအခေါ် အသစ်တွေကို လက်ခံချင်စိတ်ရှိတာနဲ့အမျှ  အတွေးခေါ် ဟောင်းတွေကိုစွန့်ပစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေ ဖော်ထုတ်နိုင်ပြီး လှပတဲ့အနာဂတ် အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဉာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား?  လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ  "အတွေးအခေါ် အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကို မစွန့်လွှတ်နိုင်ကြဘူးလား။ မပြောင်းလဲနိုင်ကြဘူးလား။ ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်။
         

မောင်စိန်ဝင်း(ပုတီးကုန်း) စာပေဟောပြောပွဲမှကောက်နုတ်ဖော်ပြချက်

No comments