ဇက်မနာအောင် ဒီလိုနေ
ဇက်မနာအောင် ဒီလိုနေ
ဇက်ခိုင်ခြင်း၊ အုံးလွဲခြင်းစတဲ့ ဝေဒနာတွေကို လူတိုင်းနီးပါး အနည်းနှင့် အများ ခံစားရဖူးမှာပါ။ ခါးနာခြင်းဟာ အဖြစ်များသလို ဇက်နာခြင်း၊ ဇက်ကြောတက်ခြင်းကလည်း အဖြစ်များ၊ အတွေ့ များရတဲ့ ဝေဒနာတစ်ခုပါ။
ဇက်နာခြင်း ကင်းဝေးရအောင် အခုဖော်ပြမဲ့နည်းများကို လိုက်နာကျင့်သုံးပါ။
အိပ်ရာမှနိုးနိုးချင်း ချက်ချင်း ကုန်းရုန်းမထလိုက်ပါနဲ့။ ခေါင်းနဲ့ ဇက်လေ့ကျင့်ခန်းတွေကို ဖြည်းဖြည်း ချင်းလုပ်ပြီး လည်ပင်းအကြောအဆစ်နဲ့ ကြွက်သားတွေကို သွေးပူအောင်ပြုလုပ်ပါ။
အလုပ်စားပွဲပေါ်က ကွန်ပျူတာမှန်ပြားကိုကိုယ်နဲ့ လိုက်ဖက်အောင် အနိမ့်အမြင့်ချိန်ဆပါ။ ကွန်ပျူတာမှန်သားပြင်ရဲ့ အပေါ်ဆုံးဟာ မိမိရဲ့ မျက်စိနဲ့ တစ်တန်းတည်းရှိပါစေ။ စာရိုက်စရာ စာရွက်စာတမ်းများကို စားပွဲပေါ်မှာချပြီး ကြည့်ရိုက်တာထက် ကွန်ပျူတာမှန်သားပြင် ဘေးမှာတပ် ပြီးချိတ်ထားလို့ရအောင်စီစဉ်ပါ။
ဖုန်းပြောချိန်ကြာမယ်ဆိုရင် ဖုန်းပြောလက်ကိုင်ကို ဘယ်တစ်ခါ၊ ညာတစ်ခါ မကြာခဏဘက်ပြောင်းကိုင်ပြီးပြောပါ။
အလွန်လေးတဲ့လက်ဆွဲအိတ်၊ လက်ကိုင်အိတ်တွေကို အချိန်အကြာကြီး ဆွဲမ, သယ်ဆောင်တာ မျိုးမလုပ်ပါနဲ့။
ကားမောင်းနေစဉ်မှာ မတ်မတ်ထိုင်ပြီးမောင်းပါ။
အိပ်တဲ့အခါ လည်ပင်းကိုခုခံပေးပါ။ ခေါင်းအုံးငယ်(သို့) စောင်၊ မျက်နှာသုတ်ပဝါ ထူထူတစ်ထည်ကို ခေါင်းအုံးအောက်မှာ ခံထားပေးပါ။
ဇက်ကြောတက်၊ အုံးလွဲတဲ့အခါ ရေခဲတင်ပေးပါ(သို့)ရေနွေးပုလင်းတင်ပေးပါ။
Credit:
No comments